နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ အတွက် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေးကြမည့်သူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင် ဆန္ဒမဲများ ပေးကြသည်။
နေပြည်တော် ကလေးပြုစုရေးဌာနအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက အလှူငွေများလှူဒါန်း
မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းထားသည့် နေပြည်တော်ကလေးပြုစုရေးဌာနတွင် အသုံးပြုနိုင် ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဇနီးဒေါ်မြသိင်္ဂီအမှူးပြုသော ဝန်ထမ်းမိသားစုများ၏ စုပေါင်းအလှူငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ယမန်နေ့မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံသည်။
နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ ၊ ခုတင် - ၃၀၀ နှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးများသို့ ရေခဲသေတ္တာ၊ လေအေးပေးစက်များနှင့် ထမင်းဘူး၊ စည်သွပ်ဘူးများ ပေးအပ်လှူဒါန်း
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန မိသားစုတို့က ငွေကျပ်သိန်း (၃၀) တန်ဖိုးရှိ ရေခဲသေတ္တာ(၁)လုံးနှင့် လေအေးပေးစက် (၄)လုံးတို့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ COVID-19 ICU အခန်းအတွက်နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးနှင့် သွားရောဂါအထူးကုဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် စိန်ဟင်္သာ ရိပ်မွန်ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော ငွေကျပ် (၃၃) သိန်းခန့် တန်ဖိုးရှိ ထမင်းဘူးနှင့် စည်သွပ်ဘူးများ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အစည်းအဝေးခ န်းမဆောင်-၂ ၌ ကျင်းပပြုလုပ်သည်။
လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်နှင့် စပ်လျဉ်းသည့် နှိုးဆော်ချက်
နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးတိုး တက် စေရန်၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့မိသားစုများ၏ ထိခိုက် လွယ်မှုကိုလျှော့ချရန်ရည်ရွယ်၍ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အား လူမှုရေး ပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။
ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ ကြိုတင်ဆန္ဒမဲပေး
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်ဇနီး ဒေါ်အေးအေးသိန်း၊ နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီးဒေါ်အေးသီတာတို့သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြိုတင် ဆန္ဒမဲပေးကြသည်။
UNCTFMR ၏ သတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြမ်းဖက် သောင်းကျန်းသူများ အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးသေ ကျေခဲ့မှုအပေါ် UNCTFMR က စိုးရိမ်ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ချက်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလ ရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့ နန်းဦး ကျောင်းတိုက် ဓမ္မာရုံကြီး၌ ကျင်းပ သည်။
အထွေထွေအတွင်းရေးမှူးချုပ် ကုလသမဂ္ဂနေ့အထိမ်းအမှတ်သဝဏ်လွှာ
ယခုအချိန်သည် တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲနိုင်ရန် ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့်၍ တွန်းအားပေး ဆောင်ရွက်ကြရမည့်အချိန်ဖြစ်
တက္ကသိုလ်၏ ဂုဏ်အသရေကိုပြန်လည်မြှင့်တင်
ပညာအမွေပေးရာ ရန်ကုန်တက္ကသိုလ်သည် သမိုင်းကြောင်းအစဉ်အလာ ကြီးမားပေသည်။ အမျိုးသားရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်မြေတွင် ထူးချွန်ထက်မြက်သည့် မြန်မာလူငယ်လူရွယ်များက အဆင့်မြင့်ပညာ သင်ယူရင်း တိုင်းပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် သမိုင်းကြောင်း အစဉ်အလာများ ထင်ရှားစွာရှိခဲ့ပေသည်။
ကိုဗစ်ရောဂါ ကာကွယ်ဆေး
ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် ကမ္ဘာတစ်ဝန်းတွင် အတန်ငယ် နှေးကွေးသွားသလို၊ ငြိမ်ဆိတ်သွားသလို ရှိနေရာမှ ကူးစက်မှုအရှိန် ပြန်လည်မြင့်တက် လာခဲ့ပါသည်။ ထိုပြန်လည် လှုပ်ခတ်လာသည့် လှိုင်းဂယက်သည် နိုင်ငံအများအပြားကို အရှိန်ပြင်းစွာ ရိုက်ခတ်ပါလေသည်။ ။
