Nov 29, 2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Nov 29, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU နှင့် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး H.E. Mr. Yury HORLAU တို့ကို ယမန်နေ့မွန်းလွဲပိုင်းက Jasmine Palace Hotel နေပြည်တော်၌ တွေ့ဆုံသည်။
Nov 29, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၅ စတုတ္ထနေ့ကို ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့တွင် ယနေ့ဆက်လက်ကျင်းပသည်။
Nov 26, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များရရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 26, 2025
၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအခမ်းအနားကို နေပြည်တော် ရုံးအမှတ် ၂၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 26, 2025
နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် အောက်မြန်မာပြည်တွင် အသစ်ဖွင့်လှစ်လိုက်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၏ ပထမနှစ်သင်တန်းများကို စတင်သင်ကြားပို့ချလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက သင်ကြားသင်ယူရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြ သည်။
Nov 26, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၅ (Science Festival 2025) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီ Naypyitaw State Polytechnic University (NSPU) ၌ ဆက်လက်ကျင်းပသည်။
Nov 26, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဖွင့်လှစ်သည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများဆိုင်ရာ လက်တွေ့သုံးစက်ပစ္စည်းပြင်ဆင်ထားရှိမှုများ၊ Woodworking နည်းပညာဌာနရှိ အိမ်တွင်းအလှဆင်နှင့် ပရိဘောဂပစ္စည်းများ လက်တွေ့ထုတ်လုပ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
Nov 26, 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျုံပျော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
Nov 26, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာဆိုဗိမာန် RC သုံးထပ်အဆောက်အအုံတည်ဆောက်နေမှုနှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Nov 26, 2025
မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် တန် ၁၅၀ ဆန်စက်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အကွက်အမှတ် (၅၉၀) ၌ ကျင်းပသည်။
Nov 25, 2025
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားပြီး ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Aureum Palace ဟိုတယ်၌ ကျင်းပသည်။
Nov 25, 2025
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ Myanmar Dihuali Garment Co.,Ltd၊Myanmar Fortress Wealth Garment Co.,Ltd၊ Myanmar Dixinda Garment Co.,Ltd နှင့် Myanmar Hua Da Garment Co.,Ltd အထည်ချုပ်စက်ရုံများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့် ရွေ့လျားဆေးကုသယာဉ်(MMU)ဖြင့် ဆေးကုသဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
Nov 25, 2025
FIFA Football for Schools အစီအစဉ်နှင့် ကျောင်းဘောလုံးပြိုင်ပွဲများအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သည့် လူငယ်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပခဲ့သည်။
Nov 25, 2025
မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 25, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 25, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 25, 2025
၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက်သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
Nov 25, 2025
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော MRTV-4 မှ ရိုက်ကူး/ ထုတ်လုပ်သည့် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများမှ နာမည်ရအနုပညာရှင်များ တက်ရောက်ကြသည်။
