Oct 01, 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံနှင့် (၄)ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Video Conference စနစ်ဖြင့် ကျင်းပသည်။
Oct 01, 2022
“တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက်နေသူများ အားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင်ဆောင်ရွက်နေခြင်းသည် တိုင်းပြည် သာယာဝပြောခြင်း ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးမြို့ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။
Oct 01, 2022
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာစက်မှုဇုန်နှင့် မန္တလေးစက်မှုဇုန်တို့သို့ သွားရောက်ကာ မိတ္ထီလာခရိုင်နှင့် မန္တလေးစက်မှုဇုန်အတွင်းရှိ အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းညွှန်မှာကြား တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 30, 2022
မေး။ ။ စက်တင်ဘာလ (၃၀) ရက်နေ့မနက်ပိုင်းတွင် ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီနင်းလိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီးအား လွိုင်ကော်လေဆိပ်သို့ဆင်းသက်စဉ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ဖြေကြားထားပါတယ် -
Sep 30, 2022
ဆိုးရွားကြမ်းတမ်းသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်ပြင်းထန်းစွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုပဲ ဖြေကြားထားပါသည်။
Sep 30, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့နှင့် ယနေ့နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ စတုတ္ထနေ့အဖြစ် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ဆွေးနွေးရာတွင်“ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို လည်းကောင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုလည်းကောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) အဖွဲ့ကိုလည်းကောင်း တစ်ဖွဲ့ချင်း သီးခြားစီလက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Sep 30, 2022
NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ ပြုလုပ်လျက်ရှိသည့်အပြင် သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီး ကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
Sep 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
Sep 30, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Sep 30, 2022
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ဆုရရှိခဲ့သော တပ်မတော်မှအားကစားသမားများနှင့် ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
Sep 30, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 30, 2022
၁။ အမေရိကန်ဗဟိုဘဏ်မှ ၎င်း၏မူဝါဒအတိုးနှုန်းကို (၂၁.၉.၂၀၂၂) ရက်နေ့တွင် ၂.၅ ရာခိုင်နှုန်းမှ ၃.၂၅ ရာခိုင်နှုန်းသို့ ထပ်မံတိုးမြှင့်ခဲ့ခြင်းနှင့် အတိုးနှုန်းများ ဆက်လက်မြှင့်တင်နိုင်ဖွယ်ရှိခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ မြင့်တက်လျက်ရှိပြီး အခြားနိုင်ငံခြားငွေမာများဖြစ်သည့် ယူရို၊ ဂျပန် ယန်း၊ ကိုရီးယားဝမ်၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့မှာ တန်ဖိုးများသိသာစွာ ကျဆင်းလျက်ရှိပါသည်။ (၃၁.၃.၂၀၂၂) ရက်နေ့နှင့် (၂၉.၉.၂၀၂၂) ရက်နေ့များရှိ USD Index ကို နှိုင်းယှဉ်ကြည့်ပါက အမေရိကန်ဒေါ်လာမှာ ၁၄ ရာခိုင်နှုန်းတန်ဖိုးမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက အခြားနိုင်ငံခြားငွေမာများ ဖြစ်သည့် ယူရို ၁၄.၇ ရာခိုင်နှုန်း၊ ဂျပန်ယန်း ၁၈.၅ ရာခိုင်နှုန်း၊ ကိုရီးယားဝမ် ၁၈.၂ ရာခိုင်နှုန်း၊ ထိုင်းဘတ် ၁၄.၃ ရာခိုင်နှုန်းနှင့် တရုတ်ယွမ် ၁၂.၈ ရာခိုင်နှုန်း အသီးသီးတန်ဖိုး ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။
Sep 30, 2022
“ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံသို့ နိုင်ငံတကာနှင့်ဒေသတွင်းမှ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေးအတွက် ပြည်တွင်း/ ပြည်ပမှ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ရုပ်သံမီဒီယာများအားဖိတ်ခေါ်၍ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုနေရာများ၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ သဘာဝအလှအပများနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝပုံစံများကို နိုင်ငံတကာမီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် မြှင့်တင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်သောအခါ ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင်တန်းများကို ခရီးစဉ်ဒေသ အသီးသီးအတွက် ဖွင့်လှစ်ပို့ချခြင်းတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Sep 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက်လျက် ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Sep 30, 2022
စမ်းသပ်စိုက်ပျိုးသီးနှံ (၃)မျိုး၏ မျိုးသစ်မျိုးကွဲ (၁၂)မျိုးနှင့် အချက် အလက် စုစည်းတင်ပြထားသော သီးနှံ (၁၃)မျိုး၏ မျိုးသစ်မျိုးကွဲ (၁၆)မျိုး စုစုပေါင်း (၂၈)မျိုးတို့ကို မျိုးသစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်လျက် ရှိသည်။
Sep 30, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေ နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက် ရှိသည်။
Sep 30, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ နှစ်စီးဖြင့် နှာခေါင်းစည်း ၁၁ ဒသမ ၄၈ တန် တင်သွင်းခဲ့ကြောင်း သိရသည်။
