Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများ ကြည့်ရှုအားပေး

နေပြည်တော် ဩဂုတ် ၂၆

၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဩဂုတ် ၂၃ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိရာ ဦးစီးဌာနလေးခုမှ အသင်းလေးသင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တို့မှ အသင်းနှစ်သင်း စုစုပေါင်းအသင်း ခြောက်သင်းပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းက ကျင်းပသည့် ပထမအကြိုဗိုလ်လုပွဲပွဲစဉ်ဖြစ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသင်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သော သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အသင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်