Skip to main content
Apr 24, 2024
ဆောင်းပါး
နိုင်ငံတစ်ဝန်း၌ မတ်လနှောင်းပိုင်းကတည်းက အပူချိန်တရိပ်ရိပ်မြင့်တက်လာလျက်ရှိသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် တချို့သောဒေသများတွင် အပူချိန် စံချိန်တင်မြင့်တက်လျက် ရှိသည်။ မတ် ၃၁ ရက်တွင် ချောက်၊ မင်းဘူး၊ မကွေးနှင့် တောင်တွင်းကြီးမြို့များ၏ အပူချိန်သည် ၄၂ ဒီဂရီဆဲလ်စီးယပ်ဖြစ်သည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်လောက်သည်ပင်လျှင် လွန်စွာပူပြင်းလှပါသည်။ နေ့စဉ်မြင့်တက်လျက်ရှိသော အပူချိန်ကြောင့် ယခုရက်ပိုင်အတွင်း မိုးလင်းကတည်းက ချွေးတဒီးဒီးကျပြီး နေရထိုင်ရခက်လာသည်။ လူတိုင်း၏နှုတ်ဖျားတွင် ပူလိုက်တာဆိုသောစကားကိုပဲ နေ့စဉ်ကြားနေရသည်။ မွန်းလွဲပိုင်းအပူချိန်သည် နေတစ်စင်းတည်းမှ ဟုတ်ရဲ့လားဟုပင် ထင်ရသည်။ လူကြီး၊ လူငယ်အားလုံး အပူဒဏ်ကို အလူးအလဲခံနေကြရသည်။
Apr 24, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Apr 23, 2024
ဆောင်းပါး
တိုင်းရင်းဆေးပညာ အမြင်အရ နွေဥတု၏ သဘောသဘာဝများ၊ နွေဥတုတွင် အပြင်လောကဓာတ်နှင့် ကျန်းမာသည့်သူများ၏ ပကတိပုံမှန်လက္ခဏာများ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ သမုဋ္ဌာန်အလိုအရ ပြုမူနေထိုင်စားသောက်ရမည့် အခြေအနေများနှင့် နွေဥတုတွင် ဖြစ်တတ်သော ရောဂါအချို့ကို တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးဗဟုသုတ မျှဝေခြင်းအလို့ငှာ ရေးသားလိုက်ရပါသည်။
Apr 23, 2024
ဆောင်းပါး
မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေအနက် လေပြင်းမုန်တိုင်းဒဏ်နဲ့ ရေကြီးရေလွှမ်းမိုးတဲ့အန္တရာယ်ကို မကြာခဏခံစားကြရပြီး လေပြင်းမုန်တိုင်းကိုတော့ ရခိုင်ပြည်နယ်က နှစ်စဉ်လိုပဲခံစားရတာကို တွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက စတင်ဖြစ်ပေါ်လာတဲ့ မုန်တိုင်းကြီးတွေဟာ မြောက်ဘက်ကိုရွေ့လျားပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်း‌ခြေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကမ်းရိုးတန်းအတိုင်း ထွက်ပေါက်ရှာတိုက်ခတ်တဲ့သဘော ရှိပါတယ်။ ပင်လယ်ကမ်းခြေတစ်ခုခုမှ ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ လမ်းကြောင်းသင့်ရာ ဖြတ်ကျော်တိုက်ခတ်ပြီး ထွက်ပေါက်ရရှိတဲ့ နေရာကနေ ကုန်းတွင်းကိုဝင်ရောက်တဲ့သဘောကို တွေ့ရှိရပါတယ်။
Apr 23, 2024
ဆောင်းပါး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။
Apr 23, 2024
ဆောင်းပါး
“ကိုအောင်ရေ... ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာအုပ်စာစောင်တွေနဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကတော့ တိုင်းပြည်အတွက် အကျိုးအရှိဆုံးနဲ့ အကောင်းဆုံးလုပ်ဆောင်ချက်လို့ ငါတော့ခံစားမိတယ်ကွာ။ ငါ့တစ်သက်နဲ့တစ်ကိုယ် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ဦးစီးပြီး ဒီလိုဆောင်ရွက်တာမျိုး တစ်ခါမျှမတွေ့ဖူး၊ မကြုံဖူးဘူး။ အဲနောက်ပြီး နိုင်ငံတော်ထဲမှာရှိတဲ့ ဒို့နိုင်ငံသားတွေ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အားနည်းနေတယ်ဆိုတာကို ထောက်ပြတာကလည်း အတော်လေးမှတ်သားစရာကောင်းတယ်ကွာ”
Apr 22, 2024
ဆောင်းပါး
လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများထဲတွင် “မီး” သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မီးသည် “သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ” ဖြစ်နိုင်ခြင်းကို အစဉ်သတိပြုသင့်ပါသည်။ “သူခိုးခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ”ဆိုသည့်အတိုင်း မီးလောင်လျှင် စည်းစိမ်ဆုံးရှုံးမှုများ ကြုံရမည်ဖြစ်သဖြင့် မီးမလောင်ခင်က ကြိုတင်ကာကွယ်မှု ပြုသင့်သည်မှာ မလွဲဧကန်အမှန်ဖြစ်ပါသည်။ သို့မှသာ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမည့် မီးဘေးအန္တရာယ်ဆိုးမှ လွတ်မြောက်ချမ်းသာရမည်ဖြစ်ပေသည်။
Apr 22, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Apr 22, 2024
ဤကမ္ဘာမြေပေါ်တွင် လူသားအဖြစ်ရပ်တည် ကတည်းက နေ၊ လေ၊ မြေ၊ ရေ၊ သဘာဝပေါက်ပင်ဟူသော သဘာဝ၏အခမဲ့လက်ဆောင်များဖြင့် ထိတွေ့ကြရသည်။ လူသားနှင့် သဘာဝသည် ဆက်နွှယ်မှုကြီးမားသည့်အလျောက် လူသားတို့သည် မိမိတို့၏သဘာဝပတ်ဝန်းကျင်အနေအထား ပြောင်းလဲမှုများကိုသိရှိရန် လေ့လာထားကြရမည်။ သဘာဝတရားနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြရမည်။ လူသားတို့၏ အသက်ရှင်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပြုခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်တည်ဆောက်နေထိုင်ခြင်းတို့သည် သဘာဝတရား၏ ပြောင်းလဲမှုအခြေအနေအရ ပြုပြင်နေထိုင်ကြရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူသားတို့သက်တမ်းရှည်ကြာစွာဖြင့် ဘေးကင်းစွာနေထိုင်နိုင်ရေးအတွက် သဘာဝတရား၏ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော မိုးလေဝသနှင့်ရာသီဥတုကို သိရှိနားလည်ပြီး ထိန်းသိမ်းကာကွယ်မှုများပြုလုပ်ရန် လိုအပ်ပါသည်။
Apr 22, 2024
၁. ၄. ၂၀၂၄(တနင်္လာနေ့) နေ့လယ် ၁ နာရီက နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ခန်းမ၌ (၇၇)နှစ်မြောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှစ်ပတ်လည်နေ့အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ ရုပ်ရှင်နှင့် သဘင်ဂီတအနုပညာရှင်များပူးပေါင်း၍ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများထဲမှ “ပန်းတိုင်းပွင့်ပါစေ”တိုင်းရင်းသားပေါင်းစုံ တေးသရုပ်ဖော် အဆို၊ အက၊ အလှများ ပါဝင်ခဲ့ကြပါသည်။ တစ်ချိန်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းကြီးထဲတွင် ပြည်ထောင်စု နေ့တိုင်း တင်ဆက်ကပြသီဆိုခဲ့ကြသည်ကို ပြန်လည်မြင်ယောင် ကြားယောင်သွားခဲ့ပါသည်။