Sep 06, 2020

မိမိတို့ ဆေးလောကမှာ စာတမ်းတွေရေးကြ၊ ဖတ်ကြရင် အစမှာဖြစ်စေ အဆုံးမှာဖြစ်စေ “Disclosure” ဆိုပြီး စာတမ်းနဲ့ပတ်သက်လို့ ပြောဖို့လိုတဲ့ ဖွင့်ဟဝန်ခံချက်ကို ဖော်ပြရေးသားပြောဆိုလေ့ရှိပါတယ်။ အခုရေးမယ့် ဆောင်းပါးအတွက်လည်း မိမိအနေနဲ့ ဖွင့်ဟဝန်ခံချက် ဖော်ပြရေးသားလိုပါတယ်။ မိမိဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်လည်း မဟုတ်ပါဘူး။ USA / NIH က Dr Anthony Fauci လို UK Oxford University က Professor Sarah Gilbert နဲ့ London, Imperial College က Professor Robin Shattock တို့လို ကမ္ဘာကျော် ကျွမ်းကျင်ပညာရှင်အဆင့်လည်း မဟုတ်ပါဘူး။ မြန်မာပြည်ဆေးလောကမှာ ဆယ်စုနှစ်လေးခုကျော် ဖြတ်သန်းလာခဲ့တဲ့ အငြိမ်းစားဆေးပညာ ရှင်တစ်ဦးပါ။ အခု COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်နေတဲ့အချိန်မှာ မိမိအနေနဲ့ သာမန်အများပြည်သူတွေအတွက် ဒီရောဂါနဲ့ပတ်သက်လို့ သိသင့်တဲ့အချက်၊ ဆောင်ရန် ရှောင်ရန်အချက်တွေကို ရေးသားနေတဲ့အခါမှာ ကြောက်အောင်၊ လန့်အောင် ခြောက်လှန့်ရေးတာမဟုတ်ဘဲ လူအများအနေနဲ့ သိသင့်တာနဲ့လုပ်သင့်ပြီး လုပ်နိုင်တာကိုသာ ရေးသားနေတာဖြစ်ပါကြောင်း ပထမဆုံး ဖော်ပြလိုပါတယ်။
Sep 05, 2020

နိဒါန်း
Sep 04, 2020
လတ်တလောကာလအတွင်း ဧရာဝတီလင်းပိုင်များ စံချိန်တင်သေဆုံးနေသည့် သတင်းများ စဉ်ဆက် မပြတ်ဖတ် နေရပါသည်။ လွန်စွာ စိတ်မကောင်းဖြစ်ရပါ၏။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဆောင်ရွက် နေသူများ၊ တာဝန်သိပြည်သူများကလည်း စိုးရိမ်တကြီး နှိုးဆော်နေကြသည်ကို တွေ့မြင်နေရ၏။ ယင်းနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံနေသည်ကို ဖတ်ရသည်မှာ စိတ်မချမ်းမြေ့လှ။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်မှု့များ၊ အသိပညာပေးမှုများ ဆောင်ရွက်နေ သည့်ကြားမှပင် အခုကဲ့သို့ ဧရာဝတီလင်းပိုင်များ သေဆုံးမှု့များပြားလာသည့်အကြောင်းရင်းအား ဝိုင်းဝန်း အဖြေရှာရန် လိုအပ်နေပြီဆိုသည်မှာ ဧရာဝတီလင်းပိုင်များ လတ်တလောအတွင်း သေဆုံးသည့်အကောင်ရေ များပြားလာခြင်းက သက်သေဟု ဆိုရပါမည်။
Sep 04, 2020
ဩဂုတ် ၃၁ ရက် မှအဆက်
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်သေသွားတော့မှ ဖိုးပါကြီးနဲ့မေရီမြင့်နဲ့ ပြန်ပေါင်းတာ။
Sep 04, 2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး အတွက် သတ်မှတ်ကြေညာထား သည့်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ သည် ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ အမည်စာရင်းများ တင်သွင်းခဲ့ကြသည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကလွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာများကို လက်ခံခြင်း၊ စိစစ်ခြင်းများပြုလုပ် ပြီးနောက် အတည်ပြုကြေညာခြင်းလုပ်ငန်းများကို ဩဂုတ်လ ၃၀ ရက်(တနင်္ဂနွေနေ့)က ကြေညာခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်း တင်သွင်းမှုနှင့် အတည်ပြုမှုအခြေအနေ မည်သို့ရှိသနည်း။ အနှစ်ချုပ်မျှဝေပါရစေ။
Sep 03, 2020

ဒီတစ်ပတ်စကားဝိုင်းမှာ ပြောမယ့်မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချောလူလှမင်းသားတွေထဲက ကံအားလျော်စွာကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုမင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန် နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံးရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။
Sep 02, 2020

မြန်မာမှုပြက္ခဒိန်အရ ပဉ္စမမြောက်လဖြစ်၍ “မငြိမ့်တငြိမ် ရွာတိမ်ရောင့်သည့်၊ ပြာချိန်တမှောင့် မှောင်အလျှံ၊ ဗျာဂိန်တထောင့် တောင်ကမ်းပါးယံဝယ်၊ ဝါခေါင် ဝဿန် ဖန်တော်ပျိုး၊ ပွေရုံဝင့်လို့ လွင့်မပြယ်တယ်၊ မဆင့် ချင့်ချင် ဆင်ကွဲဆင်တဲ့မိုး” ..ဟူ၍ စာရေးတော် ဦးမောင်ကလေး၏ ရှစ်ဆယ်ပေါ်တေးထပ်ကို အမှတ်ရဖွယ် မိုးလေကဲချိန်၌ ဖြစ်၏။
Sep 01, 2020

ရောဂါပိုးများ ဝိုင်းရံထားသော လူသားများ
လူ့ဘဝကို စတင်ရရှိသည့်နေ့သည် ရောဂါပိုးများ ပတ်လည်ဝိုင်းနေသောဘဝကို စတင်လိုက်ရခြင်း ဖြစ်သည်။
Aug 31, 2020

ငယ်ငယ်တုန်းက အငြိမ့်တွေ၊ ဇာတ်ပွဲတွေမှာ “နှစ်ကိုယ့် တစ်စိတ်” ဆိုတာကို မြင်ရတွေ့ရတယ်။ အမျိုးသားတစ်ဦး ဟာ တစ်ပိုင်းမှာအမျိုးသားတစ်ယောက်လို ဝတ်ဆင်ထားပြီး တစ်ဖက် ကတော့ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဖော်ထားတယ်။ သူတို့တစ်ဖက်က ကြည့်ရင် အမျိုးသားအနေနဲ့သာ မြင်ရပြီး တစ်ဖက်ကကြည့်ပြန်ရင် အမျိုးသမီးတစ်ဦးလို့ထင်ရတာ။ ဒီနမူနာဟာ ဆောင်းပါး ရဲ့ခေါင်းစဉ်နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။