Nov 20, 2025
(၄၉) ကြိမ်မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Nov 20, 2025
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ကြီးမှူး၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ရက်သတ္တပတ်-၂၀၂၅ (Global Entrepreneurship Week 2025) နှင့် ယနေ့တွင် ကျရောက်သော အမျိုးသမီး စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနေ့ - ၂၀၂၅ (Women Entrepreneurship Day 2025) ကို ဂုဏ်ပြုသောအားဖြင့် “အတူတွဲတည်ဆောက်ကြမည်၊ သူမအတွက် ရင်းနှီးမြှုပ်နှံကြစို့” ( Together We Build: Invest in Her) ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
Nov 20, 2025
နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။
Nov 20, 2025
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ငွေကျပ်သိန်း ၁၅၀၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၂၀၀ စုစုပေါင်း ငွေကျပ်သိန်း ၃၅၀ ကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လှူဒါန်းသည်။
Nov 19, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး ဆိုင်းဘုတ်တင်အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း မိန်းဂိတ်ဝ၌ ကျင်းပသည်။
Nov 19, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ဝန်ထမ်းသက်သာအရောင်းဆိုင်” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
Nov 19, 2025
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။
Nov 19, 2025
၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
Nov 19, 2025
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် တရားမဝင် ဝင်/ထွက်သွားလာမှု လျော့နည်းပပျောက်ရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် အဖွဲ့ဝင်များနှင့်အတူ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောလေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။
Nov 19, 2025
အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျင်းပသည်။
Nov 19, 2025
“နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ၏ ခေတ်သစ်တိုးတက်မှုလမ်းကြောင်းသို့ ဦးတည်ခြင်း - စဉ်ဆက်မပြတ်သော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၏ အယူအဆကို ထည့်သွင်းခြင်း” ဒေသတွင်းအဆင့် မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGALLERY ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Nov 19, 2025
နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
Nov 18, 2025
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြီးမှူးကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံဆွေးနွေး ပွဲနှင့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ Wyndham Hotel ၌ ကျင်းပသည်။
Nov 17, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ နှစ်စဉ်ပြုလုပ်သော သက်ကြီးဆရာဝန်ကြီးများ ကျန်းမာရေးစစ်ဆေးကုသမှု ဆောင်ရွက်ခြင်းကို ကြည့်ရှုအားပေးသည်။
Nov 17, 2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 17, 2025
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 17, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 17, 2025
တရုတ်-မြန်မာ (၇၅) နှစ်မြောက် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းအထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်မှု အစီအစဉ်တစ်ရပ်အဖြစ် ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင် ရက်သတ္တပတ်နှင့် တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ နေပြည်တော်ရုပ်ရှင်ရုံ၌ ကျင်းပသည်။
Nov 17, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Nov 16, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ တာဝန်ရှိသူတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်း၊ အလေးမနှင့် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
