Skip to main content

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာ အနီးတွင် မိုးဝင်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း၊

လယ်ယာထုတ်ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံ အရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည(၈) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

မစ္စ စီဘီးလ် ဒီ ကာတီယေး ဒီးဗ်အား ဘယ်လ်ဂျီယံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ

ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘယ်လ်ဂျီယံ သံအမတ်ကြီး မစ္စတာ ဖိလစ်ပီ ကာရ်လ်ဒီကာ၏နေရာတွင် မစ္စ စီအီးလ် ဒီ ကာတီယေး ဦးဗ် အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလထုတ် သုတပဒေသာစာစောင်ထွက်ရှိ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိလူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် အထူးပြု ရေးသားသည့် “ကုလသမဂ္ဂ (၇၅) နှစ်ပြည့်အထိမ်းအမှတ်” မျက်နှာဖုံး ဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာစာစောင် (အောက်တိုဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

မမှန်ကန်သော ထုတ်လွှင့်မှုများကို ရှုတ်ချ

သတင်းတုများ၊ သတင်းမှားများ၊ ကောလာဟလသတင်းများမှာ မမှန်ကန် သောသတင်းများ ဖြစ်ပါသည်။ ယင်းတို့မှာ ပြည်သူလူထု စိုးရိမ်ပူပန်မှု ဖြစ်လာအောင် အန္တရာယ်ပေးသည့် အမှုကိစ္စများဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ်ရန် မမှန်ကန်သည့် ကြံစည်အားထုတ်မှုများဖြစ်သည်။ အထူးသဖြင်

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

(၁၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်းဓာတ်ခွဲနမူနာ စုစုပေ

နိုင်ငံပြင်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများမြန်မာသံရုံး၊အဖွဲ့ရုံး၊ကောင်စစ် ဝန်ချုပ် ရုံးများ၊ပြင်ပမဲရုံခွဲများတွင်ကြိုတင်ဆန္ဒမဲစတင်ပေးပြီးမြန်မာသံရုံး (၂၀)၊ အဖွဲ့ရုံး(၁)ရုံး ၊ ကောင်စစ် ဝန်ချုပ်ရုံး(၂)ရုံး၊ ပြင်ပမဲရုံ(၂)ခုတို့တွင် ကြိုတင်ဆန္ဒမဲပေး

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပသို့ ရောက်ရှိနေ‌သော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးများ၌ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြန်မာသံရုံး (၄)ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံး (၁)ရုံးနှင့် ပြင်ပမဲရုံခွဲ (၂)ခုတို့၌ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်