လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ video conferencing စနစ်ဖြင့် ကျင်းပသည်။
နိုင်ငံတော်အစိုးရ၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်သူ့အကျိုးပြု ပညာရေးဆိုင်ရာ မှတ်တိုင်များ
ပညာရေးဝန်ကြီးဌာနသည် ပညာရေးအရည်အသွေးရှိရေးကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) အရ ပညာရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ဦးစားပေးလုပ်ငန်းစဉ် ၁၂ ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
မိုင်းဆတ်နှင့် မိုင်းခုတ် မြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ မိုင်းဆတ်-ကျိုင်းတုံ ကားလမ်း မိုင်တိုင် အမှတ် ၉၆ ကီလိုမီတာအနီးတွင် မသင်္ကာဖွယ် မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ်
အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဝါရှင်တန်မြို့ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ မြန်မာ သံရုံးတို့ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြ သည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေရိကန်ပြည်ထောင်စုမှ ၅၁ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ၆၁ ဦး စုစုပေါင်း ၁၁၂ ဦး လိုက်ပါခဲ့ကြသည်။
ကာကွယ်ထိန်းချုပ်နိုင်ရန် အစစပိုမိုဂရုစိုက်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် ယခုရက်သတ္တ ပတ်အတွင်း ဖြစ်ပွားနှုန်းကျဆင်းမှု မရှိသေးသော်လည်း ရောဂါအတက်၊ အကျနှုန်း တန်းနေသည့်သဘောကို တွေ့ရသည်။ ဆေးပညာရှင်များ၏ အဆိုအရ ရောဂါဖြစ်ပွားနှုန်းဂရပ်မျဉ်းသည် အကျဘက်သို့ ဆင်းလျှင်သော်လည်းကောင်း၊ တန်း၍နေလျှင်သော်လည်းကောင်း အခြေအနေကောင်း ဖြစ်သည်ဟု ခန့်မှန်းကြသည်။ ။
အဓွန့်ရှည်ပါစေ တက္ကသီလာရေ
မြန်မာနိုင်ငံ၏ နှစ်တစ်ရာ အမှတ်တရများတွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်သည် ပဓာန ကျသော အထိမ်းအမှတ်တစ်ခုဖြစ်ပါ သည်။ ထိုအထိမ်းအမှတ်သည် မြန်မာနိုင်ငံသားတို့အတွက် တန်ဖိုး ထား ထိန်းသိမ်းရမည့် အမွေအနှစ်တစ်ခုအဖြစ် ရှိနေပေသည်။ ။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၈-၁၀-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ
(၁၇-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၈၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၈-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
(၁၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၈-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၃၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၅၀)ဦး တွေ့ရှိရပါသည်။
ဗန်ကောက်မြို့၊ ဆိုးလ်မြို့နှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး (၃)ရုံးနှင့် ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံခွဲ (၁)ခုတို့တွင် ကြိုတင် ဆန္ဒမဲ ဆက်လက်ပေး
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ နောက်ဆုံးနေ့အဖြစ် ကြိုတင် ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၅၀၃) ဦး၊ ဆိုးလ် မြို့ရှိ မြန်မာ သံရုံး၌ မဲဆန္ဒရှင် (၇၂) ဉီးနှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂၂၆၀) ခန့် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များ အတွက် ကိုဗစ်-၁၉ ကာကွယ် ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
