Skip to main content

အောက်ဆီဂျင်မလုံလောက်ရင် ဘာဖြစ်မလဲ ဘယ်အချိန်မှာ အောက်ဆီဂျင် အဆိပ်သင့်မလဲ

 

 

သန်းဇော်

 

ကမ္ဘာကြီးသည် ယခုအခါ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါပိုး (ကိုဗစ် - ၁၉ ) နှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး ထိုအထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါသည်။ လူသားများ ရှင်သန်နိုင်ရန် အတွက် အောက်ဆီဂျင်သည်မရှိမဖြစ် အရေးပါ သဖြင့် အောက်ဆီဂျင်နှင့်ပတ်သက်ပြီး သိရှိထား သင့်သော အောက်ဆီဂျင်ဖိအားများအကြောင်းကိုကောက်နုတ်ဆွေးနွေးသွားပါမည်။

 

အောက်ဆီဂျင် (Oxygen - 0)

 

အောက်ဆီဂျင်သည် ဓာတ်ငွေ့ အားလုံးထဲတွင် အရေးအကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် အပေါများ ဆုံးသော ဓာတ်ငွေ့တစ်ခုဖြစ်သည်။ အောက်ဆီဂျင် မပါဘဲ မီးမလောင်နိုင်သကဲ့သို့ အောက်ဆီဂျင်မရှိဘဲ လူတို့သည် အသက်မရှင်နိုင်ပါ။ ၎င်းသည် လေထု ထဲတွင် ၂၁ ရာခိုင်နှုန်းပါရှိပြီး မော်လီကျူးတစ်ခု ဖြစ်ရန် အက်တမ်နှစ်ခု တွဲဖက်ပါဝင်သည်။ အရောင် မရှိ၊ အနံ့မရှိ၊ အရသာမရှိသော၊ တက်ကြွသော ဓာတ်ငွေ့ ဖြစ်ပြီး အခြားဒြပ်စင်များနှင့် အလွယ်တကူ ပေါင်းစပ်နိုင်ပါသည်။ ကျွန်ုပ်တို့ ရှူရှိုက်မိသော လေထဲမှ အောက်ဆီဂျင်ဓာတ် ကိုသာ ခန္ဓာကိုယ်မှ အသုံးပြုပြီး ကျန်လေ၏ ၇၉ ရာခိုင်နှုန်းသည် အခြား ဓာတ်များဖြစ်ကာ၎င်းတို့သည် အောက်ဆီဂျင်ဓာတ်ငွေ့ ကို အားပျော့သွားစေသည် သို့မဟုတ် ပြင်းအား နည်းစေသည်။

 

၁၀၀ ရာခိုင်နှုန်းသန့်စင်သော O2 ကို ဆေးရုံ များ၊ လေယာဉ်များနှင့် ဖိအားထိန်းဆေးကုသနည်း ဌာနများတွင် အသက်ရှူရန်အတွက် အသုံးပြုလေ့ ရှိပါသည်။ တစ်ခါတစ်ရံတွင် ၁၀၀ ရာခိုင်နှုန်း သန့်စင်သည့် O2 ကို ရေတိမ်ရေငုပ်ခြင်းများနှင့် ရောနှောဓာတ်ငွေ့ဖြင့် ရေငုပ်ခြင်းများတွင် အသုံးပြု ပါသည်။ သို့ရာတွင် ဖိအားများအောက်တွင် သန့်စင် သောအောက်ဆီဂျင်ကို ရှူရှိုက်မိပါက အောက်ဆီ ဂျင်အဆိပ်သင့်ခြင်း၏ စိုးရိမ်ဖွယ်ရာပြဿနာကို ဖြစ်ပေါ်စေနိုင်ပါသည်။

 

ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide – CO2)

 

ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့သည် တိရစ္ဆာန်နှင့်လူသားတို့၏ အသက်ရှူခြင်းမှ သဘာဝ အရ ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းတစ်ခု ဖြစ်ပြီး အစာတွင် ကာဗွန်ဓာတ်တိုးခြင်းဖြင့် စွမ်းအင် ရရှိစေပါသည်။ ၎င်းဓာတ်ငွေ့သည် လေထဲတွင် ရာခိုင်နှုန်းအနည်းငယ်သာတွေ့ရသော အရောင်၊ အနံ့၊ အရသာမရှိသော ဓာတ်ငွေ့ ဖြစ်ပါသည်။ ပိုမိုများပြားလာသောအခါ ၎င်းသည် အက်စစ် အရသာနှင့် အနံ့ရှိသည်။ CO2, ၏ တစ်ပိုင်းတစ်စ ဖိအားတိုးသည့်အချိန်တွင် အသက်ရှူမိသောအခါ သတိလစ်သွားနိုင်သည်။ လေထဲတွင် CO2, ဓာတ်ငွေ့ ပါဝင်မှု အလွန်မြင့်မားနေလျှင် အဆိပ်အတောက် ဖြစ်စေနိုင်သည်။ အလုံပိတ်နှင့် လေဝင်လေထွက် နည်းသော အခန်းများတွင် အသက်ရှူကိရိယာ များဖြင့် အသက်ရှူပြီးနောက် ထွက်ပေါ်လာသည့် CO2, ပိုလျှံမှုကို ဖယ်ရှားခြင်းသည် ဘေးကင်း လုံခြုံရေးအတွက် အဓိကလိုအပ်ပါသည်။

 

လေထုဖိအား

 

စံသတ်မှတ်ချက်လေထုဖိအားမှာ ပင်လယ်ရေ မျက်နှာပြင် သုညပေတွင် လေထုဖိအား တစ်ယူနစ် ရှိပါသည်။ လေထု တစ်ယူနစ်၏ဖိအားသည် (14.7) psi သို့မဟုတ် (10N/cm2) ရှိပါသည်။ လေထုဖိအား သည် ပင်လယ်ရေမျက်နှာပြင်တွင် ပုံသေကိန်းသေ ဖြစ်ပြီး ရာသီဥတုကြောင့်ဖြစ်ပေါ်သော အသေးစား အတက်အကျ များကို များသောအားဖြင့် လျစ်လျူရှု နိုင်ပါသည်။ လေထုဖိအားသည် အရပ်မျက်နှာ အားလုံးရှိအရာ ဝတ္ထုအားလုံးအပေါ်တွင် သက်ရောက် ပါသည်။

 

ဖိအားတိုင်းတာသည့် ကိရိယာအများစုသည် gauge ကိရိယာ၏ အပြင်ဘက်နှင့် အတွင်းဘက် အကြား မတူညီသောဖိအားကို တိုင်းတာပါသည်။ ထို့ကြောင့် လေထုဖိအားသည် ဆလင်ဒါဘူး (ဂက်စ်ဘူး) ထဲတွင် ဖိသိပ်ထည့်သွင်းထားသည့် လေ၏ဖိအားကို တိုင်းတာသည့်ကိရိယာတွင်ပြသ ခြင်းမရှိပါ။ ဆလင်ဒါဘူးထဲတွင် ထည့်သွင်းထား သောလေနှင့် gauge သည် လေထု တစ်ယူနစ် (1 atmosphere) (14.7 psi or 10N/cm2) ဖိအားအောက်တွင် တည်ရှိနေပါသည်။ gauge ကိရိယာသည် လေထုနှင့် သိုလှောင်ကန်ထဲတွင် ရှိသော တိုးမြှင့်လေဖိအားများအကြား ဖိအား ခြားနားမှုကို တိုင်းတာပါသည်။ ၎င်းကို gauge pressure ဟု ခေါ်ပါသည်။

 

သို့ရာတွင် ရေအောက်တွင် ငုပ်နေသည့်အခါ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်သောနေရာ တို့တွင် လေထုဖိအားကို ထည့်သွင်းတွက်ချက်ရန် အရေးကြီးပါသည်။ စုစုပေါင်း ဖိအားကို ပကတိ ဖိအားဟုခေါ်ပြီး ပုံမှန်အားဖြင့် လေထု၏ ယူနစ် များဖြင့် ဖော်ပြပါသည်။

 

ဤထူးခြားမှုသည် အရေးကြီးပြီး ဖိအားကို gauge (psig) သို့မဟုတ် ပကတိဖိအား (psi) ဟူ၍ တစ်မျိုးမျိုးဖြင့် သတ်မှတ်ရမည် ဖြစ်ပါသည်။ ဖိအားအမျိုးအစားကို (psi) ဟုသာ သတ်မှတ်သောအခါ ၎င်းသည် gauge pressure ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

 

ဓာတ်ငွေ့ ဖိအားကို ဖော်ပြသုံးနှုန်းသော ဝေါဟာရများ

အောက်ပါတို့ ဖြစ်ပါသည် -

(က) လေထု ။ စံပြလေထုဖိအားကို အများ အားဖြင့် 10N/CM2 (or) 14.7 psi သို့မဟုတ် လေထုဖိအား တစ်ခု / တစ် ယူနစ် one Atmosphere absolute (1 ata) ဟု ဖော်ပြပါသည်။

 

(ခ) လေဖိအားတိုင်းကိရိယာ ။ ပြဒါးတိုင်၏ အမြင့်ဆုံးအမှတ်ဖြင့် ဖော်ပြနိုင်ပြီး အထူးသဖြင့်လေထုဖိအားနှင့် တူညီသော် လည်း ရာသီဥတုနှင့် အတူလိုက်၍ ပြောင်းလဲနိုင်ပါသည်။ ကွဲပြားပါသည်။ စံဖိအားပမာဏသည် 29.92 inches of mercury လက်မမာကျူရီ၊ 760 millimeters of mercury 830ml သို့မဟုတ် 1013 millibars ဖြစ်ပါသည်။

 

(ဂ) ဖိအားတိုင်းတာသည့်ကိရိယာ ။လေထု ဖိအားနှင့် တိုင်းတာရရှိပြီးသော ဖိအား နှစ်ခုကြား ကွာခြားမှုကို ရည်ညွှန်းဖော်ပြ ပါသည်။

 

(ဃ) ပကတိဖိအား ။ (လက်ရှိ) သက်ရောက် နေသော စုစုပေါင်းဖိအား၊ (ဥပမာ - တိုင်းတာရရှိသောဖိအားနှင့် လေထု ဖိအားပေါင်းခြင်း)။

 

ဆေးဘက်ဆိုင်ရာ အဆိပ်အတောက်တို့နှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားရမည့်အချက်များ

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းစဉ်၏ ရိုးရှင်းသော ဖော်ပြချက်နှင့်အတူ စတင်ကြပါစို့။ အဆုတ်ထဲသို့ ဝင်ရောက်လာသောလေသည် အလွန်သေးငယ်သော လေအိတ်ဟုခေါ်သော တစ်ဖက်ပိတ်နေရာသို့ ရောက်ရှိလာသည်။ ထို အလွန်သေးငယ်သော လေအိတ်ငယ်များတွင် ဆံခြည်မျှင်သွေးကြောများ (အလွန်သေးငယ် သည့် သွေးကြောငယ်လေးများ) နှင့် ပြည့်လျက်ရှိနေသော ပါးလွှာလွန်းသည့် နံရံများရှိနေ ပါသည်။

 

ထိုအဆုတ်၏ သေးငယ်သောလေအိတ်များ ပေါင်းလိုက်ပါက ကြီးမားသည့်မျက်နှာပြင်ဧရိယာ တစ်ခုအဖြစ် ထောက်ပံ့ပေးပြီး ရှူသွင်းလိုက်သည့် ခြင်းနှင့် CO2 ပြန်ထုတ်ခြင်း နှစ်မျိုးစလုံးသည် သွေးနှင့်အတူ အလျင်အမြန် မျှခြေဖြစ်လုနီးပါး ဖြစ်ပေါ်နေပါသည်။ သွေးနီဆဲလ်များတွင် ကြ သည် အနည်းငယ်အားပျော့သော ဓာတုဓာတ်စည်း တစ်ခုဖွဲ့စည်းရန် သွေးနီဥအတွင်းရှိ အောက်ဆီဂျင် သယ်ဆောင်သော အနီရောင်ပစ္စည်း သွေးဆဲလ် ဟေမိုဂလိုဘင်နှင့် ဓာတုဗေဒနည်းအရ ပေါင်းစပ် လိုက်ပါသည်။

 

သွေးနီဥကိုအဆုတ်မှဝေးကွာသော သွေးလည် ပတ်မှုစနစ်သို့ သယ်ဆောင်သွားသောအခါ ထိုအချိန်တွင် O2 ကို ဆဲလ်များက လွတ်လပ်စွာ စားသုံးပါသည်။ ဆဲလ်မှပြန်ထွက်လာသော CO2 နှင့် အခြားစွန့်ပစ်ပစ္စည်းများကို ထုတ်လွှတ်ရန် အတွက် ၎င်းတို့ကို သွေးသည် အဆုတ်ဆီသို့ ပြန်လည်သယ်ဆောင်သွားပါသည်။ (ပုံ - ၁)သည် အသက်ရှင်သန်ထောက်ပံ့မှုနှင့် ပတ်သက်ပြီး လူ့ခန္ဓာကိုယ်အတွက် ဟန်ချက်ညီမျှမှုကို ဖော်ပြ ထားပါသည်။

 

ပုံမှန်အခြေအနေများအောက်တွင် လူ၏ အသက်ရှူနှုန်းသည် တစ်မိနစ်လျှင် ၁၅ ကြိမ်ခန့် ရှိပြီး သို့မဟုတ် တစ်နာရီလျှင် ၂၀ ကုဗပေခန့် (ဇယား - ၂) တွင် ဖော်ပြထားသော ခြောက်သွေ့ သော လေကောင်းလေသန့် ရှူသွင်းပါသည်။

 

တစ်ကြိမ်ရှူသွင်းလျှင်လေဝင်ရောက်မှုပမာဏ ကုဗပေသည် (0.02 ft: per breath) (SCFB) ခန့် သာရှိပါသည်။ထိုပမာဏသည် အဆုတ်စွမ်းဆောင် နိုင်မှု စုစုပေါင်း၏သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်ပါသည်။ မြင့်မားသောလုပ်ဆောင်မှု ဆောင်ရွက် နိုင်ရန်အတွက် ပိုမိုများပြားသော O ရရှိရန် လိုအပ် ပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အသက်ရှူနှုန်း ပိုမိုမြင့်မားလာခြင်းနှင့် တစ်ကြိမ် လျှင် အသက်ရှူသွင်းသည့်ပမာဏ ပိုမိုများပြားရန် လိုအပ်ပါသည်။

 

အနိမ့် ဆုံးအားဖြင့် လူ့ခန္ဓာကိုယ်သည် ဦးကျော်နှင့် အခြားအရေးကြီးသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ ဇီဝဓာတုဆိုင်ရာ လုပ်ဆောင် မှုများကို ထောက်ပံ့ရန် အတွက် လုံလောက်သော O2 ကို စုပ်ယူရမည် ငြစ်ပါသည်။

 

လေဆုပ်ယူမှု ပုံသေ ဟန်ချက်ညီမျှမှုရှိရန် ပတ်ဝန်းကျင်လေထဲတွင်ပါရှိသော အောက်ဆီ ဂျင်၏ တစ်ပိုင်းတစ်စ [Partial Prura cf9) သင်္ဘောအားဖြင့် IP) သို့မဟုတ် IPLO) ဖြင့် ဖော်ပြပါသည်) သည် သွေဘစ်ယူနစ်တွင် သယ်ဆောင်သွားနိုင်သော အောက်ဆီဂျင်၏ ပမာဏကို ဆုံးဖြိုက်ပါသည်။

 

ဤနေရာတွင် ရောနေဆတ်ငွေ့တစ်မျိုး၏ တစ်ပိုင်ဘဏ်စဖိအားအကြောင်းကို နားလည်ရန် လိုအပ်ပါသည်။ ဓာတ်ငွေ့ အရောအနတစ်ခုတွင် ဓာတ်ငွေ့တစ်မျိုးဟာ ဖြည့်ဆည်ထက်ပံ့ပေး ထားသော စုစုပေါင်း၏ အစိာ်အပိုင်းကို ထိုဓာတ်ငွေ့၏ တစ်ပိုင်းတစ်အဖိအား သင်္ကေတ PE) ဟု ခေါ်ပါသည်။ အလွယ်တကူ နားလည်နိုင် သော ဥပမာတစ်ခုမှာ လေထုဖိအား တစ်ယူနစ် [14.7 psi ရှိ ကွန်တိန်နာတစ်လုံးဖြစ်သည်။ ကွန်တိန်နာကို အောက်ဆီဂျင်တစ်မျိုးတည်းနှင့် ပြည့်ထားလျှင် အောက်ဆီဂျင်၏ တစ်ပိုင်း တစ်မိသည်လေထု တစ်ယူနစ် ဖြစ်လိမ့်မည်။ လေထုဖိအားတစ်ယူနစ် ညီသော ကွန်တိန်နာ တစ်ခုကို ခြောက်သွေ့သောလေ dry air) နှင့် ပြည့်လျှင် ဇ23-3)တွင်ဖော်ပြထားသည့် အတိုင်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်သော ဆတ်ငွေ့လုံး၏ ထက်ပိုင်းတက် သည် စုစုပေါင်း တစ်ပိုင်းတစ်စဖိအားကို ဖြည့်ဆည်း ထောက်ပံ့လိမ့်မည်။ ပုံမှန်ကျန်းမာသန်စွမ်း သူတစ်ဦး၏ သွေးလွှတ်ကြောထဲရှိ သွေးတွင် အောက်ဆီဂျင်၏ တစ်ပိုင်း တစ်စအား [P)သည် [110 Torr) သို့မဟုတ် ၎င်းထက်ပိုမိုမြင့်မားသည့် အား ပင်လယ်ရေ မျက်နှာပြင်၊ P = 1;0 Torr ရှိသောအင်းသွေးတွင် [.) ပါဝင်မှုသည် [34] အထက်ပါရှိပါသည်။

 

Torr ဆိုသည်မှာ အတိအကျသတ်မှတ်ထား သောအတိုင်းအတာ at-cluta cale တစ်ခု တွင်အခြေခံပြီး အားကိုင်ဘာသော ယူနစ်တစ်ခု ဖြစ်ပါသည်။ ပုံမှန်လေထု 10 1325 P၅) တစ်ယူနစ် ၏ 1 } 750] ပုံ အနေဖြင့် သတ်မှတ်ထားပါသည်။)

 

ပုံ -၂ တွင် ဖော်ပြထားသော ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ သန့်ရှင်းခြောက်သွေ့ လေ [ckan dry air) တွင် အောက်ဆီဂျင်၏ တစ်ပိုင်း Odolo (partial pressure) 159 Torr ရှိသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ထိုပမာဏ အနည်း ဆုံချို သွေးထဲတွင် အောက်ဆီဂျင်ပမာဏ 90% အထက် ရှိပါမည်။ ကျွန်ုပ်တို့ ပလူပြော နေသည့် သွေးထဲတွင် အောက်ဆီဂျင် 98% ရှိဖို့ဆိုရင် မည်မျှ Torr လိုမည်ကို မှန်းဆနိုင်ပါသည်။

 

ထို့ကြောင့် သွေးထဲတွင် O2နည်းခြင်း မဖြစ် ပေါ်လာစေရန် လေထု၏ O2 ပမာဏသည် [110 Torr) သို့မဟုတ် ပိုမိုမြင့်မားသော ဖိအားရှိနေစေ ရန် သေချာအောင်တော်ရွက်ရမည် ဖြစ်ပါသည်။ ဤအတိုင်းအဆသည် ကျော်ကျင်ပါဝင်မှု တစ်စိတ်တစ်ပိုင်း ဖိအား P O2) အတွက် အကြောင်း အားဖြင့် ပင်လယ် ရေမျက်နှာပြင်မှ စီးပွား ဖြစ် လေယဉ်ပျံအန်းတစ်တွင် ထိန်းသိမ်းထားသော လေထုဖိအားအဆင့်အထိ သို့ မဟုတ် ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၉၀၀၀ ခန့်မြင့်သော ကိုလံဘီယာနိုင်ငံ ဘိုကိုတာ (Bogota) ရှိ လေထု အခြေအနေနှင့် ညီမျှသည့် အခြေအနေဖြစ်ပါသည်။

 

အောက်ဆီဂျင် မလုံလောက်ခြင်း၊ ချို့တဲ့ခြင်း

 

ခန္ဓကိုယ်သို့ O2လုံလောက်စွာ ပို့ဆောင် နိုင်ခြင်းသည် သွေးတစ်သနစ်တွင် ကိုသယ်ဆောင် သွားသော လေထုထဲရှိ အောက်ဆီဂျင်၏ တစ်ပိုင်း တစ်စဒိအား ပမာဏ P O2 နိမ့်ကျသော လေထု အခြေအနေလဒ်ကြောင့် ဖြစ်ပါသည်။ Hypoxia ဆိုသည်မှာ သွေးလွှတ်ကြောကို သွေးထဲတွင် စက်ဆီဂျင်မလုံလောက်ချို့တဲ့သည့် အခြေအနေ ဖြစ်ပြီး မလုံလောက်မှု ဆက်လက်ဖြစ်ပေါ်လာပါ က ဆဲလ်၏ ပုံမှန်လုပ်ဆောင်မှုကို နှေး ပြီးတဖြည်းဖြည်းနှင့် တပ်များသည် သေသွားပါ သည်။

 

အသက်သွင်းပြီးနော် အသက်အောင့် ထားခြင်းပြုလုပ်စဉ်အတောအတွင်း O2 ရရှိမှု မရှိ သော်လည်းကိုပယ် သည်ပို့ကို ဆက်လက်သုံး နေသဖြင့်အဆုတ်တွင်ရှိသည့် P O2 သည်တဖြည်းဖြည်း ကျဆင်းလဆပါသည်။ အသက်အောင့်ခြင်းသည် အချိန်ကြာမြင့်လာလျှင် hypoxia ဖြစ်လာလိမ့်မည်။ ဝက်ဆံအကျိုးသက်ရောက်မှုမှာ ဦးနေဝက်အတွက် အန္တာရာယ်အရှိဆုံးဖြစ်ပါသည်။ လေထုထဲရှိ အောက်ဆီဂျင်၏ တစ်ပိုင်းတစ်အား ပမာဏ P O2 နိမ့်ကျခြင်းကြောင့် ဖြစ်ပေါ်လာသော Hypoxia ၏ ဂါလက္ခဏာများမှာ အောက်ပါတို့ဖြစ်ပါသည်-

(က) ညာဘက်အမြင်အာရုံ ထိခိုက်ခြင်း၊

(ခ) အသက်ရှူမူ ပြင်းထန်ခြင်း

( ဂ) ဝေဖန်ပိုင်းခြားနိုင်စွမ်း ချင့်ချိန်နိုင်စွမ်းဆုံးရှုံးခြင်း၊

(ဃ) အာရုံစူးစိုက်မှု လျော့နည်းခြင်း၊

(င) မူးဝေခြင်း၊

(စ) စဉ်းစားဆုံးဖြတ်မှု နှေးကွေးခြင်း၊

( ဆ) ကြွက်သား ထိန်းချုပ်နိုင်မှုမရှိခြင်း၊

(ဇ) ညင်သာစွာ လုပ်ဆောင်နိုင်မှုရှိခြင်း သို့မဟုတ် ကျွမ်းကျင်မှုလိုအပ်သော တာဝန်ကို ထမ်းဆောင်နိုင်မှု မရှိ

(ဈ)အိပ်ငိုက်ခြင်း၊

(ည) အားနည်းခြင်း

(ဋ) စိတ်လှုပ်ရှားမှု

(ဌ) အလွန်အမင်း စိတ်အားထက်သန်

(ဍ) သတိလစ်ခြင်း၊

(ဎ) သေဆုံးခြင်း

 

အောက်ဆီဂျင် အဆိပ်သင့်ခြင်း

 

အဆုတ်ဒဏ်ရာရခြင်းဆိုသည်မှာ အောက်ဆီ ဂျင်၏ တစ်ပိုင်းတစ်စဖိအား (PO2) သည် (380 Toor) ကျော်လွန်ခြင်းနှင့် သူယျအားဖြင့် ပတ်ဝန်းကျင်ဖိအား Barometric Pressure PB) များပြားလာခြင်းတို့၏ ရလဒ်ဖြစ်ပါသည်။

နိဂုံး

အဆုတ်မှတစ်ဆင့် သွေးနီဥအတွင်းရှိ ဝက်ကျင် သယ်ဆောင်ပေးသော အနီရောင် သွေးဆဲလ် ဟေမိုဂလိုဘင် (hemogolbin) လုပ်ဆောင်ပုံ၊ လူတစ်ဦး၏ ပုံမှန်အသက်နှုန်း၊ ပုံမှန်ကျန်းမာသူ တစ်ဦး၏ သွေးထဲရှိ ဝက်ဆီ ဂျင်ပါဝင်မှု၊ ဖိအားအစိတ်အပိုင်းပမာဏ PO2 or PPO2, (Torr)၊ သွေးထဲရှိ ဝက်ဆီဂျင်ပါဝင်မှု ၉၀ ရာခိုင်နှုန်းအထက်ရှိအောင် လိုအပ်မည့် Torr)၊ အောက်ဆီဂျင်ချို့တဲ့ပါက ဖြစ်ပေါ်လာမည့် လက္ခဏာနှင့် အသက်ဆုံးရှုံးမှုနှင့် အောက်ဆီ ဂျင် အဆိပ်သင့်သည့်အခြေအနေတွင် ရှိမည့် Torr) ပမာကို့ကို သိရှိနားလည်ခြင်းဖြင့် ကော်ဆီဂျင်တိုင်းတာသကိရိယာနှင့် ICU အခန်တွင် လူ၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထား သော စက်ကိရိယာများ၏ မော်နီတာတွင် ဖော်ပြ ထားသော သင်္ကေတများ ပမာများကို သိရှိ န၁သည် နိုင်မည် ဖြစ်ပါသည်။

 

ထို့ပြင် လူပြောသည့် အောက်ဆီဂျင် အဆိပ်သင့်သည့် ပမာဏကိုသိပြီး အကြောက် မလွန်ဘဲ ချင့်ချိန်နိုင်မည် ဖြစ်ပါသည်။ အောက်ဆီ ဂျင်နှင့်သက်ဆိုင်သော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုပစ်ကပ်ကြီးမှ ကင်းဝေးကြပါ။

 

Ref: (1) NAVSEA - SUBMARINE AIR TREATMENT Revision September 12_2021)

(2) U.S. Navy Diving Manual Revision 7, Published by Direction of Commander, Nary Sea System Command, 01 December 2016.

1

2

3