Sep 07, 2024
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်တက္ကသိုလ်များနယ်မြေရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရွှေရတုခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 06, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း မိုးစပါးမျိုးသစ်နှင့် မိုးချည်မျှင်ရှည်ဝါစိုက်ခင်းများ၊ ရေလွှဲဆည်နှင့် ရေလှောင်တမံများ၏ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 06, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သော ဝန်ကြီးဌာနအောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) နှင့် (စစ်ကိုင်း) တို့မှ အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 04, 2024
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 04, 2024
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 04, 2024
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 04, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 01, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 01, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့မွန်းလွဲပိုင်းတွင် ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ယခုနှစ်အတွင်း မိုးရွာသွန်းမှု၊ ရေဝင်ရောက်မှုအခြေအနေများနှင့် နွေသီးနှံစိုက်ပျိုးရန် လျာထားဆောင်ရွက်မှုအခြေအနေများ၊ တမံကြံ့ခိုင်မှုအတွက် စောင့်ကြည့်လေ့လာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 01, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းကျောင်း၏ သင်ကြားသင်ယူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 31, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈) ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 31, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ Gold Emperor Co.,Ltd. ဖိနပ်စက်ရုံနှင့် Universal Apparel Co.,Ltd. အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်းဖိနပ်စက်ရုံနှင့် Sen Yu Clothings Corporation Co.,Ltd. အထည်ချုပ်စက်ရုံတို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 31, 2024
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသင်းပိုင်လယ်ယာများတွင် မိုးစပါးစိုက်ဧက ၅၀၀ မှ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧက ၂၅၀ တွင် ဆင်းသုခနှင့် GW-11 စပါးမျိုးများ မျိုးစပါးထုတ်လုပ်နေမှုကို အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ အသင်းပိုင်ဆန်စက်အား စွမ်းအားပြည့် ကြိတ်ခွဲလည်ပတ်နိုင်ရေး၊ ဒေသနွားမွေးမြူရေးလုပ်ငန်းကို ဆက်လက်တိုးချဲ့မွေးမြူသွားရေး ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ Arbourfield Assessment Center ၌ ဂဟေလုပ်သား Level-1၊ Level-2 အလုပ်အကိုင်အတွက် ဖြေဆိုသူများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရန်ကင်းမြို့နယ်ရှိ Athean Community College တွင် ဟိုတယ်အလုပ်အကိုင်နှင့်ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2024
မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2024
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအစည်းအဝေး (၃/၂၀၂၄) မြန်မာအမျိုးသားဝတ်စုံမှန်နှင့် မြန်မာအမျိုးသမီးဝတ်စုံတို့အား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းနိုင်ရန် မြန်မာအမျိုးသား အမျိုးသမီးဝတ်စုံသတ်မှတ်နိုင်ရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 27, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာတောင်သူများ၏ ဝါစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံ၊ တောင်သူဝင်ငွေနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းနိုင်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ မေးမြန်းဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 27, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဩဂုတ် ၂၄ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိပြီး အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများကို စက်ရုံအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 27, 2024
၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဩဂုတ် ၂၃ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိရာ ဦးစီးဌာနလေးခုမှ အသင်းလေးသင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တို့မှ အသင်းနှစ်သင်း စုစုပေါင်းအသင်း ခြောက်သင်းပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
