Sep 30, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၌ ရန်ကုန်တိုင်းဒေသကြီးရှိ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Sep 30, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက ကြီးမှူး၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (32nd ASEAN Socio-Cultural Community (ASCC) Council Meeting) သို့ တက်ရောက်ခဲ့သည်။
Sep 30, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Sep 30, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် - ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၊ ပုဗ္ဗသီရိမြို့နယ်-ခါးပြတ်ကျေးရွာရှိ အောင်စည်သာဘုန်းတော်ကြီးကျောင်းနှင့် တပ်ကုန်းမြို့နယ် - ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာနများသို့ သွားရောက်၍ သမားတော်၊ ခွဲစိတ်၊ အရေပြား၊ ကလေး၊ အရိုး၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီးများက ရေဘေးသင့်ပြည်သူများအား ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။
Sep 30, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးအတွင်း ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပြင်ဆင်ရေးမှာကြားသည်။ ရုံးသုံးပစ္စည်းများနှင့် စာအုပ်များအား အချိန်မီရေလွတ်ရာသို့ ရွှေ့ပြောင်းထားနိုင်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
Sep 29, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ညနေပိုင်းက ကျောက်ဆည်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ ရေဘေးသင့်ဝန်ထမ်းများနှင့်လည်းကောင်း၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ရေဘေးသင့်ဝန်ထမ်းများအတွက် ဆန်အိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Sep 29, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အင်းယားမြိုင်လမ်း အလယ်တောရစံပြစာသင်တိုက်အတွင်းရှိ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင်အဖြစ် ဗုဒ္ဓဘာသာဝင် ခုနစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းထားသည့် ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး RC လေးထပ်အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
Sep 29, 2024
(၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ “World Rabies Day” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Sep 29, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ရှိ တိုးဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် QR Code System တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်နှင့် တိုးဂိတ်တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။
Sep 29, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ထားဝယ်လေဆိပ်သို့ရောက်ရှိပြီး ခရီးသည်များ ဆိုက်ရောက်၊ ထွက်ခွာအခြေအနေ၊ လေဆိပ်တွင် အသုံးပြုလျက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ၊ မရှိ၊ လေယာဉ်ပြေးလမ်းမီးအခြေအနေ၊ လေကြောင်းထိန်းမျှော်စင်၏ ဆက်သွယ်ရေးစက်များနှင့် လေကြောင်းထိန်းစနစ်များ ကောင်းမွန်မှု ရှိ၊ မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Sep 29, 2024
လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်အေးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
Sep 29, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက်ရေကြီးခဲ့မှုများကြောင့် ပြတ်တောက်ခဲ့သည့် နေပြည်တော် - တပ်ကုန်း - ပင်လောင်း အဝေးဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေးအတွက် ပြုပြင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Sep 29, 2024
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုသဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သော သီးနှံစိုက်ခင်းများ ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရေကြီးနစ်မြုပ်မှုကင်းလွတ်ဧရိယာများရှိ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာရှိ ရေတင်စက်ရုံ၊ ရေပေးမြောင်း၊ ရေသွင်းမြောင်းများနှင့် ရှားတော၊ ဂွေးပင်နှင့် ရေအေးကျေးရွာများရှိ မိုးစပါးအပါအဝင် သီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
Sep 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေး လူငယ်စွမ်းအားမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Sep 26, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၂၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် China Eastern Airlines လေကြောင်းလိုင်းဖြင့် ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Sep 26, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ ရောက်ရှိခဲ့ပြီး စာကြည့်တိုက်တွင် စာမေးပွဲဖြေဆိုရန်အတွက် ဘာသာရပ်ဆိုင်ရာများ ဖတ်ရှုလေ့လာလျက်ရှိသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရာ စာပေမှတန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများရရှိပုံကို ရှင်းလင်းပြောကြားပြီး စာမေးပွဲကာလပြီးပါက သုတ၊ ရသ စာကောင်းပေမွန်များ ဖတ်ရှုလေ့လာမှုနှုန်းကို မြှင့်တင်ဆောင်ရွက်သွားရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့အကျိုးပြု IT ပညာရှင်လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
Sep 26, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ကျင်းပမည့် (၃၂)ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (32nd ASEAN Socio-Cultural Community (ASCC) Council Meeting)သို့ ပြည်ထောင်စုဝန်ကြီး ကိုယ်စားတက်ရောက်ရန် ယနေ့ညနေပိုင်းတွင် Myanmar Airways Inter-national လေကြောင်းဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားသည်။
Sep 26, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သဲတော- သပြေတောင်းအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်းတာပေါင်များနှင့် ရထာလမ်းတံတားနေရာများကို ကြည့်ရှုစစ်ဆေးသည်။
Sep 26, 2024
ရေဘေးဒဏ်ခံစားခဲ့ရသော မွေးမြူရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ရုံးအမှတ်(၃၆)၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 26, 2024
မြန်မာနိုင်ငံ တက္ကသိုလ်များအနေဖြင့် သင်တန်းအဆင့် (Program Level)နှင့် တက္ကသိုလ်ကျောင်းအဆင့် (Institutional Level) နှစ်ခုစလုံးတွင် အာဆီယံတက္ကသိုလ်ကွန်ရက်၏ အရည်အသွေးအာမခံမှု (AUN-QA) စံနှုန်းသတ်မှတ်ချက်များနှင့် ပြည့်မီကိုက်ညီကြောင်း အသိအမှတ်ပြုမှု(Accreditation) ရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၃)တွင် ကျင်းပသည့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီ (NAQAC)၏ အရည်အသွေးအာမခံမှု(QA)ဆိုင်ရာ ပထမအကြိမ်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
