Feb 28, 2021

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် မဂဓတိုင်း ရွာသစ်တစ်ခုမှ လူတို့ သည် တောတွင်း၌ အလုပ်လုပ်ကြရာ မှက်၊ ခြင်တို့ ကိုက်သဖြင့် နီးရာလက်နက်ဖြင့် ရိုက်ပုတ်ကြရာမှ မှက်၊ ခြင်တို့သာမက အချင်းချင်း ရိုက်နှက်မိကြ သဖြင့် မိမိတို့ ကိုယ်၌ပါ ဒဏ်ရာရရှိ ဝေဒနာခံစား ရသည်ကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဟောတော်မူခဲ့သည်။
ရှေးရှေးအခါ ကာသိတိုင်းရွာတစ်ရွာမှ လှည်းသမားတစ်ယောက်သည် သစ်ရွေလျက်ရှိသည်။ မှက်ကြီးတစ်ကောင် သည် ဦးခေါင်းတွင် နား၍ ကိုက်ခဲလျက်ရှိသည်။ နာကျင်လှသဖြင့် အနီးရှိ သားငယ်ကို မှက်အားရိုက်ရန် ပြော၏။ သားငယ် သည် မှက်ကို အနီးရှိပုဆိန်ဖြင့် ခုတ်လိုက်ရာ အဖေ ၏ ဦးခေါင်းထက်ခြမ်းကွဲ၍ နေရာတွင်ပင် သေဆုံးရ သည်။
Feb 28, 2021

နယ်ချဲ့တဲ့ ဂုတ်သွေးစုတ်အမျိုးယုတ်ကောင် တွေကို တန်ခိုးနုပ်အောင် အမျိုးပြုတ်အောင်ပင် ခုတ်ကျူငုတ်မကျန်အောင်ဆော်.... ။ အဖနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့တဲ့ အောင်ဆန်းနော် တေဇနော် ဗိုလ်ချုပ်နော် မြန်မာတွေသွေးတစ်စက် ရာပြည်ထောင် အသက်နဲ့လဲလို့ အဖက်မတန်ပေါင်
Feb 27, 2021

လူသားတိုင်းသည် စိတ်ခံစားမှုကိုယ်စီ ရှိကြသည်။ ယုံကြည်ချက်၊ ခံယူချက်အပေါ် မူတည်ပြီး စိတ် ခံစားချက်များရှိသကဲ့သို့ ပတ်ဝန်းကျင်စေ့ဆော်မှုကြောင့်လည်း စိတ်ခံစားမှုများ ပြောင်းလဲတတ်ကြ သည်။ စိတ်ခံစားချက်ကြောင့် ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်ခြင်း၊ သက်ဝင်ယုံကြည်ခြင်း၊ မလိုမုန်း ထားခြင်း၊ ဆန့်ကျင်ခြင်း၊ ပေါင်းစုခြင်း၊ ဒေါသဖြစ် ခြင်း စသည်တို့ ကိန်းအောင်းလာတတ်ကြသည်။ စိတ်ခံစားချက်ကိုသာ ဦးစားပေး၍ အမှားနှင့် အမှန်ကို ခွဲခြားသိမြင်နိုင်သော ဉာဏ်ပညာဆိုသည့် ချွန်းအုပ်ပြီး မဆောင်ရွက်နိုင်ပါက စစ်မှန်သည့် ကောင်းကျိုးချမ်းသာ ရရှိမည်မဟုတ်ပါ။
Feb 27, 2021

ဘဝတစ်ခု ရေရှည်ရှင်သန်နေထိုင်နိုင်ဖို့ဆိုရင် အလုပ်အကိုင်ရယ်၊ ငွေကြေး(ဝင်ငွေ) ရယ်၊ ဆွေးနွေးပြောဆိုနိုင်ဖို့ မိတ်ဆွေကောင်းရယ် မရှိမဖြစ် လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ လုပ်ငန်းခွင်၊ ထိုက်သင့်တဲ့ ဝင်ငွေ(လစာ)၊ ဆုံးမလမ်းညွှန်ဆွေးနွေးပေးမယ့် ဆရာသမားတွေ၊ မိတ်ဆွေတွေ ရှိနေတာတောင်မှ တစ်ခါတစ်ရံ စိတ်မကြည်တာတို့၊ စိတ်ပင်ပန်းတာတို့က ရှိတတ်စမြဲပါ။
Feb 26, 2021

သုတေသနပညာရပ်သည် ကမ္ဘာနှင့်ချီသည့် တီထွင် ဆန်းသစ်မှုများသာမက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကိုပါ ထိရောက်စွာ အကျိုးပြုသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်မျိုးစုံတို့တွင် သုတေသနသည် အောင်မြင်မှုအတွက် အထောက် အပံ့ဖြစ်သည်။ အဆင့်မြင့်ပညာရပ်များသင်ယူရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ စီမံကိန်းများဖော်ဆောင်ရေးမှသည် နိုင်ငံတော်၏ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရေးနှင့် စိစစ်လေ့လာအကဲဖြတ်ရေးစသည့် ကိစ္စရပ် အမျိုးမျိုးတွင် မရှိမဖြစ်အသုံးချရသော ပညာရပ် တစ်ခုဖြစ်သည်။
Feb 26, 2021

ကံထူးမတိုက်နယ်ဆေးရုံရှေ့က ဗီဒီယိုဖိုင်လေး တစ်ခု မနေ့က လူမှုကွန်ရက်မှာ တက်လာခဲ့ပါ တယ်။ CDM မလုပ်ဘဲ သူ့တာဝန်ကို သူထမ်းဆောင်၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူ တွေကို အစွမ်းကုန် တာဝန်ကျေပွန်နေတဲ့ ဆရာဝန် ကို လူ ၁၀၀ ကျော်ပါတဲ့ လူအုပ်စုတစ်စုက အတင်း အကျပ် ဖိအားပေးပြီး CDM လုပ်ခိုင်းခဲ့တာပါ။
Feb 26, 2021

လိမ်လည်လှည့်ဖြားခြင်းကို အခြေခံသော နိုင်ငံရေးသည် ယိုယွင်းပျက်စီးခြင်းသို့ ဦးတည်သည် ဖြစ်၏။ နိုင်ငံရေးသမားတို့သည်လည်း ပျက်စီး လိမ့်မည်တည်း။ နိုင်ငံရေးပါတီတို့သည်လည်း ပျက်စီးလိမ့်မည်တည်း။ နိုင်ငံသည်လည်း ယိုယွင်း ပျက်စီးလိမ့်မည်တည်း။
Feb 25, 2021

မှန်ကန်တာကို ရဲဝံ့စွာဆောင်ရွက်တတ်သူကို သူရဲ ကောင်းဟု ဆိုပါတယ်။ မှန်ကန်တာနဲ့ ဒွန်တွဲနေ ခြင်းက ရဲရင့်ခြင်း။ ဘယ်လို မှန်ကန်ရမှာလဲဆိုရင် သစ္စာမှန်ကန်ရမှာ ရဲရင့်ခြင်းဆိုရာမှာလည်း သတ္တိ ရဲရင့်ရမှာ။ သတ္တိဟုဆိုရာမှာလည်း မှန်ကန်သော ကိစ္စကို ရဲဝံ့စွာ ပြုလုပ်ခြင်းသာမကဘဲ မကောင်းမှု ကို မလုပ်မိအောင် စောင့်ထိန်းနိုင်ခြင်း၊ မှားယွင်း သော ဆန္ဒလောဘကို မပြုမိအောင် ချုပ်တည်းနိုင် ခြင်း၊ သည်းခံနိုင်ခြင်းတို့ကို ဆိုလိုတာဖြစ်တယ်။
Feb 24, 2021

တပ်မတော်က နိုင်ငံတော်တာဝန်ယူခဲ့တာ တစ်လနီးပါးရှိခဲ့ပါပြီ။ ဒီလို တာဝန်ယူခဲ့ရတာဟာ အရင်းခံအကြောင်းတစ်ချို့နဲ့ လတ်တလော အကြောင်းရင်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ မှန်ကန်မှု မရှိနိုင်ခြင်း၊ တရားမျှတမှု မရှိခဲ့ခြင်း၊ မဲစာရင်းများ မှားယွင်းနေခြင်း၊ မဲမသမာမှု ဖြစ်နိုင်ခြင်း စတဲ့ အခြေအနေတွေရှိခြင်း စတာတွေကြောင့် ဒါတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံရေးပါတီတစ်ချို့နဲ့ တပ်မတော်က ထောက်ပြတောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူ အဆင့်ဆင့်က လက်မခံ၊ ငြင်းပယ်ပြီး လျစ်လျူရှုခဲ့လို့ ဒီအဆင့်ကို ရောက်ခဲ့ရတာပါ။
Feb 24, 2021

နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ......... ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူး တစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့်၊ နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည့်ဝန်ထမ်း ကိုဆိုသည်။