အမုန်းတရားများကို အဆက်မပြတ်ရိုက်သွင်းလေသောအခါ
ဇူလိုင်လ ၁၆ ရက်နေ့ နံနက်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးရှေ့တွင် မီတာ ဆောင်ရန် လူ ၃၀ ခန့် တန်းစီ စောင့်ဆိုင်းနေလေသည်။ နံနက် ၉ နာရီ ကျော်တွင် အင်္ကျီအဝါ ရောင်လက်ရှည်နှင့်ဂျင်းဘောင်းဘီနက်ပြာရောင် တွဲလျက် ဝတ်ဆင်ထားပြီး ပန်းရောင် ပိုက်ဆံအိတ်ကို လွယ်ထားသည့် အမျိုးသမီးတစ်ဦး YinXing အမျိုးအစား မော်တော်ဆိုင်ကယ် အားစီး၍ ရုံးအတွင်း ဝင်ရောက်လာသည်။
သူက မော်တော်ဆိုင်ကယ်ကို မီတာဆောင်သည့် ကောင်တာအနီး ရပ်တန့်ထားခဲ့ကာ ရုံးအပြင်ဘက်သို့ လမ်းလျှောက်ထွက်ခွာသွားပြီး အပြင်က လာခေါ်သည့် အမျိုးသားတစ်ဦး မောင်းနှင်သော ဆိုင်ကယ်ပေါ်တက်၍ ပြန်လည်ထွက်ခွာသွားသည်။ အပြစ်မဲ့ ပြည်သူ တချို့သည် သူတို့အနီးအနားတွင် သေမင်းတမန် ရပ်နေသည်ကို မသိရှာခဲ့ကြ။ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ထိုသေမင်းတမန်ဆီသို့ တန်းတန်းမတ် မတ်သွားနေသည်။ CCTV မှတ်တမ်းထဲကထိုပုံရိပ်မြင်ကွင်းကိုကြည့်ရင်း သူ့အစား ဘုရားတနေမိသည်။ တော်ပါသေးသည်။
သူသည် သေမင်းတမန်ကို ဖြတ်ကျော် ၍ ခပ်လှမ်းလှမ်းကို ထွက်ခွာသွားလေ သည်။ သို့ရာတွင် အခြားအပြစ်မဲ့ပြည်သူ အချို့ကတော့ သူကဲ့သို့ ကံမကောင်းခဲ့ချေ။ ရပ်တန့်ထားသော ဆိုင်ကယ် အတွင်းရှိ အဖြူရောင်ကီးပက်ဖုန်းဖြင့် ချိတ်ဆက် ပြုလုပ်ထားပြီး အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ ရသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံး ဝန်ထမ်းအမျိုးသားသုံးဦး (တစ်ဦးစိုးရိမ်ရ) နှင့် အမျိုးသမီး လေးဦး(မစိုးရိမ်ရ) ဒဏ်ရာ များ ရရှိခဲ့ပြီး မီတာခဆောင်ရန် ရောက်ရှိ နေသည့် ပြည်သူအမျိုး သားနှစ်ဦး (တစ်ဦး စိုးရိမ်ရ)နှင့် အမျိုးသမီးတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သည်။
၁၉၉၁ ခုနှစ် မေလ ၂၁ ရက်နေ့။ ရာဂျစ်ဂန္ဒီနှင့်အဖွဲ့သည် မဒရပ်လေယာဉ် ကွင်းမှ ရှရီပါရမ် ဘူဒါသို့ မော်တော်ကား ဖြင့် ထွက်ခွာလာကြသည်။ ထိုနေ့တွင် ရာဂျစ်ဂန္ဒီသည် လူထုစည်းဝေး ပွဲကြီး၌ မဲဆန္ဒရှင် ပြည်သူများအား ဟောပြောရန် ဖြစ်သည်။
တမီးလ်အစွန်းရောက် ဝါဒီများ၏ အယ်လ်တီတီအီး (LTTE) အဖွဲ့သည် ရာဂျစ်ဂန္ဒီရွေးကောက် ပွဲ၌ အနိုင်ရရှိပြီး အာဏာပြန်ရလာမည်ကို စိုးရိမ်နေကြသည်။
ရာဂျစ်ဂန္ဒီဟောပြောမည့် စင်မြင့်၏ ပတ်ပတ်လည်၌ ရပ်နေကြသည့် လူထု ပရိသတ်သည် ကြက်ပျံမကျ စည်ကားလို့ နေသည်။ ထိုလူအုပ်သည် ရာဂျစ်ဂန္ဒီ နှင့် လက်တစ်ကမ်း သာကွာသည်။ ထိုဟာကွက်ကိုတမီးလ်အယ်လ်တီတီအီး အဖွဲ့သည် သတိထားမိလေသည်။ ဤသို့ ဖြင့်သူတို့သည် ဒီဟာနု (ခေါ်) ဂါယာတီနှင့် ရှုဘရာ(ခေါ်) ရှာလာနီအမည်ရှိ တမီးလ် အမျိုးသမီးငယ်နှစ်ယောက်ကို စည်းရုံး သိမ်းသွင်း တာဝန်ပေးလိုက်သည်။
သူတို့နှစ်ဦးစလုံးအား အလွန် ပေါက်ကွဲအား ပြင်းထန်သော ပလတ် စတစ်ဗုံးများကို တစ်ကိုယ် လုံးတွင် ချိတ်ဆွဲပေးကာ လူဗုံးများဖြင့် အသွင် ကူးပြောင်းပေးလိုက်ကြသည်။ အကြမ်း ဖက်လူ သတ်သမားနှစ်ဦးသည် ဟောပြော မည့်နေရာသို့ သွားရောက်ကြပြီးလျှင် လူထုပရိသတ်နှင့် အတူ ရောနှောလိုက်ကြသည်။ စင်မြင့်ပေါ်သို့ ရာဂျစ်ဂန္ဒီ တက်သွားခိုက်တွင် လူထုကြီးသည် ရာဂျစ်ဂန္ဒီအား ပန်းကုံးစွပ်ရန်နှင့် လက်ဆွဲ နှုတ်ဆက်ရန် ဝိုင်းအုံ၍ တိုးဝှေ့နေကြသည်။
လူအုပ်ကြီးအတွင်းရောက်ရှိနေသော ဒီဟာနုသည် ပရိသတ်များကို အတင်းတိုးဝှေ့ဖယ်ရှားကာ ရှေ့ဆုံးသို့ရောက် အောင် ကြိုးစားသည်။ ရှေ့ရောက်သော အခါ သူ၏လက်ထဲမှ ပန်းကုံးကို မွန်မြတ်သော လက်ဆောင်အဖြစ် ရာဂျစ်ဂန္ဒီထံ လှမ်းပေးလိုက်သည်။ ထို့နောက် ရာဂျစ် ၏ ရှေ့၌ ဒူးတုပ်၍ထိုင်ကာ ခြေထောက် များကို အမြတ်တနိုးကိုင်တွယ်ပြီး ဝပ်တွားကာ နမ်းရှုပ် လေသည်။
တစ်စက္ကန့်မျှသာကြာသည့် ထိုအချိန် ကလေးအတွင်းမှာပင်ဒီဟာနုသည် ဗုံးကိုဖောက်ခွဲ လိုက်လေ သည်။ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ တရားဟော စင်မြင့်ပတ်လည်ရှိ မြေပြင်သည် သွက်သွက်ခါ တုန်သွားသည်။ ပေါက်ကွဲ မှုကြောင့် ရာဂျစ်ဂန္ဒီ၏ ရင်ဘတ်သည် ပွင့်ထွက်သွားပြီး တစ်ကိုယ်လုံး လူရုပ် မပေါ်အောင် တစ်ပိုင်းတစ်စစီ ဖြစ်သွားခဲ့သည်။ ။
ဤဗုံးပေါက်ကွဲမှုကြောင့် ရာဂျစ်ဂန္ဒီ၊ သူ့အား လုပ်ကြံသူအမျိုးသမီးနှင့် အရာရှိ များစွာ သေဆုံး သွားသည်။ အနီးအနားရှိ ပရိသတ်များထဲမှ လူတော်တော်များများ လည်း သေဆုံးခဲ့ကြပြီး လူပေါင်းများစွာမှာ လည်း ဒဏ်ရာရခဲ့ကြလေသည်။ ။
ဒီဟာနုသည် တမီးလ်တိုက်ဂါးအဖွဲ့ ၏ Black Tiger အသေခံအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ တမီးလ်တိုက်ဂါးအဖွဲ့ ၏ မျှော်မှန်းချက်မှာ တမီးလ်နိုင်ငံ ထူထောင်ရန်ဖြစ်သည်။ သူတို့၏ ရည်မှန်း ချက်များအောင်မြင်ရေးအတွက် တမီးလ် အစွန်းရောက်သူများကို လူ့အသက်ထက် ပို၍ပေးဆပ်သင့်သည့် စိတ်ဓာတ်မျိုး ဖြစ်လာစေရန်ရိုက်သွင်းပေးခဲ့သည်။
သို့အတွက် မသိနားမလည်သူများ၊ အစွန်းရောက်လူငယ်များသည် Black Tiger အဖွဲ့ဝင် ဖြစ်လျှင် ဂုဏ်ရှိသည်ဟုယူဆကာ အဖွဲ့ဝင်ဖြစ်ရန် လျှောက်လွှာ များပင် တန်းစီ၍တင်ကြသည်။ ခေါင်းဆောင်များက စံနှုန်းများနှင့် ညီ၊ မညီ အင်တာဗျူးများခေါ်၍ စိစစ်ရသည့် အထိပင် များပြားခဲ့သည်။
အကြမ်းဖက်ဝါဒီခေါင်းဆောင်များသည် မသိနားမလည် လူငယ်လူရွယ် များကို အကြမ်းဖက် လုပ်ငန်းများတွင် အသက်စွန့်၍ လုပ်ဆောင်နိုင်ရန် ရှေးဦး စွာ Brain Washing ခေါ် ဦးနှောက်ကို ဆေးပစ်လေ့ရှိသည်။ ပြီးမှ ၎င်းတို့လိုချင် သည့် သဘောတရားများကို သွတ်သွင်း လေသည်။ စစချင်းထိုသို့ပုံစံရိုက်သွင်းမှန်း မသိစေဘဲ မသိလိုက်မသိဘာသာ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားအောင် နားချပြီးမှ စည်းရုံးတတ်ကြသည်။
ကိုယ့်ဘက်ပါလာပြီ ဆိုသောအခါ အချိန်တိုင်း၊ အချိန်တိုင်း အခြားအကြောင်း ကို မစဉ်းစားမိစေရန်၊ အမုန်းတရားနှင့် သဘောတရားရေးရာများကို အချိန်တိုင်း ဖြစ်ပေါ်နေစေရန်၊ ရှိနေစေရန် လုပ်ဆောင် ပေးလေတော့သည်။
တာလီဘန်၊ဟစ်တိုလာနှင့် ဟားမတ်စ် အကြမ်းဖက်အဖွဲ့များကမူ “ဘာသာရေး အတွက် သေမည်ဆိုလျှင် ကောင်းကင်ဘုံရောက်မည်”ဟု ဆိုကာ ဘာသာရေးကို တလွဲအသုံးချ၍ လူငယ်များကို မြှောက်ပင့် စည်းရုံးလေ့ရှိသည်။
“မိမိကိုယ်ကိုမိမိ စွန့်လွှတ်အနစ်နာ ခံခြင်း”ဟုဆိုကာ အီရန်သည် အီရန်အီရတ်စစ်ပွဲတွင် လူမမည်အရွယ် စစ်သား ငယ်များအား နိုင်ငံသို့ကျူးကျော်သူ အီရတ်တပ်များ ထောင်ထားသည့် မိုင်းကွင်းများရှေ့မှ ဖြတ်လျှောက်ခိုင်းစေ ခဲ့သည်။ အီရန်ဘာသာရေးစစ်ပွဲများတွင် သေဆုံးခဲ့ သူများကို အာဇာနည်များဟု သတ်မှတ်ကာ မိသားစုဝင်များနှင့် အိမ်နီး ချင်းများအား သူတို့၏ သားများ သေဆုံးမှု အပေါ် ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ်များ လုပ်ရန်ပင် ညွှန်ကြားခဲ့လေသည်။
ဟားမားစ်တို့ကမူ အသေခံဗုံးဖောက်ခွဲ သူကို “အပျိုစင် ခုနစ်ဆယ့်နှစ်ယောက် သည် ကောင်းကင်ဘုံတွင် စောင့်ကြို နေသည်”ဟု လူငယ်များကို စည်းရုံး သိမ်းသွင်းခဲ့လေသည်။ နောက်တစ်ဆင့် တက်၍ “ဂျီဟတ်” ဆိုသည့် ခေါင်းစဉ် အောက်တွင် မိမိကိုယ်မိမိ ရည်ရွယ်ချက် ရှိရှိ သတ်သေရန် စေစားခဲ့သည်။ နောက်ပိုင်းတွင် အသေခံဗုံးခွဲသူ၏ မိသားစုဝင်များပင် ကောင်းကင်ဘုံတွင် နေရာတစ်ခုရလိမ့်မည်ဟု ဆိုပြန်သည်။
ဟားမားစ်တို့သည် နောက်ပိုင်းတွင် တမီးလ်တိုက်ဂါးအဖွဲ့ကဲ့သို့ပင် အမျိုး သမီးများကို အသေ ခံဗုံးခွဲ တိုက်ခိုက်ရေး အဖွဲ့ဝင်များအဖြစ် အသုံးပြုလာသည်။ “ဘာသာရေး စစ်ပွဲအတွက် အမျိုး သား၊ အမျိုးသမီးပါမကျန် တာဝန်ရှိသည်။ ရန်သူကို အမိမြေကနေ မောင်းထုတ်ပြီး သည့်အထိ ခုခံတော်လှန်ရေး ဆက်လက် ဆင်နွှဲမည်” ဟုလည်း ကြွေးကြော်ခဲ့သည်။
အသေခံဗုံးခွဲသူ အကြမ်းဖက်သမား များကို စေ့ငုလေ့လာကြည့်လျှင် ဆင်းရဲ မွဲတေမှုကြောင့် သေမထူး နေမထူးများ၊ ဦးနှောက်ဆေး ခံထားရသူများ၊ ဘာသာရေးအယူအဆအရ ဘာသာရေး အတွက် အသေခံမည်ဆိုလျှင် ကောင်းကင် ဘုံသို့ ရောက်ရှိမည်ဟူသော အစွဲအလမ်း ကြီးသူများ ဖြစ်ကြောင်း တွေ့ရပေမည်။ တူညီသောအချက်ကား သူတို့သည် အာဃာတအမုန်းတရားများ ကြီးမားသူ များဖြစ်လို့နေသည်။ ထိုသို့ အမုန်းတရား များ အားကြီးလာစေရန်လည်း အကြမ်း ဖက်ဝါဒီခေါင်းဆောင်များသည်တစ်ယူသန် အမုန်းတရား ပွားသည်ထက်ပွားအောင် သွေးထိုး လှုံ့ဆော်စည်းရုံး ဟောပြော ပေးကြသည်။
မြန်မာနိုင်ငံတွင်လည်း သမိုင်းကြောင်း တစ်လျှောက် အစဉ်အလာကြီးမားခဲ့သော တပ်မတော်ကို မုန်းတီးလာစေရန် လွန်ခဲ့သည့်ငါးနှစ်မှစ၍ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တစ်ဖက်လော်ဘီ များကတစိုက်မတ်မတ်လှုံ့ဆော်ရေးသား ခဲ့လေသည်။
ထိုအကျိုးအဆက်ကား ဖေဖော်ဝါရီ | ၁ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ | ခုနှစ်) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဖြစ်ပေါ်ခဲ့သော မြန်မာ့ နိုင်ငံရေးအကူးအပြောင်းတွင် မသိ
နားမလည်သူလူငယ်အချို့ကိုအစွန်းရောက် | အကြမ်းဖက်သမားများအဖြစ် တွန်းပို့ခဲ့
သည်။ အကြမ်းဖက်ဝါဒီခေါင်းဆောင် များသည် ကိုယ်အာဏာပြန်လည်ရရှိရေး အတွက် နွေဦးတော်လှန်ရေးဟုဆိုကာ မျိုးဆက်သစ်လူငယ်များကို PDF များ၊ GZများဟုသွေးထိုးမြှောက်ပင့်၍ အပြစ်မဲ့ ပြည်သူများ၊ ဝန်ထမ်းများကို လုပ်ကြံ သတ်ဖြတ်ခြင်း၊ အကြမ်းဖက်မိုင်းထောင် ဗုံးခွဲခြင်းများကို လုပ်ဆောင်စေခဲ့သည်။
အကြမ်းဖက်ဝါဒီ ခေါင်းဆောင်များ ၏ စေခိုင်းမှုကြောင့် အပြစ်မဲ့ပြည်သူ များ၊ အုပ်ချုပ် ရေးမှူးများ အများအပြား သေဆုံးခဲ့ကြရသည်။ နုနယ်သော လူငယ် အချို့၏ လက်တို့တွင် လည်း အပြစ်မဲ့ ပြည်သူတို့၏သွေးများ စွန်းထင်းခဲ့ကြရ လေပြီ။ တစ်ချိန်က မိဘရင်ခွင်အောက် တွင် ဂိမ်းကစား၊ အပေါင်းအဖော်များနှင့် လွတ်လပ်ပေါ့ပါး မြူးတူးပျော်ရွှင်စွာ နေထိုင် လာခဲ့ကြသော လူငယ်အချို့သည် လည်း အကြမ်းဖက်သမားဘဝသို့ ရောက်ခဲ့ကြရလေပြီ ယခုနောက်ဆုံး မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် လျှပ်စစ်ရုံးအကြမ်းဖက် ဗုံးခွဲမှုဖြစ်စဉ်တွင် မိမိတို့ သမီးအရွယ်၊ တူမအရွယ် အမျိုးသမီးငယ်တစ်ဦးသည် ပင်လျှင် အပြစ်မဲ့ပြည်သူများကို လက်ရဲ ဇက်ရဲ ဗုံးခွဲရဲသည့်အခြေအနေသို့ ဆိုက်ရောက်လာသည်။ ။
သို့ဖြစ်ရကားကံမကောင်းအကြောင်း မလှ အပေါင်းအသင်းမှား၍ လမ်းမှားသို့ ရောက်နေ ကြသော လူငယ်များအဖို့“ငါအကြမ်းဖက်သမား ဖြစ်နေပြီ။ ငါ့လုပ်ရပ်က ကမ္ဘာ့အကြမ်းဖက်အဖွဲ့ အစည်းများ လုပ်ရပ်နဲ့ လမ်းစဉ်အတိုင်း ဖြစ်နေပြီ” ဟူ၍ အမြန်ဆုံးစဉ်းစား ဆင်ခြင်သုံး သပ်နိုင်ကြပါစေဟု မျှော်လင့် ဆုတောင်းမိရုံမှအပ အခြားမရှိတော့။
စာချစ်သူ