May 26, 2023
(၁၀) ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာ ဂေဟဗေဒ ဆိုင်ရာညီလာခံကို မေ ၂၅ ရက်မှ ၂၆ ရက်အထိ ရုရှားနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံ၍ Hybrid စနစ်ဖြင့် ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ကျင်းပသည့် အဆိုပါ ညီလာခံ၏ “ရေသည် အနာဂတ်၏ အဓိက အရင်းအမြစ်” ဟူသော စားပွဲဝိုင်းဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နိုင်ငံနှင့်အဖွဲ့အစည်း ၂၁ ခုမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ မြို့တော်ဝန်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်သည်။
May 26, 2023
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမနှင့် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးတွင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) ထုတ်ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။
May 26, 2023
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်သည်။
May 26, 2023
(၁၈) ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ (18th Asia Media Summit) တက်ရောက် လျက်ရှိသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာရှပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးရေးအဖွဲ့(AIBD) အဖွဲ့ဝင်နိုင်ငံများမှ ညီလာခံတက်ရောက်လျက်ရှိသည့် နိုင်ငံများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များနှင့်အတူ ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ဘန်လီခရိုင် (Bangli Regency)၊ ကူဘူ (Kubu) မြို့မှ ပန်လီပူရမ် ကျေးရွာ ၊ Bamboo Forest နှင့် ကင်တန်မနီ (Kintamani) ကျေးရွာတို့သို့ သွားရောက်လေ့လာကြသည်။
May 26, 2023
တရုတ် - မြန်မာ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီက နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
May 26, 2023
မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ (လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်သည်။
May 25, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာအတွင်း ပျက်စီးခဲ့မှုကို ပြန်လည်ပြင်ဆင်နိုင်ရေးကြည့်ရှုစစ်ဆေး၍ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
May 25, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်နှင့် မန္တလေး)တို့ ပူးပေါင်းကျင်းပသည့် ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။
May 25, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
May 25, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 25, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နှင့် ယနေ့တွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်းအခြေအနေနှင့် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း၊ ချောက်မြို့အနီးဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေစီးဆင်းမှုနှင့် အောက်ခံကျောက်သားတွေ့ရှိမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 25, 2023
မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ “မဲခေါင်- လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက် မပြတ်သောရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့် ဆွေးနွေးပွဲ”အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
May 25, 2023
ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralong-korn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimala-lakshana ၊ ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေးအသင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍနှင့် ထိုင်းပြည်သူများမှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့် ယာယီတဲများနှင့် အမိုးအကာများ၊ ဆိုလာမီးအိမ်များ၊ ကယ်ဆယ်ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ငါးသေတ္တာများနှင့် အသင့်စားခေါက်ဆွဲခြောက်များ သယ်ဆောင်လာသည့် ထိုင်းတော်ဝင်လေတပ်မှ C - 130 လေယာဉ်နှစ်စင်းသည် မေ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။
May 25, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း လေဘေးသင့်ခဲ့သည့် ဒေသများအနက် စစ်တွေ၊ ရသေ့တောင်၊ မင်းပြား မြို့များတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရွေ့လျားရေသန့်စင်ကားငါးစီးဖြင့်လည်းကောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်များအတွက် life Straw ရေသန့်စက်အလုံး ၅၀ ဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထပ်မံ၍ Life Straw ရေသန့် စက် အလုံး ၆၀ ဖြင့် ဖြန့်ဝေပေးပို့သွားမည်ဖြစ်သည်။
May 25, 2023
(၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (18th Asia Media Summit) ဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)ရှိ Grand Hyatt Hotel မှ Ballroom ၌ ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ပြီး ပါဝင်ဆွေးနွေးကြသည်။
မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲအကြို ညစာစားပွဲ လုပ်ငန်းရှင် ၃၀၀ တက်ရောက်
May 25, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ပူးပေါင်း၍ မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်တွင် မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲ၏ အကြိုညစာစားပွဲ ကို ယနေ့ ညနေ ၆ နာရီခွဲတွင် Horizon Lake View Hotel ၌ ကျင်းပသည်။
May 25, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ပေါက်တော မြို့နယ် ပြန်လည်ထူထောင်ရေးရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
May 25, 2023
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် H.E. Mr .Chen Hai ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 24, 2023
(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီး ညီလာခံ (18th Asia Media Summit) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)ရှိ Grand Hyatt Hotel မှ Ballroom ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ပါဝင်ဆွေးနွေးသည်။
May 23, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိ သူများနှင့်အတူ စစ်တွေမြို့နယ်ရှိ ကံ့ကော်ကျွန်း-ဇော်မတက်-ချောင်းနွယ် ကျေးရွာချင်းဆက်လမ်း ၅/၇မိုင် လမ်းပေါ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၂၆၀ ဒသမ ၉၄၈ သန်းဖြင့် ကွန်ကရစ်လမ်းတစ်မိုင် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၂၉၄ ဒသမ ၇၇၈ သန်းဖြင့် တည်ဆောက်ခဲ့သည့် ဇော်မတက်ချောင်းကူးတံတား ပေ ၁၅၀ ၏ ကြံ့ခိုင် မှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၃၀၇ ဒသမ ၈၇၅ သန်း ဖြင့် ဆက်လက်အကောင်အထည်ဖော်မည့် ကွန်ကရစ်လမ်း အူကြောင်းအခြေအနေကိုလည်း ကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ လမ်းအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်း စိစစ်တွက်ချက်တင်ပြရန် တာဝန်ရှိသူများကို မှာကြားသည်။
