Sep 05, 2024
မိမိတို့နိုင်ငံသားများ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလများမှစတင်၍ နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံမှု၊ နိုင်ငံခြားသို့သွားရောက်မှု ပိုမိုများပြားလာပါသည်။ နိုင်ငံတော်တာဝန်ဖြင့် သွားရောက်ရခြင်း၊ မိမိအစီအစဉ်ဖြင့်သွားရောက်ရခြင်း အမျိုးမျိုးရှိကြရာ နိုင်ငံ့တာဝန်ဖြင့်သွားရောက်ရခြင်း၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်အဖြစ် သွားရောက်ရခြင်းသည် မိမိနိုင်ငံကို ကိုယ်စားပြုသွားရောက်ရခြင်းဖြစ်သဖြင့် ပိုမိုတာဝန်ကြီးပါသည်။ မိမိ၏ဝတ်စားဆင်ယင်မှုမှအစ အပြောအဆို၊ အပြုအမူလှုပ်ရှားမှုသည် မိမိကိုသာမက ကိုယ်စားလှယ်အဖွဲ့နှင့် အဆုံးစွန်အနေဖြင့် နိုင်ငံကိုပါရောင်ပြန်ဟပ်စေပါသည်။ လူမျိုးအမည်တပ်၍ သုံးသပ်ပြောဆိုလာနိုင်ပါသည်။
Sep 05, 2024
ကမ္ဘာတစ်ဝန်းလက်ရှိဖြစ်ပေါ်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် လေထုညစ်ညမ်းမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေရုံသာမက လူသားတို့၏ ကျန်းမာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့ကိုလည်း ထိခိုက်စေလျက်ရှိပါသည်။
Sep 04, 2024
ဉာဏ်ရည်တု AI (Artificial Intelligence) နည်းပညာက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ သို့သော် AI ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်လူက အများစုဖြစ်သည့်အတွက် လူသားတစ်ရပ်လုံးအတွက် စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုများ တိုးပွားလာပြီး အန္တရာယ်သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည်ကို သတိထားမိလာကြသည်။ AI နည်းပညာဖြင့် ဗီဒီယို၊ ဓာတ်ပုံအတုများက လူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲလာအောင် လှည့်စားနိုင်သလို လူငယ်များ အထူးသဖြင့် မိန်းကလေးငယ်များအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့်အခါ အရာရာတိုးတက်မှုနှင့် စိန်ခေါ်မှုက ဒွန်တွဲစမြဲပင်ဖြစ်သည်ကို ဆင်ခြင်ရတော့မည်ဖြစ်ပါသည်။
Sep 04, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Sep 04, 2024
ပြင်လက်စဆိုင်ကယ်များအကြား ဦးစိုင်းပန်းစိန်သည် အလုပ်များနေသည်။ ဦးစိုင်းပန်းစိန်၏လုပ်ငန်းခွင်သည် အလုပ်များလေ ဝင်ငွေများလေဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးရေးကို ကိုယ်တိုင်ကိုယ်ကျ နှစ်ဆကြိုးစားလျက်ရှိသည်။
Sep 04, 2024
နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ လူတစ်ဦးချင်းနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြသည့် ကမ္ဘာလုံးဆိုင်ရာအခမ်းအနားတစ်ခုဖြစ်သည်။ ဤနေ့သည် စာတတ်မြောက်ရေး၏ အရေးပါမှုနှင့်ပတ်သက်၍ အသိပညာများမြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝန်း စာတတ်မြောက်မှုနှုန်း မြင့်မားရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
Sep 03, 2024
၁၉၇၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းကို စတင်တွေ့ရှိခဲ့သည့် Mpox(မျောက်ကျောက်)ရောဂါသည် အာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ ကူးစက်လေ့ရှိရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားခဲ့၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International concern- PHEIC)အဖြစ် သတ်မှတ်ကြေညာ တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာ ကျဆင်းခဲ့သည့် အတွက် ၂၀၂၃ ခုနှစ် မေလတွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့ပါသည်။
Sep 03, 2024
ယခုရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံရဲ့ အရှေ့၊ အနောက်အိမ်နီးချင်းနှစ်နိုင်ငံက ဝန်ကြီးချုပ်တွေ နုတ်ထွက်ခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့တကွ မြန်ဆန်တဲ့အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ကြီးချုပ်ရှိတ်ဟာဆီနာတစ်ယောက် ပြင်းထန်တဲ့လူထုအုံကြွမှုဒဏ်မခံနိုင်ဘဲ ပြည်ပသို့ထွက်ပြေးခဲ့ရအပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေ အခြေခံဥပဒေချိုးဖောက်ပြီး တရားရုံးအရာရှိတစ်ဦးကို လာဘ်ပေးလာဘ်ယူလုပ်ခဲ့သူကို ဝန်ကြီးချုပ်ရုံးဝန်ကြီးခန့်မိတဲ့ အပြစ်ထင်ရှားလို့ ဝန်ကြီးချုပ်ဆာရက်သာဗီဆင် ရာထူးကနားခဲ့ရပြန်ပါတယ်၊၊
Sep 02, 2024
ဘုရားရှင်သည် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွ၍ ဆွမ်းကိစ္စပြီးသောအခါ ကိုယ်တော်တစ်ပါးတည်းသာ ဇာလီနီမည်သော တောအုပ်တွင်ရှိသည့် အင်္ဂုလိမာလဆီသို့ ကြွသွားလေသည်။ တောအနီးသို့ရောက်လျှင် သားထံသို့သွားနေသော မန္တာနီပုဏ္ဏေးမနှင့် အင်္ဂုလိမာလအကြားသို့သွား၍ စင်္ကြံကြွတော်မူလေသည်။ အင်္ဂုလိမာလသည် မထင်မရှားဖြင့်လာသော ဘုရားရှင်အားမြင်လျှင် “ဤရဟန်းအားသတ်တော့အံ့” ဟုကြံလျက် တောအုပ်အတွင်း၌ ပုံးကွယ်ရာမှ လျင်မြန်စွာထ၍ ပြေးလာလေသည်။
Sep 02, 2024
၁၉၇၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းကို စတင်တွေ့ရှိခဲ့သည့် Mpox(မျောက်ကျောက်)ရောဂါသည် အာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ ကူးစက်လေ့ရှိရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားခဲ့၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International concern-PHEIC)အဖြစ် သတ်မှတ်ကြေညာတုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာ ကျဆင်းခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် မေလတွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့ပါသည်။
