Skip to main content
Oct 05, 2020
ကမ္ဘာ့ဆရာများနေ့ဆုမွန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၄ ရက် (တနင်္လာ နေ့)သည် ကမ္ဘာ့ဆရာများနေ့(WORLD TEACHER’S DAY) ဖြစ်ပါသည်။ မင်္ဂလာကျက်သရေအပေါင်းတို့နှင့်ပြည့်စုံသော ကမ္ဘာ့ဆရာ များနေ့ အခါသမယတွင် ဆရာဆရာမ များအားလုံးကို လေးစားစွာဖြင့် ဂါရ၀ပြုအပ်ပါသည်။
Oct 05, 2020
ဆရာကောင်း - အကျင့်သီလနှင့်ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ်ရှိရမည်။ - သမာဓိနှင့်ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာ ဖြစ်ရ မည်။ - ပညာနှင့်ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာဖြစ်ရမည်။ - တပည့်များမသင့်လျော်ပြောဆိုမှုကို တွေ့မြင်လျှင် လျစ်လျူမရှု၊ ကြောင့်ကြပြုပြီး ပြောဆိုဆုံးမနိုင်ရ မည်။ - သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုမှုဟူသမျှကို သည်းခံနိုင်ရမည်။ - နက်နဲသော တရားစကားပြောကြားနိုင်ရမည်။ - တပည့်များ မသင့်လျော် မလျောက်ပတ်သောအရာ တို့တွင် ခိုင်းစေခြင်းမပြုရ။ ထိုကဲ့သို့သော ဆရာကောင်းကို မှီဝဲမှသာ တပည့် ဖြစ်သူ၏ သီလ၊ သမာဓိ၊ ပညာ တိုးပွားနိုင်မည်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ သတ္တနိပါတ်ဒေသတာဝဂ် ဒုတိယမိတန္တသုတ်)
Oct 05, 2020
မြန်မာနိုင်ငံ ပြည်သူပြည်သားတို့အပေါ် ရိုက်ခတ်ခဲ့သော ကိုဗစ်-၁၉ ပထမအကြိမ်က အလွန်ညင်သာသည်။ ယခု ဒုတိယလှိုင်း ကတော့ မညင်သာ။
Oct 03, 2020
နိဒါန်း “ဆရာ” “ဗျာ” “ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ” “ ရှေ့နေနှင့် ဇာတ်လမ်းများပါတဲ့ ” “ဘာကိုဆိုလိုတာလဲဆရာ” “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပေးနေတဲ့ ပညာပေး ဇာတ်လမ်းများအကြောင်းကို ရှေ့နေတစ်ဦး အနေနှင့် တင်ဆက် ရေးသားချင်လို့ပါ ” “ဘယ်လိုဇာတ်လမ်းများပါလဲဆရာ” “ကိုင်း --ဖတ်ရှုလေ့လာကြည့်ကြစို့ ”
Oct 03, 2020
အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Oct 03, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့ က အောက်တိုဘာ ၁ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါ သည် -
Oct 03, 2020
သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောကတို့၏ အတက်၊ အကျ၊ အနိမ့်၊ အမြင့်၊ ပျက်စီးမှု၊ တည်ဆောက်မှု တို့ကို ဖန်တီးနေသူ၊ ဖန်တီးနိုင်သူမှာ လောက၏ ခေါင်းဆောင်လူသားပင် ဖြစ်သည်။ လူသည် အတွေ့ အကြုံကို အခြေခံ၍ ဘဝကို မြှင့်တင်သည်။ တည်ဆောက်သည်။ ကြံဆောင်အားထုတ်သည်။ လက်၊ နှလုံးသား၊ ဦးနှောက်တို့ဖြင့် ဖန်တီးသည်။ တီထွင်သည်။
Oct 02, 2020
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဝင်ပေါက် လစ်လပ်ရာထူးနေရာများကို စနစ်တကျစိစစ်ရွေးချယ်ပေးခြင်း၊ ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန် ချက်များ ချမှတ် နိုင်ရေးတို့အတွက် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း နိုင်ငံတော်အစိုးရအား အထောက်အကူပြုရန် အတွက် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်လျက် ရှိပါသည်။
Oct 02, 2020
စီးပွားရေးရှုထောင့်ကပြောရရင် ကိုဗစ်နဲ့ပတ်သက်လို့ အဆိုးဆုံးနေ့ကတော့ ဧပြီလ ၁၀ ရက်နေ့ပါ။ နိုင်ငံ အတော်များများမှာ လော့ခ်ဒေါင်းချတာ အပြင်းထန်ဆုံးဖြစ်ပြီး လူတွေအိမ်ထဲမှာပဲ နေကြရ၊ ဘာမှ လုပ်မရ။ အဲဒီနေ့မှာ ခါတိုင်းထက် ကမ္ဘာ့ဂျီဒီပီ ၂၀ ရာခိုင်နှုန်းကျဆင်းတယ်။ အဲဒီနောက်ပိုင်းမှာ အစိုးရတွေက လော့ခ်ဒေါင်းတွေ ပြန်ဖွင့်ပေးလာကြတယ်။ စီးပွားရေးပြန်ပြီး ဦးမော့စ ပြုလာကြတယ်။ ဒုတိယ သုံးလ ပတ်နဲ့စာရင် ဒီနှစ် တတိယပတ်မှာ ကမ္ဘာ့ဂျီဒီပီခုနစ်ရာခိုင်နှုန်း တက်မယ်လို့ သုတေသီတွေက မှန်းဆကြ တယ်။
Oct 02, 2020
မြန်မာနိုင်ငံ၌ တံတားများကို မြန်မာဘုရင်များ လက်ထက်ကတည်းက တည်ဆောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အထောက်အထားများအဖြစ် ခရစ်သက္ကရာဇ် ၁၄၄၄ ခုနှစ် ကုန်းဘောင်မင်းခေတ်က အရှည်ပေ ၃၉၀၀ ရှိသော စစ်ကိုင်းအင်းဝတံတားကြီးဖြစ်သည်။