Nov 12, 2025
ဘရာဇီးလ်နိုင်ငံ၏ (၂၀၃) ကြိမ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး နေအိမ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်သည်။
Nov 11, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းတို့သည် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး အဖွဲ့ဝင်နှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသည့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited(GEAA)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Nov 11, 2025
အကြိမ်(၂၀)မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
Nov 11, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ချောက်မြို့နယ်ခန်းမတွင် ခရိုင်နှင့် မြို့နယ်အတွင်းဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ နယ်မြေအေးချမ်းသာယာရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်များအားပညာရည်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
Nov 11, 2025
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဗဟိုလုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 08, 2025
ပုဂ္ဂလိကနှင့် ငှားရမ်း/ ဖက်စပ်/ အကျိုးတူဆောင်ရွက်နေသည့် စက်ရုံများထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် မူဝါဒချမှတ်ရန်နှင့် ဆောင်ရွက်ရမည့်အစီအမံများ ရေးဆွဲရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 08, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ရှိ စွယ်တော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
Nov 08, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 08, 2025
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Nov 08, 2025
ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်ထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) သို့ တက်ရောက်သည်။
Nov 08, 2025
၂၀၂၅ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
Nov 08, 2025
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု၊ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များ အာဟာရဓာတ်ပြည့်ဝစွာ ရရှိနိုင်စေရေး၊ အာဟာရပြည့်ဝပြီး ကျန်းမာစေသော အစားအစာများ စားသုံးတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသော ကျောင်းသား လူငယ်များဖြစ်လာစေရေးရည်မှန်း၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Nov 08, 2025
၂၀၂၅ ခုနှစ် (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 08, 2025
(၁၇) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။
Nov 08, 2025
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၈) နှင့် A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Nov 08, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi နှင့် ဆော်ဒီအာရေဗျ သံအမတ်ကြီး Mr. Saud bin Abdullah Al Subaie တို့ကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
Nov 08, 2025
နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမကဏ္ဍ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အောင်သပြေလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများသို့ မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကော့လှိုက်ကျေးရွာ၌ ကျင်းပသည်။
Nov 08, 2025
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
Nov 08, 2025
ကရင်တိုင်းရင်းသားလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တက်ရောက်သည်။
Nov 08, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်မြို့တွင် ကျင်းပလျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့် ညီလာခံ ၂၀၂၅ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဆက်လက်တက်ရောက်သည်။
