Nov 15, 2023
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် “(၉)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာ ယဉ်ကျေးမှုဖိုရမ်”သို့ တက်ရောက်ရန် ယနေ့ ညနေပိုင်းတွင် Myanmar Airway International လေကြောင်းဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
Nov 15, 2023
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ အစည်းအဝေး(၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 15, 2023
SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 15, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်တို့နှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Strand Hotels International Co.,Ltd.တို့ ဖက်စပ်ဆောင်ရွက်နေသော ဟိုတယ်များဖြစ်သည့် ဒဂုံမြို့နယ်ရှိ Hotel G ၊ မရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ်ဟိုတယ် (Inya lake Hotel) များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Nov 14, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက်လျက်ရှိသော ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်းနှင့် ဝင်္ကပါပတ်လမ်း (ဝါးရုံတောလျှောက်လမ်း) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
Nov 14, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ်အဆင့် အရာထမ်းမွမ်းမံသင်တန်းအမှတ်စဉ်(၃/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၄၆)ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 14, 2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးနှင့် သတ္တုတွင်းဦးစီးဌာနရုံးတို့သို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Nov 14, 2023
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နောင်တော်ကြီး စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များတန်ဆောင်း၌ ကျင်းပသည်။
Nov 14, 2023
ဒီနေ့ ရှမ်းမြောက်ဘက်ရယ်၊ လွိုင်ကော်ဘက်၊ ရခိုင်ပြည်နယ်ဘက်၊ ရှမ်းပြည်နယ်အရှေ့မြောက်ဘက်မှာတော့ တာမိုးညဲအရှေ့မြောက်ဘက်လောက်မှာ တိုက်ပွဲများဖြစ်ပွားခဲ့တာရှိပါတယ်။ သိန္နီအခြေအနေကတော့ သိန္နီမြို့မှာရှိနေတဲ့ ဌာနချုပ်အနေနဲ့ သိန္နီမြို့ထဲမှာ ပြန်လည်လုံခြုံမှုရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ လွိုင်ကော်မှာတော့ ဒီမနက် ၈ နာရီလောက်က KNPP နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တာရှိတယ်။
Nov 14, 2023
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များအရ ပြည်သူများအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို ဖော်ဆောင်ပေးနိုင်ရန်၊ လေထုလွှာအတွင်းသို့ ဖန်လုံအိမ်အာနိသင် ထုတ်လွှတ်မှုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနိုင်ရန်နှင့် ပြည်သူများ၏ ကောင်းမွန်သော ကျန်းမာရေးအတွက် လေထုလွှာညစ်ညမ်းမှုလျှော့ချနိုင်စေရန်၊ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ရင်ပေါင်တန်းကာ ပြည်သူများလျှပ်စစ်သုံးယာဉ်များ အဆင်ပြေပြေ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လျှပ်စစ်သုံးယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်သည့် သုတေသနဖွံ့ဖြိုးရေး၊ နည်းပညာပြန့်ပွားရေးနှင့် အရည်အသွေးပြည့်မီသော ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ၁၅-၁၂-၂၀၂၂ ရက်နေ့မှစတင်၍ လျှပ်စစ်သုံးယာဉ် (Electric Vehicle-EV) သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၂ ရက်က အဆိုပါသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းထားမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 14, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒု-ဦးစီးမှူး(စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
Nov 14, 2023
တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online, Mobile Payment ဖြင့် ပေးသွင်းခြင်းနှင့် အွန်လိုင်းကျောင်းဝင်မှတ်ပုံတင်ခြင်း (Online Registration) တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 14, 2023
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးကောင်းမျိုးသန့်လွှမ်းခြုံနိုင်စေရန် ဒေသအသီးသီးရှိ တောင်သူလယ်သမားကိုယ်တိုင် ပူးပေါင်းပါဝင်သော သီးနှံမျိုးများ မျိုးစပ်မွေးမြူရွေးချယ်ခြင်းလုပ်ငန်းများဖွံ့ဖြိုးလာရေးကို အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် ကျင်းပသော တောင်သူများ ကိုယ်တိုင်ပါဝင်ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်းအခမ်းအနား၌ ပြောကြားသည်။
Nov 14, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
Nov 13, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးနေသော ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီးရှိ ဆင်သေချောင်း ယာယီချောင်းပိတ်ဆည် တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး၌ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီရုံး (မန္တလေးရုံးခွဲ) တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Nov 13, 2023
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယ ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိကြသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို သွားရောက်တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားပြီး အားကစားနည်းပြများနှင့် အားကစားသမားများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ကာ အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
Nov 13, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တောင်ငူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေကတော့ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းအထိ ရှမ်းပြည်နယ် အရှေမြောက်ဘက်မှာ ကိုးကန့်ဒေသ ပါစင်ကျော်နားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ရှိပါတယ်၊ တပ်မတော်အနေနဲ့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်တစ်ခုကတော့
