Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် ဗဟိုပုံနှိပ်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ

ရန်ကုန် ဒီဇင်ဘာ ၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလုပ်ငန်း၊ ဗဟိုပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ပုံနှိပ်အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းစဉ်အလိုက် အဆင့်ဆင့်စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေး၊ အလေအလွင့်မရှိစေရေးနှင့် အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်သွားရန် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ဗိုလ်အောင်ကျော်လမ်းရှိ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ မှာကြားသည်။

ထို့နောက် ထွန်းဖောင်ဒေးရှင်း စာကြည့်တိုက်သို့ ဝင်ရောက်ကြည့်ရှုပြီး စာကြည့်တိုက်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးအားပေးစကား ပြောကြားသည်။

သတင်းစဉ်