Aug 22, 2024

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ အကျိုးရှိရှိအသုံးချနိုင်ရေးက ပဓာနကျလှသည်။ သဘာဝသယံဇာတအရင်းအမြစ်များသည် ကုန်ခန်းတတ်သည့်သဘောရှိသည်။ ပထဝီအနေအထားအရ သဘာဝသယံဇာတအရင်းအမြစ်ဆိုသည်မှာ နိုင်ငံတိုင်းအတွက် လိုအပ်သလိုခွဲဝေချထားပေးနိုင်သည့် အရာမဟုတ်ပေ။ ကံတရားအရ သဘာဝကပေးထားသည့် အချိန်တန်သည့်အခါ ကုန်ခန်းနိုင်သော လက်ဆောင်များပင်ဖြစ်သည်။ သယံဇာတပေါကြွယ်ဝသည့် နိုင်ငံများသည်ပင် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးပြုနိုင်ခြင်းမရှိသည့်အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျရတတ်သည်။ သဘာဝသယံဇာတမရှိသော်လည်း နိုင်ငံတွင်းရှိ လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ အသုံးချနိုင်သည့် နိုင်ငံများက ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို ရောက်ရှိနိုင်ကြသည်။
Aug 22, 2024

မြန်မာနိုင်ငံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် အသိအမှတ်ပြုသတ်မှတ်ပေးခြင်းသည် ထင်ရှားသော အောင်မြင်မှုတစ်ခုဖြစ်သည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် မြန်မာတို့၏ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ထင်ရှားကျော်ကြားသော စေတီပုထိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကြောင့် လူသိများသော သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်ပါသည်။ ယခုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုဖြင့် အသိအမှတ်ပြုသတ်မှတ်ပေးခြင်းသည် မြို့တော်၏ ပြည်သူလူထုကျန်းမာရေးအတွက်သာမက ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်ပါ အထောက်အကူပြုရာရောက်ပါသည်။
Aug 21, 2024

အာဖရိကဒေသတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုများကြောင့် ပိုမိုကူးစက်မြန်ပြီး ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲထွက်ပေါ်နေသဖြင့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သြဂုတ်လ ၁၃ ရက်နေ့တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၆၀၀ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦး အထိ ရှိခဲ့သည်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံများသို့လည်း ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
Aug 21, 2024

V - Process သတ္တုသွန်းလောင်းခြင်းစနစ်နည်းပညာကို ၁၉၇၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များက သုတေသနပြုတီထွင်ခဲ့ကြသည်။ မူလသုံးစွဲနေသည့် သဲပုံသွန်းများအတွင်း သတ္တုရည်သွန်းလောင်းထုတ်လုပ်ခြင်း ထက်ထူးခြားသည်။ အားသာချက်များမှာ ထုတ်လုပ်မှုလျင်မြန်ကာ ကုန်ကျစရိတ်သက်သာပြီး လုပ်သားများ၏ ကျန်းမာရေးထိခိုက်မှုမရှိခြင်း၊ ဆူညံတုန်ခါမှုမဖြစ်စေဘဲ အပြစ်အနာအဆာကင်းလွတ်၍ မျက်နှာပြင်ချောမွေ့လှပခြင်း၊ အတိုင်းအတာတိကျသပ်ရပ်သော သွန်းထည်များကို ထုတ်လုပ်ပေးနိုင်ခြင်းစသည့် ထူးခြားအားသာမှုများကြောင့် V-Process ကို ၁၉၈၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံက နည်းပညာလွှဲပြောင်းဝယ်ယူခဲ့ပါသည်။
Aug 21, 2024

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 20, 2024

ယနေ့ခေတ် ယနေ့ကာလလို လူအချင်းချင်း နှိပ်စက်ကြတဲ့အခြေအနေမျိုး ယခင်က မရှိခဲ့ဖူး၊ မကြားခဲ့ဖူးပါ။
Aug 20, 2024

ပုခက်လွှဲသောလက်များဖြစ်ကြသည့် မိခင်များသည် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရာ၌ များစွာအရေးပါသည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် အာဟာရပြည့်ဝနေမှသာလျှင် ကျန်းမာကြံ့ခိုင်သော ရင်သွေးငယ်တစ်ဦးကို မွေးဖွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ရင်သွေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော နို့ချိုအာဟာရကိုလည်း တိုက်ကျွေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ တတိယသီတင်းပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လူထုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိသည်။
Aug 20, 2024

ယခုအခါ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူအများ အခက်အခဲဖြစ်ပေါ်နေချိန်တွင် ပြည်သူအချို့သည် “မည်သူသေသေ ငတေမာလျှင် ပြီးရော” ဆိုသကဲ့သို့ မိမိတို့အကျိုးစီးပွားအတွက် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်လျက်ရှိနေကြပါသည်။
Aug 19, 2024

ဒွန်းစဏ္ဍားမသည် သူ၏သားငယ်အရွယ်ရောက်သောအခါ ၎င်းအား ခွက်တစ်ခုလက်ထဲတွင် ထည့်၍ စွန့်ပစ်ထားခဲ့လေသည်။ ၎င်းသည် သာဝတ္ထိပြည်၌ လှည့်လည်တောင်းခံသော် ရှေးသူ့ဘဝဟောင်းက အိမ်ကိုမြင်လေပြီး ထိုအိမ်ထဲသို့ ဝင်သွားလေသည်။ ယင်းသို့ ဝင်သွားသောအခါ မူလသီရိသူဌေး၏ သားငယ်သည် ၎င်းကိုမြင်၍ ကြောက်လန့်ငိုလေသည်။ သူဌေး၏အလုပ်သမားများက သူ့ကိုရိုက်နှက်ဆွဲငင်ပြီး အမှိုက်စွန့်ရာအရပ်၌ စွန့်ပစ်ကြလေသည်။
Aug 19, 2024

လူတွေဟာ သြကာသလောကဆိုတဲ့ ရေမြေတောတောင် သမုဒ္ဒရာတွေထဲက သဘာဝအရင်း အမြစ်တွေ၊ သယံဇာတတွေကို သူတို့ရဲ့အသိဉာဏ် တွေ၊ စွမ်းအားတွေ၊ အရည်အချင်းတွေ အသုံးချပြီး ဖော်ထုတ်အသုံးချနိုင်ကြပါတယ်။ တစ်နည်းပြောရရင် သြကာသလောကကြီးကို လူတွေက ထိန်းချုပ်အသုံးချနိုင်ကြပါတယ်။