Skip to main content

အရည်အသွေးပြည့်ဝသည့် မှတ်တမ်းဓာတ်ပုံများကို ရိုက်ကူးတည်းဖြတ်နိုင်စေရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၂၆

ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် က အမှာစကားပြောကြားရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းသာယာမှု၊ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု သင်္ကေတများကို ဖော်ညွှန်းနိုင်စေရန်အတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြိုင်ပွဲကို နှစ်စဉ် ကျင်းပပေးလျက်ရှိကြောင်း၊ ၎င်းမှ မျိုးဆက်သစ် လူငယ်ဓာတ်ပုံပညာရှင်များ နှစ်စဉ်ပေါ်ထွက်လာ သဖြင့် အကျိုးရှိသည့် ဓာတ်ပုံပြိုင်ပွဲ တစ်ခုဖြစ်သကဲ့သို့ ဖန်တီးရိုက်ကူး ပုံဖော်ထားသည့် ပြိုင်ပွဲဝင်ဓာတ်ပုံများမှတစ်ဆင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းလိုသည့် စိတ်ဓာတ်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု စိတ်ဓာတ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းသာယာမှုနှင့် လွတ်လပ်ရေးကို လေးစားတန်ဖိုးထားသည့် စိတ်ဓာတ်များ ဖြစ်ပေါ်စေ ကြောင်း။

ဓာတ်ပုံပညာကို အခြေခံရိုက်ကူးနိုင်သည့်အဆင့်မှ ကျွမ်းကျင်သည့် အဆင့်အထိ ရိုက်ကူး တည်းဖြတ်နိုင်စေရန်နှင့် အရည်အသွေးမြှင့် ဓာတ်ပုံများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် မှတ်တမ်းဓာတ်ပုံများကို ရိုက်ကူးတည်းဖြတ်နိုင်စေရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူး တည်းဖြတ်ခြင်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံရိုက်ကူးနည်း ဘာသာရပ်ပို့ချမှုများကို အလေးထား လိုက်နာသင်ယူပြီးလက်တွေ့ လုပ်ငန်းနယ်ပယ်တွင် ပြန်လည် အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီး ဥပေဒချုပ် ဦးဌေးအောင် က အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့် သင်တန်းအတွက်ငွေကျပ် ၁၀ သိန်းကို ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် စာပေဗိမာန်သို့ ရောက်ရှိပြီး စာတည်းများနှင့်တွေ့ဆုံ၍ စာအုပ် စာစောင်ပါ အချက်အလက်များ အနှစ်သာရရှိရှိ ထုတ်ဝေနိုင်ရေးနှင့် သဒ္ဒါ၊ သတ်ပုံနှင့် အရေးအသားများ အမှားအယွင်းမရှိအောင် ဂရုစိုက် ရေးသားတည်းဖြတ်ကြရန် မှာကြားသည်။

ဆက်လက်၍ စာပေဗိမာန် စာကြည့်တိုက်သို့ ဝင်ရောက်ကြည့်ရှုပြီး စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ စာအုပ်များ မပျက်စီး၊ မပျောက်ဆုံးအောင် ဂရုစိုက်ရေး၊ စာငှားသူများ က ပြန်မအပ်သည့် စာအုပ်များကို ဆက်သွယ်ရှာဖွေ၍ ပြန်အပ်ကြစေရန် တိုက်တွန်းတောင်းခံရေး၊ စာဖတ်စာငှားလာသူများ၏ လိုအပ်ချက်၊ အကြံပြုချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးရေးတို့ကို မှာကြားသည်။

ထို့နောက် စာပေဗိမာန်စာအုပ် အရောင်းဆိုင်ကို လှည့်လည်ကြည့်ရှုပြီး စာအုပ်လာရောက် လေ့လာဝယ်ယူသူများ စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးရန်နှင့် ငွေကြေး၊ စာအုပ်စာစောင် စာရင်း များ ကွာဟမှုမရှိရေးကို တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးရန် မှာကြားခဲ့သည်။

သတင်းစဉ်