Oct 18, 2020
မြန်မာ့ပညာရေး၏ မီးရှူးတန်ဆောင်ဖြစ်သော၊ မြန်မာပြည်သူပြည်သားအပေါင်း၏ နှလုံးသည်းပွတ်ဖြစ်သော၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ၏ မိခင်ကြီးသဖွယ်ဖြစ်သော ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်ပြီ ဖြစ်ပါသည်။ သမိုင်းအစဉ်အလာကြီးမားစွာဖြင့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရသော၊ သားကောင်းရတနာ လူချွန်လူကောင်းများစွာကို မွေးဖွားပေးခဲ့သော ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဝင့်ထည်စေခဲ့သော အမိရန်ကုန်တက္ကသိုလ် ကြီး၏သက်တမ်း ၁ဝဝပြည့်မြောက်သည့် ရာပြည့်မွေးနေ့ အခါသမယကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြရမည် ဖြစ်ပါသည်။
Oct 17, 2020

တွေ့ဆုံမေးမြန်း-ဒါရိုက်တာကြည်စိုးထွန်း
ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့် အဆိုတော်များထဲတွင် ထိပ်ဆုံးကပါဝင်ခဲ့သူဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ် သူ့အခါက ထင်ရှားသော ဝတ်စားပုံကိုထွင်နိုင်ခဲ့သူဖြစ်သလို သဘာဝကျသော အမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လေသည်။
Oct 17, 2020

ယဉ်မဆုံးနိုင် ပင်လုံးခိုင်ညှာသဇင်ကို ယဉ်တမူမြင်သူ မောပါဘိ၊ အလှတွင် အယဉ်ဆင့်၍ အသွင်တင့်သူ ကံ့ကော် တောက ချောနှမတို့သည် ညနေဆည်းဆာ၏ နေခြည် နုနုဖြင့် ရွှေရည်ဥ အုနေချိန်ဝယ် အင်းလျား ကန်သာ တစ်လျှောက်၌ အပန်းဖြေနားနေ လမ်းလျှောက် နေကြ သည့် ပသာဒမြင်ကွင်းအလှကို မြင်တွေ့ရသည်။ တစ်ယောက်သောသူမှာ အင်းလျားကန် ရေပြင်ပေါ်ဝယ် ရှပ်တိုက်ပြေးလွှားဆော့ကစားနေသည့် ရေလှိုင်းကလေး များနှင့်အတူ သူ့ရင်ထဲက အနုသယ သမုဒယလှိုင်း ကလေးများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ကာ လှိုင်းထနေပုံရသည်။ သို့သောအခါ သူ၏သမုဒယ ဂီတသံစဉ်တွင် အနုအလှ ဂီတစာဆိုရှင် အလင်္ကာကျော်စွာ ဗိုလ်ကလေးတင့်အောင် ၏ “တက္ကသိုလ်ကျောင်းသူတစ်ဦး” အမည်ရှိ တေးသံသာက တိုးညင်းသာယာစွာ တိတ်တခိုး ထိုးဖောက်ဝင်ရောက် လာဟန်တူပါသည်။
Oct 15, 2020

လူ့ခန္ဓာကိုယ်ရဲ့ ဇီဝယန္တရားတွေအလုပ်လုပ်ပုံကို ကမ္ဘာတစ်ဝန်းရှိ သုတေသီတွေက လေ့လာတွေ့ရှိလာခဲ့ကြပါတယ်။ ဇီဝယန္တရားတွေဟာ အံ့သြစရာကောင်းလောက်အောင် တိတိကျကျ အလုပ်လုပ်ကြတာ တွေ့ရပါတယ်။ နေ့အချိန်တွေမှာ အစားအစာတွေကို ကောင်းစွာ ချေဖျက်ပါတယ်။ ဒါဟာနေ့အချိန်လုပ်ရတဲ့ အလုပ်များစွာထဲက အဓိကအလုပ်တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝယန္တရားဟာ စားလိုက်တဲ့အစာကို စားတဲ့အချိန်ပေါ် လိုက်ပြီး တုံ့ပြန်တာကိုတွေ့ရပါတယ်။ နေ့အချိန် စားသလား၊ ညအချိန်စားသလား စားတဲ့အချိန်ပေါ်မူတည်ပြီး ခန္ဓာကိုယ်အပေါ်ကွဲပြားစွာ အကျိုးသက်ရောက် ပါတယ်။ ညပိုင်း နောက်ကျကျ စားတတ်ရင် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ညအိပ်ခါနီး ရေခဲမုန့်စားကြည့် ပါလား၊ အလေးချိန်တက်လာဖို့ ဖြစ်လာတတ်ပါတယ်။
Oct 15, 2020

အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့ အဖြစ်သတ်မှတ်ပြီး ၁၉၈၁ ခုနှစ်မှ စတင်၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့တာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်မှာဆိုရင် အကြိမ် (၄၀) ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကမ္ဘာတစ်ဝန်းလုံး ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် စုစုရုံးရုံး၊ စည်စည်ကားကား ကျင်းပနေကျပုံစံအစား ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်သာ ကျင်းပနိုင်ကြမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း နိုင်ငံအသီးသီးမှာ ကျင်းပနိုင်ဖို့ ဦးဆောင်စည်းရုံးဆောင် ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းကတော့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations - FAO) ပဲဖြစ်ပါတယ်။ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က အိမ်ရှင်နိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အသင်းအဖွဲ့၊ အဖွဲ့အစည်းများ နဲ့ ပူးပေါင်းပြီး စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။
Oct 14, 2020

“သရုပ်ဆောင်အနုပညာ” သည် အလွန်သိမ်မွေ့ နက်နဲလှသော ပညာတစ်ရပ် ဖြစ်ပါသည်။ “သရုပ်ဆောင် ခြင်းအတတ်ပညာကို သဘာဝအမူအရာများအား လေ့လာသုံးသပ်ခွဲခြမ်းစိတ်ဖြာမှုပြုပြီး လေ့လာသင်ယူ လျှင် ရနိုင်သည်” ဟူသော အယူအဆနှင့် “သရုပ်ဆောင် ခြင်းကို ခံစားချက် စိတ်သွင်းပြီး လုပ်ဆောင်မှသာ ရနိုင် သည်” ဟူသော အယူအဆ နှစ်ရပ် ပေါ်ပေါက်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ရုပ်ရှင်အနုပညာရှင်အချို့က “သရုပ်ဆောင်ဖြစ်ရန် လေ့ကျင့်သင်ကြားပေး၍ ရနိုင် သည်” (A Star is made) ဟူသော အယူအဆနှင့် “သရုပ်ဆောင်ဆိုသည်မှာ သူ့အလိုအလျောက် မွေးဖွား လာသူ” (A Star is born) ဟူသော အယူအဆကို ထပ်မံ ဖော်ထုတ်ခဲ့ကြသည်။
Oct 13, 2020

ကြည်စိုးထွန်း ။ ။ ‘ယောက်ျားတို့အကြောင်း’။
Oct 13, 2020

မြန်မာတို့၏ ရုပ်ရှင်သမိုင်းစာမျက်နှာအသစ်များကို ဖွင့်လှစ်နိုင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်တစ်ရာတိုင်လာခဲ့ ပြီဖြစ်ပါသည်။ ခေတ်မီသော လူ့ဘောင်သစ်နယ်ပယ်တွင် လူထုဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်သော “ရုပ်ရှင်” ပေါ်ထွန်းလာခဲ့ပြီးနောက် ခေတ်နှင့်အမီ တွေးခေါ်မြော်မြင် တတ်သော၊ မြန်မာတို့၏ မလျှော့သော ဇွဲလုံ့လဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုကြောင့် မြန်မာတို့၏ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင်လည်း “ရုပ်ရှင်” သည် ရှင်သန်ကြီးထွားလာခဲ့ရာ ယနေ့မြန်မာတို့၏ မြန်မာ့ရုပ်ရှင်သည် ပြည်တွင်းသာမက ပြည်ပသို့ပါ ထိုးဖောက် ခြေဆန့်နိုင်ခဲ့ပြီဖြစ်ပါသည်။
Oct 12, 2020
အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ၁၉၆၇ ခုနှစ်ကစတင်ပြီး သတ်မှတ်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။ ကမ္ဘာ့ဆရာများနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံမှာ နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အဆင့် အခမ်းအနားတွေ နှစ်စဉ်ကျင်းပခဲ့တယ်။ ဒီနှစ်အခမ်းအနားကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တယ်။ ယခင့် ယခင်နှစ်တွေမှာ ကျင်းပတဲ့ပုံစံမဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါကြီးကြောင့် အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က “ဦးဆောင်ကျော်လွှားကပ်ဘေးများ အနာဂတ်ပုံဖော်မည့် ဆရာများ” ဖြစ်ပါတယ်။
Oct 12, 2020

ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့် အဆိုတော်များထဲတွင် ထိပ်ဆုံးကပါဝင်ခဲ့သူဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ်သူ့အခါက ထင်ရှားသောဝတ်စားပုံကိုထွင်နိုင်ခဲ့သူဖြစ်သလို သဘာဝကျသောအမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လေသည်။