Skip to main content

စိုက်ပျိုးသီးနှံများအရည်အသွေးကောင်းမွန်ရေး၊ ရေချွေတာသုံးစွဲနိုင်ရေး ပညာပေးဆွးနွေး

နေပြည်တော် အောက်တိုဘာ ၄

အရာတော်မြို့နယ် တောင်ရိုးကျေးရွာ တောင်သူဦးနိုင်ထူး၏ လျှော်ဖြူနှင့် သနပ်ခါး စိုက်ခင်း များကိုလည်းကောင်း၊ သစ်ကျင်းကြီးကျေးရွာ  တောင်သူဦးဖိုးချွန်၏ ရွှေတောင် (၈) ချည်မျှင် ရှည်ဝါနှင့်ပဲစဉ်းငုံ သီးညှပ်စိုက်ခင်းများကိုလည်းကောင်း စစ်ကိုင်းတိုင်းဒေ သကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့်အဖွဲ့သည် အောက် တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးပြီး နှစ်ရှည်သီးနှံစိုက်ခင်းများကြား တွင် ရာသီသီးနှံများ ရောနှောစိုက်ပျိုးကြရန်၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများမှ အရည်အသွေး ကောင်းမွန်သော ဝါပေါက်များ ကောက်သိမ်းရရှိရေးအတွက် ဝါကောက်သိမ်းချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရန်နှင့် ဝါကောက်သိမ်းရာတွင် အလေအလွင့်မရှိစေရေး စနစ်တကျ ကောက်သိမ်းရန် ဆွေးနွေးသည်။

ထို့နောက် အရာတော်မြို့နယ် ရွှေတွင်းကုန်းကျေးရွာနှင့် တပ်ရွာကျေးရွာမှ စပါးစိုက်တောင် သူများနှင့်တွေ့ဆုံ၍ စပါးခင်းများ အောင်ရေယူရာတွင် ရေအလေအလွင့် မရှိစေရေး ရေသုံးစွဲသူအဖွဲ့ (Water User Group-WUG) များ ညှိနှိုင်း၍ ရယူကြရန်၊ စပါးစိုက်ရာတွင် ရေချွေတာသုံးစွဲနိုင်သည့် SRI စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန်နှင့် သဘာဝမြေဩဇာ များပြုလုပ်သုံးစွဲရန် ဆွေးနွေးသည်။

ယင်းနောက် အရာတော်မြို့နယ် တောင်ရိုးကျေးရွာတွင် လက်ယက်ကန်း လုပ်ငန်းအား တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ပြီး ထွက်ရှိ လာသည့် ယက္ကန်းချည် ထည်များအား ပြည်တွင်းစျေးကွက်သို့တင်ပို့ရောင်းချလျှက်ရှိသည့် ယက္ကန်း ပညာရှင် မဇင်မာမြင့် ၏ လက်ယက္ကန်းလုပ်ငန်းအား သွားရောက်ကြည့်ရှုအား ပေးသည်။

မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ်ရှိ မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးပြီး ရွှေဘို မြို့နယ် လိပ်ချင်းကျေးရွာရှိ အဆင့်မြင့်လယ်ယာစိုက်ကွင်းများတွင် မိုးစပါးစိုက်ပျိုး ပြီး အောင်ရေ ရယူနေသည့် တောင်သူများနှင့်တွေ့ဆုံ၍ ရေသွင်းရာတွင် အလေအလွင့် မရှိ အောင် ရယူကြရန်၊ ရေသုံးစွဲသူအဖွဲ့ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန်၊ စပါးစိုက်ပျိုးရာ တွင် ရေချွေတာ သုံးစွဲနိုင်သည့် SRI နည်းစနစ်ဖြင့် စိုက်ပျိုးကြရန် နှင့် မိုးစပါးစိုက်ခင်း များတွင် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးမှာ ကြား ပြီး တောင်သူများ၏ တင်ပြချက်များအား ဆက်စပ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။

ညီညီသန်း(နေပြည်တော်)