Skip to main content

တတိယအကြိမ် "သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁)ပွဲတော်" ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တတိယအကြိမ် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၁)ပွဲတော်" ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၌ Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ အဖွင့် အမှာစကား ပြောကြားသည်။

ရှေးဦးစွာ   ဖွင့်ပွဲအခမ်းအနားကို သွေးချင်းတို့ရဲ့ပွဲတော်ဆီ ဂုဏ်ပြုသီချင်းဖြင့် စတင်ဖွင့်လှစ်သည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်တို့က တတိယအကြိမ် "သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်" ကို Virtual စနစ်ဖြင့် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် Video Message  အဖွင့်အမှာစကားကို ဖွင့်လှစ်ပြသသည်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်အမှာစကား အပြည့်အစုံကို သီးခြားဖော်ပြထား ပါသည်။)

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်က  ဝမ်းမြောက်စကားပြောကြားရာတွင် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားအခွင့်အ ရေးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား များ၏ ရိုးရာဓလေ့နှင့် ယဉ်ကျေး မှုများ၊ အနုပညာများ ဖော်ထုတ်ပြသနိုင်ရေး၊ တိုင်းရင်းသားဒေသအသီးသီးတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ အကျိုးပြုမြှင့်တင်နိုင်ရေး၊ မိမိတို့ တိုင်းရင်းသား များ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို တိုင်းရင်းသားများ အချင်းချင်းသာမက အခြား နိုင်ငံများကပါ သိရှိလာစေရေး၊ တောတောင်ရေမြေအလှများ သိရှိလာစေရေး၊ တိုင်းရင်းသားများ၏ ဒေသထုတ်ကုန်များ၊ ရိုးရာအဝတ်အထည်များ စသည် တို့ကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးနိုင်ရေး၊ တိုင်းရင်းသားဒေသများ တွင် အလုပ်အကိုင် အခွင့်အရေးများ ပိုမိုရရှိလာစေရေးနှင့် တိုင်းရင်းသားများ၏ စုစည်းမှု၊ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းစွာအတူ လက်တွဲ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေရန် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ် သည့်အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးသည် အလွန်အရေးကြီးပါ ကြောင်း၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့်သာ မိမိတို့၏ နိုင်ငံကို ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်း ရင်းသားလူမျိုးများသည် မတူကွဲပြားသည့် နောက်ခံသမိုင်းကြောင်းများ ရှိသော် လည်း စုပေါင်းအားဖြင့် တိုင်းပြည်တည်ဆောက်ခဲ့ခြင်းများ ရှိပါကြောင်း၊ ထိုကဲ့သို့ မတူကွဲပြားမှုများကြောင့် အတွေးအမြင် ကွဲပြားခြားနားမှုလည်း ရှိနိုင်ပါကြောင်း။

တိုင်းရင်းသားလူမျိုးများအချင်းချင်း မတူကွဲပြားမှုများကို လေးစားလိုက် နာပြီး အတွေးအမြင် မတူညီမှုများကို ဘေးဖယ်ကာ မိမိတို့ တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ မူဝါဒ၊ ဦးတည်ချက် များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့အချိန် သည် မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်စနစ် ပိုမိုခိုင်မြဲလာစေရေး စုပေါင်းတည် ဆောက်ကြရမည့် အချိန်အခါဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် ခိုင်မြဲမှသာ ဖက်ဒရယ်စနစ်ကို မှန်ကန်စွာ ချဉ်းကပ်ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ထို့ ကြောင့် တိုင်းရင်းသား ပြည်သူများ အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာ လာစေရန် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ တည်ဆောက်နိုင် မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က    ဝမ်းမြောက်စကားပြောကြား ရာတွင် မကြာမီကာလတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျရောက်တော့ မည်ဖြစ်ပါကြောင်း၊ ယခုလို အချိန်အခါ တွင် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပနိုင် ခြင်းအားဖြင့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ အပြန် အလှန် လေးစားမှုများ ရရှိစေမည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားသွေး ချင်းများ၏ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းများကို အပြန်အလှန် သိရှိခြင်းအားဖြင့် မိမိတို့၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးတို့ကို ထိ‌ရောက်စွာ အထောက်အကူ ဖြစ်ပါစေကြောင်းနှင့် မိမိတို့ တိုင်း ရင်း သားများအားလုံး မျှော်မှန်းသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကြီးအား မိမိတို့အားလုံး၏ စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တည်ထောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်က   ဝမ်းမြောက်စကား ပြောကြား ရာတွင် သွေးချင်းတို့ရဲ့ပွဲတော်ဆီ - ၂၀၁၉ ပွဲတော်ကို ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ဦးဆောင်၍လည်း ကောင်း၊ ဒုတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ - ၂၀၂၀ ပွဲတော်ကို ကယားတိုင်းရင်းသား လုပ်ငန်းရှင် များအသင်းက ဦးဆောင်၍လည်းကောင်း ကျိုက္ကဆံကွင်း၌ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ် ကြောင်း၊ ယခုနှစ်တွင် ကရင်တိုင်းရင်းသားများက ဦးဆောင်ရမည်ဖြစ် သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြေပြင်၌ ကျင်းပနိုင်ခြင်းမရှိသည့်အတွက် အစဉ်အလာမပျက် အောင် ရုပ်သံလိုင်းများမှ တစ်ဆင့် Virtual စနစ်ဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း။

ယခုကာလသည် တစ်နိုင်ငံလုံး စီးပွားရေးနှင့် ဘဝရပ်တည်မှုဆိုင်ရာ အခက်အခဲ အမျိုးမျိုးနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားနေရသည့် အချိန်ကာလ ဖြစ်ပါ ကြောင်း၊ ယခု မိမိတို့နိုင်ငံတွင် ဖြစ်နေသည့် အရာအားလုံး မကြာမီ အချိန်တိုအတွင်း ငြိမ်းချမ်းစွာ ပြီးဆုံးပါစေဟု ဆုတောင်းအပ်ပါကြောင်း  ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားများ၏ ဒေသအလှအပနှင့် စိတ်ဝင်စားဖွယ်နေရာ များကို ရိုက်ကူးထားသည့် Video ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သွေးချင်းတို့၏ ပွဲတော်ဆီ ပွဲတော်ကို မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်စေရန်၊  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုး များအချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်ယုံကြည်စွာ ချစ်ခင်ရင်းနှီးမှုများ ရရှိလာ စေ ရန်၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများကို တိုင်းရင်း သားများ အချင်းချင်းသာမက အခြားနိုင်ငံများကပါ  လေ့လာသိရှိနိုင် စေရန်၊ မြန်မာနိုင်ငံ၏ လှပသော တော၊ တောင်၊ ရေ၊ မြေ သဘာဝအလှ တရားများကို သိရှိခံစားနိုင်ကြစေရန်နှင့် မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက် ကောင်းများ စွာဖြင့်   ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ၂၀၁၉ ခုနှစ်မှ  စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပခဲ့သည်။ ယခု  နှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် မြေပြင်တွင် ကျင်းပနိုင်ခြင်းမရှိသည့် အတွက် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။  

(သတင်းစဉ်)