Sep 01, 2025
(၈၁) ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် ဦးဆောင်သော ပညာရှင်များက “အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 30, 2025
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (National Seed - Related Committee, NSC)၏ (၃၁) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမ၌ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Groups, TWGs)များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2025
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းသည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာသို့ သွားရောက်၍ ရေဝင်ရောက်မှုအခြေအနေကိုကြည့်ရှု၍ ယာယီဆေးခန်းဖွင့်လှစ်ကာ ရေဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်နေမှုများကို ကြည့်ရှုပြီး လူနာများကို အားပေးစကားပြောကြား၍ ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2025
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ Waku Waku Japanese Language Academy သို့ သွားရောက်၍ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းနှင့် ဂျပန်ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက တိုင်ဖွန်းမုန်တိုင်းကဂျိကိ (KAJIKI) ၏ အရှိန်ကြောင့် မိုးရွာသွန်းမှုများပြားခဲ့သဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေလွှဲဆည်၊ ရေလှောင်ကန်နှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်ကျင်းပသည့် ၂၀၂၅ ခုနှစ် တောင်နှင့် တောင်အာရှနိုင်ငံများ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေးကွန်ဖရင့်၊ နိုင်ငံတကာ ချိတ်ဆက်မှုများနှင့် ဒစ်ဂျစ်တယ်ထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်ခြင်းအခမ်းအနား (2025 South and Southeast Asia Digital Cooperation Conference and Supply and Demand Matchmaking Event for the Industry and Trade) သို့ တက်ရောက်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 29, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြင်ဆင်ပြုပြင်နေမှုနှင့် ပြီးစီးမှုအခြေအနေကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 28, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာဟာရီရှ်ချန်ဒရာ ဂီမီရေးအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 28, 2025
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) တွင် ခန့်အပ်ထားသည့် စစ်ဆေးအကဲဖြတ်သူ(Assessor)များအတွက် စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ အချက်အလက်များနှင့် မေးခွန်းများကို Database မှ စနစ်တကျ ထုတ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် Test Item Database User Training သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 28, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဂျီတီစီပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ပုံနှိပ်စက်များ ကြံ့ခိုင်ရေးဆောင်ရွက်နေမှု၊ ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 26, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပညာသိပ္ပံကျောင်း ခန်းမဆောင်၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 26, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 26, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နရဘန်ချောင်းရေလျှံတက်၍ ရေကြီးမှုနှင့် လမ်းရေကျော်ကျမှုများ၊ ရေစီးရေလာကောင်းမွန်ရေး ပင်လောင်းလမ်းဖြတ်သည့် နရဘန်ချောင်း Box Culvert ရှင်းလင်းခြင်း၊ သစ်တပ်ရွာအနီး ရန်ကုန်-မန္တလေးလမ်းအရှေ့ဘက်မှ ပြောင်းရွှေ့တူးဖော်နေသည့် မပိုက်ကယ်ရိုးမှ ရေကူစီးဆင်းစေခြင်း၊ ကျဉ်းမြောင်းနေသည့် ယာယီ Culvert များနှင့် ရေသွားလမ်းအား စက်ယန္တရားများဖြင့် ဖယ်ရှားခြင်းနှင့် ရေသွားလမ်းချဲ့ခြင်းများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 24, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က နေပြည်တော်ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူများအား ကျေးရွာအရောက် ကွင်းဆင်း၍ သွားရောက်တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 24, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေချောင်းရေဝေ ရေလဲဧရိယာအတွင်းရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေကန်ရေဝေရေလဲ ဧရိယာအတွင်းရှိ အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောတို့အတွင်းရှိ တောနိမ့်တောပါး၊ ကွက်လပ်ဖြစ်ပေါ်နေသော တောင်ကုန်းများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 24, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ စာဆိုဗိမာန်သုံးထပ်(RC) အဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 23, 2025
(၃၁) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 22, 2025
မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၃/၂၀၂၅)နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 21, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန အရာထမ်းများနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သင်တန်းခန်းမ၌ တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 19, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ပင်မစာသင်ဆောင်၌ ခင်းကျင်းပြသထားသည့် မဟာဌာနကျောင်းသား ကျောင်းသူများ၏ သုတေသနပရောဂျက်ပြပွဲတွင် ဆိုလာနည်းပညာ၊ စက်ရုပ်နည်းပညာ၊ စွန့်ပစ်ပစ္စည်း မှထုတ်ကုန်များ ပြန်လည်ထုတ်ယူသည့်နည်းပညာ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် AI သုံး ကျန်းမာရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသနပရောဂျက်များမှရလဒ်များကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
