Jun 04, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ရခိုင် ပြည်နယ် စစ်တွေကလေးပြုစုရေးတွင် စောင့်ရှောက် ထားသည့် ကလေးသူငယ် ၁၃ ဦးကို မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုရှိစေရေး အတွက် နေပြည်တော်ကလေး ပြုစုရေးသို့ ပြောင်းရွှေ့စောင့်ရှောက်နိုင်ရန် စီစဉ် ဆောင်ရွက်လျ က်ရှိသည်။
Jun 04, 2023
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြတိုက်(နေပြည်တော်) ရှိ Mini Theatre ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
Jun 04, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co., Ltd. ၏ HDPE (High Density Polyethylene) ပိုက်စက်ရုံနှင့် ထောက်ကြန့်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ အသုံးချသုတေသနဌာန (ထောက်ကြန့်) ဓာတ်ခွဲခန်းနှင့် ရေနံရှာဖွေရေး အသုံးချသုတေသနဌာနလုပ်ငန်းများသို့ သွားရောက် ကြည့်ရှုစစ် ဆေးသည်။
Jun 04, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတခရိုင်ရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြန်ကြားရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်ရုံး ၊ ဇလွန်မြို့နယ်ရုံးနှင့် ဟင်္သာတခရိုင်ရုံးတို့သို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ၎င်းတို့၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေးခဲ့သည်။
Jun 04, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတခရိုင်ရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြန်ကြားရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်ရုံး ၊ ဇလွန်မြို့နယ်ရုံးနှင့် ဟင်္သာတခရိုင်ရုံးတို့သို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ၎င်းတို့၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေးခဲ့သည်။
Jun 04, 2023
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂ ရက်က ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့ Hotel Grand Jade အစည်းအဝေးခန်းမ၌ မြိတ်ခရိုင် ခရီးစဉ်ဒေသအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်နွှယ်လုပ်ကိုင် ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများကို တွေ့ဆုံသည်။
Jun 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်း စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှု၊ ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေး ပစ္စည်းများ တင်ချနေမှု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေး ကုသပေးနေမှုနှင့် မုန်တိုင်း ဒဏ်သင့်ပြည်သူများအား ဆန်များ ထောက်ပံ့ဖြန့်ခွဲ ပေးနေမှုအခြေအနေ များကို လှည့်လည် ကြည့်ရှုသည်။
Jun 04, 2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။ ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အလှူရှင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
Jun 04, 2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။ ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အလှူရှင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
Jun 03, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် သက်တော် (၇၉)နှစ်ပြည့် မွေးနေ့အလှူမင်္ဂလာ ကျင်းပသည့် အလိုတော်ပြည့် ဆရာတော်ကြီးအား ဖူးမြော်ပြီး အမျိုးသားစာပေဆုစိစစ်ရွေးချယ် ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ ညပိုင်းတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်ပူးပေါင်းတင်ဆက်သည့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
Jun 02, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်နေမှု အခြေအနေ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကို လှည့်လည်ကြည့်ရှု အားပေးသည်။
Jun 02, 2023
ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနအဖွဲ့၏ စာတမ်းဖတ်ပွဲအခမ်းအနားကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 02, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးသည်။
Jun 02, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jun 01, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။
Jun 01, 2023
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
Jun 01, 2023
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
May 31, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 31, 2023
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနများမှ အရာထမ်းများအတွက် အင်္ဂလိပ်စာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အမှုထမ်းများအတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမ၌ကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားသည်။
May 31, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၉ ရက်နံနက်ပိုင်းတွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းနှင့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေမှု၊ ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးနေမှုနှင့် ဝန်ထမ်းအိမ်ရာများနှင့် ငွေကောက်ကောင်တာ အဆောက်အဦများတွင် အမိုးသွပ်ပြားများ ပြန်လည်အစားထိုး ပြုပြင်ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
