Dec 08, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၄ ရက်က လင်းခေးမြို့ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 08, 2024
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပိုင် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 07, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလုပ်ငန်း၊ ဗဟိုပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးမြို့ Art Centre သို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ဆက်လက်ဆောင်ရွက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တည်ဆောက်ရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးကာ ရေရှည်ဆောင်ရွက်ရမည်ဖြစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် အခြေခံလိုအပ်ချက်များ ဆက်လက်တည်ဆောက်ရေးညှိနှိုင်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2024
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ပိုးသတ်ဆေး နည်းပညာကော်မတီအဖွဲ့ ခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော မဲခေါင်-လန်ချန်းဧရိယာ (မြန်မာ၊ ထိုင်းနှင့် တရုတ်) နိုင်ငံအတွင်းရှိ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ဆိုင်ရာ ဓာတ်ခွဲခန်းနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကွန်ရက်တည်ထောင်ခြင်းစီမံကိန်း၏ “အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာသုတေသနညီလာခံ”ကို ယနေ့နံနက်ပိုင်းက နေပြည်တော် MGallery Hotel ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အောင်နိုင်ရေးအလံ၊ အားကစားပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အားကစားအသင်းခေါင်းဆောင်များနှင့် အားကစားမောင်မယ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ (၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ၊ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများ တည်းခိုနေထိုင်မှုနှင့် ဧည့်ခံကျွေးမွေးမှု အဆင်ပြေစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပမည့် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချရန် ပြင်ဆင်နေမှု၊ တည်းခိုရေးစခန်း (ရွာတော်)တွင် ထုတ်ကုန်ပစ္စည်းများ ရောင်းချနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 02, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် အိန္ဒိယနိုင်ငံနယူးဒေလီမြို့ Bharat Mandapam ၌ ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပမည့် (၂၉) ကြိမ်မြောက် အစိုးရ - ပုဂ္ဂ
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 01, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ Indoor Stadium (B)ရုံ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေကြမည့် အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)မှ ကျောင်းသား ကျောင်းသူ ၂၇၀ က ထိုးကွင်းလေးနှင့် ခြင်းခတ်သူ နောက်ခံသီချင်းဖြင့် မြန်မာ့ရိုးရာခြင်းလုံးကို ခြင်းခတ်ကစားကြရင်း နိုင်ငံတော်အလံပုံအပါအဝင် အုပ်စုဖွဲ့ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဟန်ချက်ညီညီ အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 01, 2024
EV Training of Trainers သင်တန်း (၂/၂၀၂၄) ဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အစိုးရ စက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 28, 2024
ပြည်တွင်းပြည်ပခရီးသွားများ သွားလာနေထိုင်သည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 28, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် တည်းခိုရေးစခန်း ရွာတော်သို့ ရောက်ရှိပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်မည့် “ခေတ် ၆ ခေတ်” ယိမ်းအကလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ အားပေး စကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 27, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့အနီးရှိ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 27, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက လှည်းကူးမြို့နယ် အုန်းနှဲကုန်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၃၅) စက်မှုလယ်ယာစခန်း (ထောက်ကြံ့မြို့) ၌ ကျင်းပသည့် ကောက်ရိုးထုံးစက် (Round Baler)၊ ကောက်ရိုးဖြတ်စက် (Rotary Mulcher)၊ မြေဩဇာပက်ဖျန်းစက် (Fertilizer Spreader) သရုပ်ပြပွဲသို့ တက်ရောက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 27, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၏ အထင်ကရခရီးသွားဆွဲဆောင်ရာနေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုပြီး အလှူငွေများ ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 27, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျဲ့ကျင်းပြည်နယ် ဝူကျန်းမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဆက်စပ်အစည်းအဝေး” နှင့် China-ASEAN Information Harbor Forum သို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
