Skip to main content

ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများ အထွေထွေ ကျန်းမာရေး၊ မိုင် ၂၀ လမ်းလျှောက် စစ်ဆေးမှုများပြုလုပ်

ရန်ကုန် ဇွန် ၁၁

ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများ အထွေထွေကျန်းမာရေး၊ အရောင် ခွဲခြားနိုင်မှု စစ်ဆေးခြင်းနှင့် သုံးဘက်မြင် စစ်ဆေးခြင်းတို့ကို ဇွန် ၁၀ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဘူမိဗေဒဌာနတွင် ဆရာ ဆရာမများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဆရာဝန်အဖွဲ့ ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ကြသည်။

ထို့နောက် ယနေ့တွင် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ရှေ့မှစ၍ မိုင် ၂၀ လမ်းလျှောက် စစ်ဆေးမှုများကိုနံနက်နာရီတွင် စတင်ပြုလုပ်သည်။

အဆိုပါ စစ်ဆေးမှုများတွင် ကျောင်းသား ကျောင်းသူ ၈၂ ဦး စစ်ဆေးမှုခံယူကြသည်။ လမ်းလျှောက်စစ်ဆေးရာတွင် လိုအပ်သည်များကို ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ သင်တန်းရေးရာ ဌာနမှူး၊ ဘူမိဗေဒဌာနမှူးနှင့် ဆရာ ဆရာမများက လိုအပ်သည်များကို စီမံဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်