Skip to main content

ပြည်သူ့အတွက် လိပ်ပြာလုံပါစေ

 

သားအဖနှစ်ဦး ကိုဗစ်ရောဂါခံစားပြီး အိမ်ထဲမှာ သေဆုံးနေကြတဲ့အတွက် ပရဟိတအဖွဲ့က သေဆုံး ခန္ဓာတွေကို သင်္ဂြိုဟ်ဖို့ ဆောင်ရွက်ပေးနေတဲ့ ဗီဒီယိုဖိုင်ကို တွေ့မြင်ရတော့ ပြည်သူတစ်ယောက် အနေနဲ့ စိတ်မချမ်းမြေ့ဖွယ်ပါ။ ဒီလိုပြည်သူတွေ ကျန်းမာရေးအတွက် လိုအပ်နေချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေ အားနဲ့ မာန်နဲ့၊ အင်နဲ့ အားနဲ့ ရှိစေလို ပါတယ်။

ပြည်သူ့ကျန်းမာရေးကို လျစ်လျူမရှုစေလို

နိုင်ငံရေးအမြတ်ထုတ်ဖို့ ရည်ရွယ်ထားတဲ့ CDM သွေးထိုးလှုံ့ဆော်မှုတွေကြောင့် CDM လုပ် သွားတဲ့ ဝန်ထမ်းတွေထဲမှာ ကျန်းမာရေးဝန်ထမ်း တွေလည်း ပါပါတယ်။ CDM လုပ်လို့ လုပ်ငန်းခွင် ပျက်ကွက်နေတဲ့ ကျန်းမာရေးဝန်ထမ်း မပြည့်စုံမှု ရှိနေတဲ့အတွက်၊ ကပ်ရောဂါကူးစက်မှုက အလွန် မြန်ဆန်တဲ့အတွက် လက်ရှိ ကာကွယ်၊ ထိန်းချုပ် ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိနေပါတယ်။ CDM လုပ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဆိုတာ လည်း လူသားတွေမို့ ခံစားချက်၊ ယုံကြည်ချက်တွေ ရှိနေနိုင်တာကိုတော့ နားလည်နိုင်ပေမယ့် ပြည်သူ့ ကျန်းမာရေးကို လျစ်လျူမရှုစေလိုပါ။

CDM လှုံ့ဆော်စည်းရုံးမှုတွေကြောင့် ဆရာဝန် တွေ၊ သူနာပြုတွေ ဆေးရုံမှာ အင်အားပြည့်မရှိလို့ ပြည်သူတွေ ကျန်းမာရေးအတွက် မျက်နှာငယ်ရတဲ့ အချိန်ပါ။ တကယ်တော့ အစိုးရနဲ့လူနာဟာ အလှမ်း ဝေးလှပါတယ်။ ဒါကို ခွဲခြားမြင်ရမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ မထိန်းချုပ်နိုင်ရင် ဒုက္ခရောက် မှာ ပြည်သူဖြစ်ပြီး အစိုးရမဟုတ်တာကို နားလည် ရမှာဖြစ်ပါတယ်။ သွေးထိုး လှုံ့ဆော်မှု တွေကြောင့် ဆေးရုံနဲ့ ဆရာဝန် ကင်းကွာနေတဲ့အတွက် လူနာ တွေအားလုံး၊ အဲဒီထဲကမှ အဓိကဒုက္ခရောက်နေရ တာ အခြေခံလူတန်းစားပြည်သူတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါစတင်ဖြစ်ပွားချိန်ကနေ ဇူလိုင် ၁၆ ရက်အထိ အတည်ပြုလူနာ နှစ်သိန်း ကျော်ရှိပြီဖြစ်ပြီး အာဆီယံတွင် နံပါတ် (၅)နေရာမှာ ရှိနေပါတယ်။ အခုအချိန်မှာ ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးဟာ အမျိုးသားရေး ဖြစ်နေပါတယ်။ ပြည်သူတွေရဲ့ အသက်တွေနဲ့ဆိုင်တဲ့ ပြည်သူ့ကျန်းမာ ရေးကိစ္စသက်သက်သာ ဖြစ်ပါတယ်။ နိုင်ငံရေးမဟုတ် တာကို အလေးပေးသတိပြုစေချင်ပါတယ်။

သရုပ်မှန်ကို သိဖို့လို

လေလှိုင်းပေါ်ကနေပဲ ပြည်သူ့ကျန်းမာရေးကို ဂရုစိုက်ပြတဲ့ CRPH နဲ့ NUG ရဲ့ ဝါဒမှိုင်းတွေကြောင့် လက်တွေ့ခံစားနေရတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး လိုအပ်ချက်ကို လျစ်လျူမရှုစေလိုပါ။ ပြည်သူတွေ ကပ်ရောဂါကြောင့် ထိခိုက်ခံစားနေရတဲ့အချိန်မှာ ဗုံးခွဲ၊ လူသတ် စတဲ့အကြမ်းဖက်လုပ်ရပ်တွေ လုပ်မြဲ လုပ်ဆဲဖြစ်သလို မဖြစ်ဖြစ်လာအောင် သွေးထိုး ဖန်တီးနေတဲ့ တိုင်းဖျက်၊ ပြည်ဖျက် CRPH နဲ့ NUG သရုပ်မှန်ကို သိဖို့လိုအပ်နေပြီဖြစ်ပါတယ်။

လက်တွေ့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် တွေကို ပြည်သူတွေအနေနဲ့ စနစ်တကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ နိုင်ငံရေး အကျိုးအမြတ်အတွက်၊ ဝိသမလောဘအတွက် မမှန်မကန် ထုတ်လွှင့်နေမှုတွေကို နားမယောင်ဖို့၊ မယုံကြည်ဖို့ လိုအပ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ ပြည်သူ့ကျန်းမာရေး ဖြစ်တဲ့အတွက် ဖြန့်ကြက်ပြီးတော့ အားလုံးဝိုင်းဝန်း

ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြည်သူလူထု ကျန်းမာ ရေးအတွက် ကုသရေးအပိုင်းမှာ နိုင်ငံ အတွင်းက ဆေးရုံတွေကို အရင်လကတည်းက စီမံပြင်ဆင် နေတာကို တွေ့ရပါတယ်။ ကာကွယ် ဆေးတွေ ထပ်မံ ရောက်ရှိလာပါက ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံ နိုင်ဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင်

ရောဂါဖြစ်ပွားနေသူတွေအတွက် အောက်ဆီဂျင် လိုအပ်မှုကို အမြန်ဆုံးဖြည့်ဆည်း နေတာကို လည်း တွေ့ရပါတယ်။

လာဘ်တစ်ပါး ပိုင်ဆိုင်နိုင်အောင် ဖြည့်ဆည်း

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ဆိုကြပါ တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေအနေနဲ့ ပြည်သူတွေ လာဘ်တစ်ပါး ပိုင်ဆိုင်နိုင်အောင် ဖြည့်ဆည်းပေးစေလိုပါတယ်။ ကပ်ရောဂါကို အမြန် ဆုံးတိုက်ထုတ်နိုင်ဖို့အတွက် ကျန်းမာရေး ဝန်ထမ်း တွေရဲ့ အခန်းကဏ္ဍဟာ ရှေ့တန်းမှာ ရှိတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ ခံစားသိမြင်ပါတယ်။

လက်ရှိ ကူးစက်မှုမြင့်မားနေတဲ့ ကိုဗစ် -၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ပြည်သူ့ကျန်းမာရေး လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်။ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း တွေ ပူးပေါင်းကူညီပေးဖို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။ ။

ဒီလို စေတနာ့ဝန်ထမ်းအဖြစ် စိတ်ပါဝင်စားတဲ့ သူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းတွေ အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဆက်သွယ်နိုင်ပါတယ်။ ဒီလိုမျိုး ချိတ် ဆက်ပါဝင်လာတဲ့ စိတ်ပါဝင်စားသူ တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းတွေကို လိုအပ်ချက် ရှိနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ ဒီလို အများအကျိုးအတွက် စေတနာ့ဝန်ထမ်းလုပ်ပေးသူ တွေရဲ့ စားသောက်နေထိုင်ရေးကိုပါ စီစဉ်ပေးသွား မှာဖြစ်တဲ့အကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အခုလိုဆောင်ရွက်ချက် တွေ ဟာ ပြည်သူ့ ကျန်းမာရေးအတွက် အားဖြစ်စေပါတယ်။ ။

ဒါ့အပြင် လုပ်ငန်းခွင်ကနေ ပျက်ကွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ပြန်လည်တာဝန် ထမ်းဆောင်နိုင်တယ်။ ဒီလို ပြန်လည်တာဝန် ထမ်းဆောင်လိုတယ်ဆိုရင် စိုးရိမ်ကြောင့်ကြမှု မရှိဖို့နဲ့ ပြည်သူ့ဆေးရုံတွေ၊ ကိုဗစ်-၁၉ ရောဂါ ကုသ ရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ စီစဉ် ပေးသွားမယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့က ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား တာကို တွေ့ရပါတယ် နိုင်ငံရေးနဲ့ မရောထွေးစေလို ဒီလိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို တွေ့ရှိရတော့ ဆရာဝန်တွေရဲ့ “ကျွန်ုပ်တို့သည် ဆည်းပူးတတ်မြောက်ထားသော

ဆေးပညာဖြင့် ဂိလာနပုဂ္ဂိုလ်များ၏ ကျန်းမာရေး ကို စေတနာမေတ္တာရှေ့ထား၍ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက် ကုသပါအံ့” ဆိုတဲ့ သစ္စာဓိဋ္ဌာန်ကိုလည်း သတိရမိ ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ CDM လုပ် နေတဲ့ ဆရာဝန်၊ သူနာပြု စတဲ့ကျန်းမာရေးဝန်ထမ်း တွေကို မေတ္တာရပ်ခံလိုသည်မှာ သူတစ်ပါးရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ သင်ကြားလာတဲ့ ဆေးပညာတွေကို နိုင်ငံရေးနဲ့ မရောထွေးစေလိုပါ။ အင်မတန် မွန်မြတ်သန့်စင်တဲ့အလုပ်မို့ စဉ်းစား စေလိုပါတယ်။

ဒါကြောင့် CDM ကြောင့် ဆေးရုံနဲ့ ကင်းကွာ၊ လူနာတွေနဲ့ ကင်းကွာနေတဲ့ ဆရာဝန်၊ သူနာပြု ဆရာ ဆရာမ အားလုံးအနေနဲ့ ကပ်ရောဂါကာလ မှာ ပြည်သူ့ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့ လူနာတွေဆီပြန်လာပြီး သမားဂုဏ်ရည် ပြပေးစေလိုပါတယ်။ ပြည်သူ့ ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှသာ ပြည်သူ့အတွက် ဖြစ်မှာ ဖြစ်ပါတယ်။ သို့မှသာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ကျေပြီး လိပ်ပြာလုံနိုင်မှာ ဖြစ်ပါတယ်လို့ ပြည်သူ ထဲက ပြည်သူတစ်ယောက် အနေနဲ့ တင်ပြလိုက်ရပါတယ်။ ။

ဘုန်းမြတ်မင်းနိုင်