Skip to main content

Aug 23, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဒုတိယဝန်ကြီးဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေနံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်း တက်ရောက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်း သင်တန်းသား/ သင်တန်းသူအား သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 22, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ဩဂုတ် ၂၀ ရက် မွန်းလွဲ ပိုင်းတွင် ယူနန်ပြည်နယ် Qujing Jingkai ခရိုင် Nanhai စက်မှုဇုန်ရှိ Yunnan Runyang century Phobovoltaic Technology ကုမ္ပဏီလီမိတက်မှ တည်ထောင်လျက်ရှိသည့် စွမ်းဆောင်ရည်မြှင့် ဆိုလာဆဲလ်ထုတ်လုပ်မှုလုပ်ငန်းခွင်ကို သွားရောက်လေ့လာသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 22, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ဩဂုတ် ၂၀ ရက် မွန်းလွဲ ပိုင်းတွင် ယူနန်ပြည်နယ် Qujing Jingkai ခရိုင် Nanhai စက်မှုဇုန်ရှိ Yunnan Runyang century Phobovoltaic Technology ကုမ္ပဏီလီမိတက်မှ တည်ထောင်လျက်ရှိသည့် စွမ်းဆောင်ရည်မြှင့် ဆိုလာဆဲလ်ထုတ်လုပ်မှုလုပ်ငန်းခွင်ကို သွားရောက်လေ့လာသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2023

ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေတိုးတက်ရှာဖွေပေးနိုင်ရေးအတွက် ရေသတ္တဝါမွေးမြူထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးလာစေရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဆိပ်ကြီးအရှေ့ရှိ ငါးလုပ်ငန်းဦးစီးဌာန ပုစွန်သားဖောက်စခန်း တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2023

အိုလံပစ်အားကစားနည်းတစ်ခုဖြစ်သည့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး၊ မြင်းစီးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FEI One Star Endurance Qualification Round 1 (ကီလိုမီတာ ၅၀ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ချမ်းမြသာစည်မြို့နယ် မဟာဓမ္မိကာရာမတိုက် မိတ္ထီလာကျောင်းဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယ မဟာထေရ်အရှင်သူမြတ်ကြီး အမှူးပြုသော နိုင်ငံတော်ဩဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် ဂိုဏ်းပေါင်းစုံတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဩဝါဒခံယူသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2023

ကမ္ဘာနှင့်အဝန်း ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်များကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းလာလျက်ရှိသော်လည်း စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရန် ဖြစ်နိုင်စွမ်းရှိသော ရေရရှိရေးလုပ်ငန်းများကို စူးစမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ယမန်နေ့က ဇေယျာသီရိ မြို့နယ် သက်နှင်းအင်းကျေးရွာအနီး ပြွန်သုံးလုံးရှေ့တန်းစခန်းတွင် ရေဆင်းဆည်ရေသောက် ရေအသုံးချသူများအဖွဲ့ (WUG) ခေါင်းဆောင်များနှင့် တွေဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2023

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးလျက်ရှိပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးလျက်ရှိသော စိုက်ပျိုးရေးသိပ္ပံကျောင်း(ပျဉ်းမနား)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်​မောင်အုန်းနှင့်အဖွဲ့သည် ကူမင်းမြို့ရှိ (Yunnan Baiyao) ယူနန်တိုင်းရင်းဆေးစက်ရုံသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်လေ့လာရာ စက်ရုံမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး လိုက်လံရှင်းလင်းပြသသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 20, 2023

စပါးခွံလောင်စာသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစက် (Gasifier) နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 20, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံများမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ ပျဉ်းမနားပင်မ ဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ နေပြည်တော်-၂ ပင်မ ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2023

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ နှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/ သွင်းကုန်ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများ တက်‌‌ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း မြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် Green Lake Hotel ၌ China Media Group နှင့် Phoenix ရုပ်သံဌာနတို့အား လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့်တွေ့ဆုံပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဆိုင်ရာကိစ္စ ရပ်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် အဖွဲ့အား ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2023

တရုတ်နိုင်ငံကူမင်းမြို့၌ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် မဲခေါင်ဒေသနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ယနေ့တွင် ကူမင်းမြို့ရှိယူနန်စိုက်ပျိုးရေးတက္ကသိုလ်၊ လူစစ်ဝမ်နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာတို့ကို သွားရောက်လေ့လာကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2023

တရုတ်နိုင်ငံကူမင်းမြို့၌ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် မဲခေါင်ဒေသနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ယနေ့တွင် ကူမင်းမြို့ရှိယူနန်စိုက်ပျိုးရေးတက္ကသိုလ်၊ လူစစ်ဝမ်နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာတို့ကို သွားရောက်လေ့လာကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chery Holding Group Co.,Ltd Deputy CEO နှင့် Rich Resource International Investment Co.,Ltd Chairman & CEO Mr. Xu Hui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 19, 2023

အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ (၂/၂၀၂၃)အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းတို့ မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်