ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် ချိတ်ဆက် ပါဝင် တက်ရောက်ကြသည်။
ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများလည်ပတ်
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) သည် ကယားပြည်နယ်မှလွဲ၍ နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသည်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့တွင် ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ )
နှစ် ၁ဝဝ မြန်မာ့ရုပ်ရှင်ခရီး
ယခုနှစ် ၂၀၂၀ ပြည့်နှစ်သည် လွန်ခဲ့သောနှစ်တစ်ရာသမိုင်းကို အကြောင်း ပြု၍ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်ဖြစ်၏။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၃-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
နေပြည်တော် အောက်တိုဘာ ၁၃
ဗန်ကောက်မြို့၊ လန်ဒန်မြို့၊ စင်ကာပူမြို့နှင့် တိုကျိုမြို့တို့ရှိ မြန်မာသံရုံး (၄)ရုံး၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မဲလ်ဘုန်းမြို့ရှိ ပြင်ပမဲရုံ(၁)ခုတို့တွင် ကြိုတင်ဆန္ဒမဲဆက်လက်ပေး
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက် ပေးခဲ့ကြရာ မြန်မာသံရုံး ဗန်ကောက်မြို့၌ မဲဆန္ဒရှင် (၂၅၈၀) ဦးခန့်၊ မြန်မာသံရုံး စင်ကာပူမြို့၌ မဲဆန္ဒရှင် (၁၀၉၇) ဦး၊ မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင် (၆၂)ဦး၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့၌ မဲဆန္ဒရှင် (၂၃၁)ဦးနှင့် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာ မြို့သို့ လာရောက်၍ ကြိုတင် ဆန္ဒမဲပေးနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသားများ အတွက် ပြင်ပမဲရုံခွဲဖွင့်လှစ်ခဲ့သည့် Victoria ပြည်နယ် မဲလ်ဘုန်း မြို့ရှိ မဲရုံတွင် မဲဆန္ဒရှင် (၁၁၈)ဦးတို့ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး ခဲ့ကြပါကြောင်းနှင့် မြန်မာသံရုံး လန်ဒန်မြို့တွင်လည်း ဒေသ ဆိုင်ရာ စံတော်ချိန်နှင့်အညီ ကြိုတင်မဲများ ဆက်လက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ
မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမက်ဆေ့ ပေးပို့၍ ဝမ်းမြောက်စကားပြောကြားသည်။
ပို့ကုန်မြှင့်တင်ရေးနှင့်ကုန်သွယ်မှုအခြေအနေ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေသုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့်ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၃-၁၀-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ
(၁၂-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၄၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
