Skip to main content

Jun 13, 2023

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ စစ်တွေတက္ကသိုလ်သို့ ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရ တိုက်ကျွေးခြင်း စီမံချက်စတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2023

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2023

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် ၁၅ခု၊ ငွေတံဆိပ် ၂၂ ခု၊ ကြေး တံဆိပ် ၁၉ခု ဆွတ်ခူးကာ နိုင်ငံအလိုက် အဆင့်(၆) ရရှိခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ခေါင်းဆောင်သော မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရအားကစားအဖွဲ့သည် ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် ကမ်းနားလမ်းနှင့် ရေတွင်းလမ်းထောင့်ရှိ ဝင်းသူဇာအရောင်းဆိုင်သို့လည်းကောင်း၊ ဆတ်ရိုးကျရပ်ကွက်ရှိ စစ်တွေခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးသို့လည်းကောင်း သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2023

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော ညောင်တုန်း - သာပေါင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိ Valve Station နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)၏ နှစ်ပတ်လည် အကြီးစားပြုပြင်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2023

စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမသို့ရောက်ရှိကြပြီး ခန်းမအမိုးမိုးခြင်းလုပ်ငန်းပြီးစီးမှု၊ မျက်နှာကြက်၊ ပြတင်းတံခါးများ၊ ရေ၊ မီးပြုပြင်ခြင်းလုပ်ငန်းနှင့် ခန်းမအတွင်းပိုင်းဒီဇိုင်းများ ပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံကာဇန်မြို့၌ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ သည် ယမန်နေ့နံနက်ပိုင်းက ယင်းမြို့ရှိ Old Tatar Sloboda သို့ အခြား ဧည့်သည်တော်များနှင့်အတူ သွားရောက်လေ့လာ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်း-မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်ပြီးစီးမှုအခြေ အနေကို ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇွန် ၉ ရက် တွင် ရန်ကုန်မြို့ အင်းစိန်ကြို့ကုန်းရှိ စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေး ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးရာစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ရှိသူများက စိုက်ပျိုးရေးထွက်ကုန်များ ၏ ပိုးသတ်ဆေးဓာတ်ကြွင်းများစစ်ဆေးခြင်း၊ အဆိပ်သတ္တုများစစ်ဆေးခြင်း၊ မှိုအဆိပ်များစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2023

စစ်တွေမြို့၌ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သောစစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ မြေပြင်ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေး ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၄)  ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)သို့ သွားရောက်၍ ယူရီးယား ဓာတ်မြေဩဇာ ထုတ်လုပ်မှုနှင့် စက်လည်ပတ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ် ရေလမ်းကြောင်းအခြေ အနေကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာအမျိုးသားကော်မတီ အဖွဲ့ဝင် ဦးကြည်သာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သည့် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို တာဝန်ရှိသူအားလုံးက မျက်ခြည်မပြတ် လေ့လာမှတ်သားပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များအဖြစ်ခံယူ၍ ကျရာအခန်း ကဏ္ဍများက ကြိုတင်ပြင်ဆင်ခြင်း နှင့် လုပ်ငန်းအကောင်အထည် ဖော်ခြင်းကို ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ယနေ့ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အားကစား လှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆုများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓာတ်ပုံ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် Naypyitaw State Academy သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာ သင်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ ဒုတိယနှစ်ဝက် ပညာသင်ကာလအစကတည်းက အပတ်တကုတ် သင်ယူလေ့လာကြစေလိုကြောင်း၊ ဆရာ ဆရာမများ သင်ကြားသည်ကို နားလည်သည်အထိ သင်ယူမှတ်သားရမည်ဖြစ်သကဲ့သို့ အင်တာနက် နှင့် စာကြည့်တိုက်မှ ဖြည့်စွက်လေ့လာကြရမည်ဖြစ်ကြောင်း၊ ဘဝရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီး ရည်မှန်းချက် ပေါက်မြောက်အောင်ကြိုးစားလျှင် အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာဇန်မြို့ IT Park ၌ ကျင်းပသော “Shaping the Future” ပညာရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါရုံးခွဲ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ် မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင် ညွန့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊  စက်မှုဝန်ကြီးဌာနနှင့်      ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2023

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်