Aug 21, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 21, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိရာ တစ်နေ့တန် ၂၀ ထုတ်လုပ်နိုင်သည့် ထုပ်ပိုးစက္ကူစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်နေမှု၊ စစ်ဆေးပြုပြင်ပြီး စက်ကိရိယာများ စမ်းသပ်လည်ပတ်မောင်းနှင်နေမှု၊ အလိုအလျောက်ထိန်းချုပ်မောင်းနှင်သည့်စနစ်များ စစ်ဆေးပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာအနီး ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး စက်ရုံရိပ်သာခန်းမ၌ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၆/၄ ရှိ Three Red Star ကုမ္ပဏီလီမိတက်၏ ရော်ဘာခြံနှင့် ရော်ဘာ၊ ကော်ဖီတွဲဖက်စိုက်ပျိုးရေးခြံကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများက ရော်ဘာ ဧက ၁၀၀၀ စိုက်ပျိုးထားရှိမှုနှင့် မြေပြန့်ကော်ဖီမျိုး ၁၆၅ ဧက တွဲဖက်စိုက်ပျိုးထားရှိမှု၊ ကော်ဖီအသီး စတင်ဆွတ်ခူးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲ Mr. Sajjad Mohammad Sajid တို့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ မေတ္တာအခါတော်နေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာန/အဖွဲ့ အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက လာအို - မြန်မာချစ်ကြည်ရေးတံတားသို့ ရောက်ရှိကာ မြန်မာ - လာအိုနယ်စပ်ဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ အကြီးအကဲ Mr. Sajjad Mohammad Sajid တို့ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနား တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 20, 2024
မြေဩဇာကော်မတီ၏ (၄၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 19, 2024
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 19, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့် အဆောင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 19, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဓာတုနည်းပညာ သုတေသနဗဟိုဌာနတွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်း(၂၀၂၀)ဖြင့် MSME စားသောက်ကုန်လုပ်ငန်းရှင်များကို သင်တန်းများပေးခြင်း၊ နည်းပညာများကို ပံ့ပိုးလွှဲပြောင်းပေးခြင်းနှင့် ကုန်ကြမ်းပေး-ကုန်ချောယူ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အဆိုပါဌာနရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 19, 2024
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဟံသာဝတီအဝိုင်း၌လည်းကောင်း၊ ဗဟန်းမြို့နယ် ဦးထောင်ဘိုအဝိုင်း၌လည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့၌လည်းကောင်း၊ စမ်းချောင်း မြို့နယ်ပဒုမ္မာကွင်းရှေ့၌လည်းကောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပြည်သူလူထုအသိပညာပေး Bill Board များ စိုက်ထူထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် အသိပညာပေး Bill Board များ ထပ်မံစိုက်ထူထားရှိရေးနှင့် Bill Board များ ခိုင်ခံ့မှုရှိစေရေး စနစ်တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 19, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဧရာဝတီရိပ်သာ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 19, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက် ပိုင်းနည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
