Skip to main content

Jul 03, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၄)မှ ရန်ကုန်-ပဲခူး (၆)လမ်းသွား လမ်းမကြီးနှင့်ချိတ်ဆက်သည့် ညောင်နှစ်ပင်အဝင်လမ်း ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2022

ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 03, 2022

မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် ကျင်းပသည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲကို ပုဂံမြို့၊ နန်းမြင့်မျှော်စင်၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆင့်မြင့်နည်းပညာပေး စံပြစိုက်ကွင်းများ ထူထောင်ဆောင်ရွက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် အထူးလေယာဉ်ဖြင့် ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်၊ သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများ၊ သမဝါယမအသင်းသားများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

မိုးရာသီ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ အခွန်အယူခံခုံအဖွဲ့ရုံး ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဌာနပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းက ဇေယျာသီရိမြို့နယ် အထက(၁) အားကစားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း အမှုထမ်းများနှင့် ဦးစီးဌာနအလိုက် နိုင်ငံ့ဝန်ထမ်း အမျိုးသားဘော်လီဘော အားကစားအသင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် IT Audit ဆိုင်ရာ Data Analysis သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော်သတင်းစာတိုက် ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံများ၏ အဓိပတိ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇအဂ္ဂမဟာမင်္ဂလာဓမ္မဇောတိက (ရွှေကျင်နိကာယသံဃရာဇာ) ဒေါက်တာ အရှင်ဉာဏိဿရ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် အလှူရှင်များ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပသော လုပ်ငန်းဗီဇာနှင့် ကမ္ဘာလှည့်ဗီဇာတို့ဖြင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်တွင် ရုံးအမှတ်(၁)ရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအ ဝေးခန်းမ၌ ကိုဗစ်−၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ဇူလိုင်(၂)ရက်တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် MCRD Co-op Mart အရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနားနှင့် သမဝါယမ လုပ်ငန်းများရှင်သန်ရေး ဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းခြင်းနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးတို့ကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

အလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင်နေပြည်တော်ရှိ ဝန်ကြီးဌာနစုဝေးခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

(၂၃) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး (23rd ASEAN Sub-Committee Meeting on Information, 23rd SCI Meeeting) ကို ဇွန် ၃၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ The HILTON HANOI OPERA ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်