Skip to main content

Nov 03, 2023

MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းများကို Digital Platform ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်စနစ်ကဲ့သို့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားသည် ဆန်စပါးကဏ္ဍကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအပေါ် ကောင်းသည်ထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်အောင်ဆန်းအားကစားပြိုင်ဝင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

မြန်မာ - ကိုရီးယား ယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် Korea K - Pop အနုပညာနှစ်ခြိုက်သူများ ကြည့်ရှုနားဆင်နိုင်ရန်အတွက် မြန်မာ - ကိုရီးယားမော်ဒန် Musical Show ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက Friday Night Live Show အဖြစ် တင်ဆက်သွားမည်ဖြစ်ရာ ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယားအနုပညာရှင် ခြောက်ဦးနှင့် ပညာရှင်များပါဝင်သည့်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ စာပဒေသာ တတိယဆုရရှိသည့် စာရေးဆရာ နွေကံ့ကော် (မြို့လှ) ၏ “အတွေ့အကြုံအဖုံဖုံ ပြည်ပပညာတော်သင် မှတ်တမ်းစုံ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

မြန်မာနိုင်ငံရှိ ရေထွက်ပစ္စည်းများတွင်ပါဝင်သည့် ဘက်တီးရီးယားပိုးမွှားများ၊ ဓာတုဆေးဝါးဓာတ်ကြွင်းများ၊ သဘာဝတွင်တွေ့ရသော ဓာတုညစ်ညမ်းမှုများနှင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု (Parameter) အသစ်များ တိုးချဲ့နိုင်ရန်အတွက် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေ၍ မိမိတို့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ပြည်ပသင်တန်းအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲတွင် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုင်ဝင်ဘာ ၁ ရက်က ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ် - အာဆီယံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Forum) သို့တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

၁။ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်‌ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖန်တီး၍ ထုတ်ဝေလိုက်သည့်စာတို့အပြင် ယင်းတို့နှင့်အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန်ရှိသည့်အရာ သို့မဟုတ် ပုံအားဖြင့်သော်လည်းကောင်း၊ သဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်းအားဖြင့်သော်လည်းကောင်း စကားလုံးများကိုဖြစ်စေ၊ အတွေးအခေါ်များကိုဖြစ်စေ သိရှိစေနိုင်သည့်အရာများနှင့် သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များကိုဆိုသည်ဟုလည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၁၅ တွင် မည်သူမျှ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံသို့ တက်ရောက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အသစ်ခန့်အပ်ခဲ့သော အင်ဂျင်နီယာဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်ပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သုတေသနသင်တန်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ ကျေးရွာအုပ်စု၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအား ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့တပ်မတော်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Forum) သို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် အာဆီယံ-တရုတ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုဆိုင်ရာဖိုရမ်(၂၀၂၃)သို့ တက်ရောက်ရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

“အစီအစဉ်ထုတ်လွှင့်မှုနည်းဗျူဟာနှင့် Online မှ တိုက်ရိုက် ထုတ်လွှင့်မှုနည်းပညာ” အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Streaming Technologies and Content Strategy) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန် အတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာတွင် ရောဂါကာကွယ်ခြင်း၊ ရောဂါများကို ထိရောက်စွာ ကုသမှုပေးခြင်းတို့အပြင် လူမှုဘဝတိုးတက်စေရေးအတွက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာနှင့် မျက်နှာကွဲလူနာများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2023

မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း အဆိပ်အတောက်ဖြစ်စေသော ညစ်ညမ်းဓာတုပစ္စည်းများပါဝင်မှု ဆန်းစစ်လေ့လာခြင်း (MLC – Toxic)စီမံကိန်း၏ Final Completion Workshop ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ KMA Hotel ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး (၄)ထပ် အားကစားသမားအိပ်ဆောင်နှင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်း တည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2023

ညီလာခံတက်ရောက်သူများသည် ယူရေးရှားဒေသ လုံခြုံရေးအတွက် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းပထဝီနိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များ၊ ယူရေးရှားဒေသအတွင်းရှိ နိုင်ငံများနှင့် ဒေသတွင်းအဖွဲ့အစည်းများအကြား အပြန်အလှန်ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်