Skip to main content

ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၆

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း များတွင် အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP) အ ကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ Virtual စနစ်ဖြင့် ကျင်းပရာကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်း ၁၂ ခုနှင့် ကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေး၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဦးမောင် မောင်တင့်က ကော်မရှင်အနေ ဖြင့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၇ ခုတွင် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များ ဖွဲ့စည်းထားပြီး CPU များ၏ လုပ်ငန်းများ  အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းတာဝန် (၃) ရပ်နှင့် လုပ်ငန်း အစီအစဉ် (၆) ရပ်တို့ကို ချမှတ်၍ စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း။

CPU ၏ လုပ်ငန်းအစီအစဉ် (၆)ရပ်ပါ ဆဋ္ဌမမြောက်အချက်ကို အကောင်အထည်ဖော် ဆောင် ရွက်မှုအနေဖြင့် ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့အစည်း များ၏ ဝန်ဆောင်မှုရယူကြသည့် ပြည်သူ များထံသို့တယ်လီဖုန်းမှတစ်ဆင့်စာတို (Short Message Service - SMS) ပေးပို့၍ မေးခွန်းများ မေးမြန်းခြင်းဖြင့် ပြည်သူလူထု၏ တုံ့ပြန်မှုများ ရယူနိုင်ရေးအတွက် Shot Code “1111” အသုံးပြု၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက် မှ စတင်ကာ ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၁၃ ခုတွင် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ PFP Web Portal အသုံးပြုနည်းသင်တန်း များကိုလည်း ဆွေးနွေးပို့ချပေး လျက်ရှိကြောင်း။

ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့အစည်း ၁၃ ခုအနေဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်း အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ CPU Account ၄၃ ခု၊ DEO Account ၅၄၀ ဖြင့် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ရက်မှ ယနေ့အထိဝန်ဆောင်မှု ရယူခဲ့သော ပြည်သူ ၁၉၃၉၀ ထံ Short Code – 1111” ဖြင့် SMS များ ပေးပို့၍ မေးမြန်းခဲ့ရာ တုံ့ပြန် အကြံပြုချက်များ ပေးပို့လာသည့် ပြည်သူ ၂၁၃၀ ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနများက ပြည်သူ လူထု၏ တုံ့ပြန်မေးမြန်းအကြံပြု ချက်များနှင့် စပ်လျဉ်း၍ လိုအပ် သည့် ဖြေရှင်းမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း။

အများပြည်သူထံမှ တုံ့ပြန်မှု ရယူခြင်းအစီအစဉ်ကို အသုံးပြု ဆောင်ရွက်ခြင်းဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြောင်း၊ ဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပြည်သူလူထု၏ အကြံပြုချက်နှင့် သဘောထား အမြင်များကို လျင်မြန်စွာသိရှိနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဖြေရှင်းမှုများ ဆောင်ရွက် ပေးနိုင်သဖြင့် အကြံပြုချက်များမှတစ်ဆင့်ဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုကောင်းမွန် အောင် ပြုပြင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်နိုင်စေရေးအတွက် CPU ဖွဲ့စည်းထားပြီး ပြည်သူသို့ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေ သော်လည်း အများပြည်သူထံ မှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ကျန်ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ထပ်မံအသုံးပြုနိုင် ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။

ညှိနှိုင်း အစည်းအဝေးတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်းအစီအစဉ် အသုံးပြုဆောင် ရွက်နေသည့်ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီ အစဉ်အသုံးပြုဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် နည်းပညာဆိုင်ရာ အခက်အခဲများ၊ Short Code *1111” အသုံးပြု၍ ဝန်ဆောင်မှု ရယူသော ပြည်သူများထံသို့ SMS ပေးပို့မေးမြန်းပြီး တုံ့ပြန်မှုရယူရာ တွင် ပြည်သူလူထု၏ တုံ့ပြန် မေးမြန်း အကြံပြုချက်များ အပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် အခြားအကြံပြုလိုသည်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်