Skip to main content

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများ ပေးပို့

နေပြည်တော် ဇူလိုင် ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘော့စနီးယား ဟာဇီဂိုးဗီးနား၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယား၊ ကမ္ဘော ဒီးယား၊ ထိုင်း၊ လာအိုနှင့် စုစုပေါင်း နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန် တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/ အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပေးပို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ပေးပို့သည့် သဝဏ်လွှာ/အကြောင်းကြားစာ၌ အမေရိကန်သည် မြန်မာနှင့် ကုန်သွယ်ရေးတွင် ကုန်သွယ်မှုလိုငွေပြလျက်ရှိသော်လည်း ကုန်သွယ်မှုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျှတမှုရှိသည့် ကုန်သွယ်မှုကို ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း၊ မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သည့် မည်သည့်ပို့ကုန်အမျိုးအစားမဆို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများက အမေရိကန်နိုင်ငံအတွင်း စက်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မှုနှင့် ကုန်သွယ်ခွန်အတွက် ညှိနှိုင်းနိုင်မှုတို့ကို ဖော်ပြထားကြောင်း သတင်းရရှိသည်။

ဆင်ဟွာ