Sep 14, 2020

လွန်ခဲ့သော ဆယ်စုနှစ်ကာလများအတွင်း ပလတ်စတစ်ထုတ်လုပ်ခြင်းနှင့် အသုံးပြု ခြင်းသည် ကုန်ကျစရိတ်နှင့် အကျိုးအမြတ် သဘောသဘာဝ တွက်ချက်မှုများကြောင့် သိသာစွာ တိုးတက် လာခဲ့ပြီး ကုန်းမြေနှင့် ရေနေဂေဟစနစ်များတွင် ပြန်လည် အသုံး မပြုထားသော စွန့်ပစ်ပစ္စည်း အမှိုက်သရိုက် များအဖြစ် ကမ္ဘာနှင့်အဝန်း တွေ့ရှိနေရသည်။
Sep 14, 2020

မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဒေသဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ ၁၀ ရာခိုင် နှုန်းခန့်ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာ ရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။ ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးရွာသွန်းမှု နည်းခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် လေတိုက်နှုန်းမြင့်မားခြင်းတို့ကြောင့် ပူပြင်းခြောက်သွေ့ပြီး အပေါ်ယံ စိုက်ပျိုးမြေသား ဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေ့နေရသည်။ ထို့အပြင် ရွာသွန်းသော မိုးရေချိန်ပမာဏသည် တစ်နှစ် ထက်တစ်နှစ် သိသိသာသာနည်းလာခြင်း၊ မိုးရွာသွန်းမှု ပုံစံ မမှန်ခြင်းနှင့် ပျံ့နှံ့စွာ ရွာသွန်းမှုမရှိခြင်းတို့ကို လည်း ကြုံတွေ့နေရသည်။
Sep 14, 2020

ဘဝတစ်ခု၏ အုတ်မြစ်လှေကားဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းလည်း ထုတ်ပြန်ပြီးသွားလေ ပြီ။ အောင်သူပျော်၍ ရှုံးသူမမော်နိုင်သည့် နတ်ဘုရား ကြီးက နှစ်တွေဘယ်လောက်ကြာကြာ ရင်ထဲကို ဖမ်းစား နိုင်ဆဲရှိသေး၏။
Sep 14, 2020

များသောအားဖြင့် ကေတီဗွီကို သွားခဲ့ဖူးတဲ့ အပေါင်းအသင်းရောင်းရင်းတွေဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာအတွက် ကေတီဗွီကို သွားခဲ့၊ ပျော်ခဲ့၊ ပါးခဲ့ကြတာတွေကို ထုတ်ဖော်ပြောကြား လေ့မရှိကြပါဘူး။ အခုတော့ ကေတီဗွီမှာ ကိုဗစ် - ၁၉ ရောဂါကူးစက် ပေါက်ကွဲ မှုကြီး တစ်ခုကို မြင်တွေ့ကြားသိလိုက်ရလို့ ကျွန်တော် ကေတီဗွီ သွားခဲ့တဲ့အကြောင်းကို ထုတ်ဖော် ဖွင့်ဟဝန်ခံလိုပါတယ်။
Sep 13, 2020

ကြည်စိုးထွန်း ။ ။ အရင်အပတ်ကတော့ ကျွန်တော်တို့မင်းသားကြီးနဲ့ တွေ့ဆုံခဲ့ရတဲ့ ဒါရိုက်တာတွေအကြောင်း၊ တွဲခဲ့ရတဲ့ မင်းသားတွေအကြောင်း၊ မင်းသမီးတွေအကြောင်းလည်း တော်တော်များများ စုံခဲ့ပြီပေါ့။ ကဲ ဒီတစ်ပတ်တော့ ကျွန်တော်တို့ ဒုတိယပိုင်းအနေနဲ့ မင်းသားကြီးရဲ့ ဖြတ်သန်းလာရတဲ့ ဘဝခရီးနဲ့ကျွန်တော်တို့ရဲ့ ရုပ်ရှင်လောကရဲ့ သမိုင်းလေးကို ဆက်ပြောကြ ရအောင်။
Sep 13, 2020

ပထမတစ်ချီ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒုတိယအကြိမ် တစ်ကျော့ပြန်ဝင်လာပြီး ကူးစက်ပျံ့နှံ့နေတဲ့၊ မျိုးဗီဇပြောင်းလဲသွားတယ်လို့ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကတော့ နိုင်ငံတစ်ဝန်း မွှေနှောက်ပျံ့နှံ့နေတယ်။
Sep 12, 2020

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်အန္တရာယ်ပေးလျက်ရှိပါသည်။ ကူးစက်မြန်ရောဂါဖြစ်ပွားခြင်းကို အရှိန်အဟုန်မြင့်စေသည့် အကြောင်းအရာများအနက် ဘားများ၊ နိုက်ကလပ်များနှင့် ကာရာအိုကေများ၊ အနှိပ်ခန်းများ စသည့် လူအချင်းချင်း ထိတွေ့မှုများသည့်နေရာများသို့ သွားလာခြင်းကလည်း အများဆုံးပါဝင်လျက် ရှိပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကျန်းမာရေးပညာရှင်များက လပေါင်းအတော်ကြာကြာ နေ့စဉ်ရက်ဆက် မည်မျှပင်အသိပေးစေကာမူ မလိုက်နာလိုသူများက ရောဂါကူးစက်ရန် အန္တရာယ်အပြည့်ရှိနေ သည့် မိုးလုံလေလုံနေရာများ၊ လေဝင်လေထွက်အားနည်း သည့်နေရာများနှင့် လူစုလူဝေးဖြင့် စားသောက်အပန်းဖြေကြသည့် နေရာများသို့ သွားမြဲတိုင်းသွားခဲ့ကြသည်။ ယင်းသို့သောနေရာမျိုးတွင် စကားပြောရန်၊ သီချင်းဆိုရန်၊ အဖျော်ယမကာသောက်သုံးရန်၊ အစားအစာစားရန် စသည့်အကြောင်းများကြောင့် မိမိတို့တွင် တပ်ထားသည့် ပါးစပ်နှာခေါင်းစည်းကို အခိုက်အတန့်မျှ ချွတ်လိုက်မိ သည်နှင့် တစ်ပြိုင်နက်မမြင်ရသော မကောင်းဆိုးရွား တစ်ကောင်သဖွယ် အလစ်ချောင်းနေသည့် ကမ္ဘာပတ်ဗိုင်းရပ်စ် ကိုဗစ်-၁၉ က အခွင့်ကောင်းယူကာ ဝင်ရောက်သွားမည် ဖြစ်သည်။
Sep 11, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အတည်ပြုထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
Sep 08, 2020

ကျွန်မတို့အားလုံး တွေ့ကြုံရင်ဆိုင်နေကြရသော ကိုဗစ် - ၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် စတင် ဖြစ်ပွားလာခဲ့သည်မှာ ခုနစ်လကျော်လာခဲ့ပြီ ဖြစ်ပါသည်။ ကပ်ရောဂါပြီးဆုံးမည့်ကာလကို ကျွန်မတို့အားလုံး ယခု ထက်တိုင် မမှန်းဆနိုင်သေးပါ။ UNESCO ၏ အချက် အလက်များအရ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်မှာ Lockdown အခြေအနေတွင် နေထိုင်နေကြရပြီး ၉၁ ရာခိုင်နှုန်းသော ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူများ၏ စာသင်ကျောင်းများမှာ ပိတ်ထားရဆဲ ဖြစ်ပါသည်။ ၂၅ သန်းမျှသော အလုပ်သမားများမှာလည်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါသည်။ အဆိုပါ ကပ်ရောဂါ ကြောင့် ထိခိုက်ရမှုများတွင် ပညာရေးသည်လည်း အထိခိုက်ဆုံး ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ သက်ဆိုင်ရာ အစိုးရများ၊ ပညာရေးတာဝန်ရှိသူ အကြီးအကဲများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ အားလုံးတို့သည် ကပ်ရောဂါနှင့် အလွန်ကာလများတွင် ရုတ်ခြည်း ပြောင်းလဲသွားသော အခြေအနေများကြောင့် သက်ငယ်၊ သက်ကြီးများ စာတတ်မြောက်ရေးအပါအဝင် ပညာရေး လုပ်ငန်းစဉ်များ အဆက်မပြတ် လည်ပတ်နိုင်စေရန်နှင့် စဉ်ဆက်မပြတ်စေရန် အတူတကွ အစွမ်းကုန်ကြိုးစား အားထုတ်နေကြပါသည်။
Sep 08, 2020

ထာဝရငြိမ်းချမ်းရေးစေတီတော်ကို နေပြည်တော်တွင် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့ပြီ ဖြစ်ပါသည်။