မျိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှု များပြားမလာစေရေး ကြိုတင်ပြင်ဆင် ထားရှိမှုများ
အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိရမှုကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်မှုမရှိစေရေး၊ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ဆက်လက်၍ သတိပြု ကာကွယ်နိုင်ကြစေရေးနှင့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်လည်၍ များပြားမလာစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှုများကို ပြည်သူများသိရှိ၍ ပူးပေါင်းပါဝင်ပံ့ပိုး ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်လျက် ယခုဆောင်းပါးကို တင်ပြလိုက်ရပါသည်။
ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီတို့၏ လမ်းညွှန်မှု၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ကျဆင်းလာချိန်ကာလကပင် မိမိတို့နိုင်ငံအတွင်းသို့ မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် ရောဂါ ဖြစ်ပွားမှုများ ပြန်လည်မြင့်တက်မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာ ဖြစ်ပွားမလာစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးအသစ် တွေ့ရှိရမှု အခြေအနေများကိုလည်း မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။ (၂၆-၁၁-၂၀၂၁) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စိုးရိမ်ဖွယ်ကူးစက်မှုများ ဖြစ်ပွားနိုင်သည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးအုပ်စု (Variants of Concern) တွင် (၅) ခုမြောက်အဖြစ် အသစ်ထပ်မံတွေ့ရှိရသည့် (B.1.1.529) မျိုးဗီဇပြောင်းရဂါပိုးကို အိုမီခရွန် (Omicron) ဟု အမည်ပေး၍ ထပ်မံထည့်သွင်းခဲ့ရာ အဆိုပါ ရောဂါပိုးသည် အာဖရိကတိုက်တောင်ပိုင်း၊ တောင်အာဖရိကနိုင်ငံနှင့် ဘော့ဆွာနာနိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့ရာမှ အခြားနိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သောင်းထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းလုံးတွင် အိုမီခရွန် ကူးစက်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ပေါ်ပေါက်လာခဲ့ပါသည်။
ရောဂါပြင်းထန်စွာဖြစ်ပွားမှု မတွေ့ရသေးသော်လည်း ကူးစက်မှုနှုန်းမြင့်မားသည်ကိုတွေ့ရ
လတ်တလောတွေ့ရှိမှုများအရ အိုမီခရွန် မျိုးဗီဇပြောင်း မျိုးကွဲသည် ကူးစက်မှုနှုန်းမြင့်မားစွာဖြင့် ကူးစက်နိုင်သည့်အနေအထားကို တွေ့မြင်နေရသော်လည်း ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်မှု အခြေအနေနည်းပါး၍ အိုမီခရွန် ရောဂါဝင်ရောက်ဖြစ်ပွားမှုကြောင့် သေဆုံးရမှုများကို ဒီဇင်ဘာလ (၄) ရက်နေ့အထိ တွေ့ရှိရ ခြင်းမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တာဝန်ရှိသူထံမှ သိရှိရပါသည်။ မျိုးဗီဇပြောင်းရောဂါပိုး များ၏သဘာဝအရ ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်မှု နှင့်ပတ်သက်၍ ရက်သတ္တပတ်အနည်းငယ် ထပ်မံစောင့်ကြည့်ရဦး မည်ဖြစ်ပါသည်။ ရောဂါဖြစ်ပွားမှု ပြင်းထန်ခြင်းမရှိဘဲ လျင်မြန်စွာ ကူးစက်ဖြစ်ပွားခြင်းဖြင့် ရောဂါပိုးကူးစက်ခံရ သူများအနေဖြင့် ပြန်လည်ကောင်းမွန် လာသည့်အခါတွင် ရောဂါခုခံနိုင်သည့် ပဋိပစ္စည်းများ ခန္ဓာကိုယ်အတွင်း ထွက်ပေါ်လာစေသည့် ကိုယ်ခံအားရရှိခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ရာတွင် နိုင်ငံတကာမှ ပညာရှင်များ၏ သုံးသပ်ချက်အရ ရောဂါကူးစက်ဖြစ်ပွားသူ များလာ ပါက ကာကွယ်ဆေးထိုးနှံခြင်းအကြိမ်ပြည့် ခံယူရခြင်းမရှိသူများနှင့် အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်ခံအားနည်းသူများအကြား ရောဂါပြင်းထန်စွာ ခံစားရသူအရေအတွက်လည်း များပြားလာနိုင်ရာမှ ဆက်လက်၍ ကျန်းမာရေးစနစ်အပေါ် ဝန်ပိမှုများလည်း ဖြစ်ပေါ်လာ နိုင်ပါသဖြင့် အိုခရွန်ရောဂါပိုး၏ ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် သဘော သဘာဝကိုသတိဖြင့် စောင့်ကြည့်၍ No-one is safe until everyone is safe ဖြစ်သည်နှင့်အညီ အားလုံးကိုယ်စီ ကာကွယ်မှုများ အလေးထား၍ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများစသည့် ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာစေရေး လုပ်ငန်းများကိုလည်း အဘက်ဘက်မှ ကြိုတင်ပြင်ဆင် အားဖြည့်ဆောင်ရွက်နေရခြင်း ဖြစ်ပါသည်။
ရောဂါဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများတွင် လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်
မိမိတို့နိုင်ငံအတွင်းသို့ ကိုဗစ်-၁၉ ဂါဝင်ရောက်ဖြစ်ပွားမှု ဖြစ်စဉ်များတွင် ပထမလှိုင်းကာလတွင် လေကြောင်းမှတစ်ဆင့် ဝင်ရောက်ခဲ့ခြင်း၊ ဒုတိယလှိုင်းနှင့် တတိယ လှိုင်းကာလများတွင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများမှတစ်ဆင့် စတင်ဝင်ရောက်ခဲ့ရာမှ အဆင့်ဆင့်ကူးစက်ဖြစ်ပွားခဲ့ရမှုများကို အားလုံးအသိပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် အိုမီခရွန် အပါ အဝင် မျိုးဗီဇပြောင်းကိုဗစ်-၁၉ ဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန် များပြမလာစေရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးအစီအမံများအား ပိုမိုအားဖြည့် ဆောင်ရွက်ခဲ့ရာတွင် တောင်အာဖရိကနှင့် ဘော့ဆွာနာနိုင်ငံတို့တွင် နေထိုင်သူများနှင့် အဆိုပါနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင် ရှိသူများအား ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခြင်း၊ အသွားအလာ ကန့်သတ်ခြင်းကို (၁၄) ရက်ထားရှိခြင်း RT-RR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း (၃) ကြိမ်တို့အား နှီးနွယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိပါသည်။ ဆက်လက်၍လည်း အိုမီခရွန် ရောဂါပိုး ကူးစက်မှုများပြား လာသည့်နိုင်ငံ ဒေသများမှ လာရောက်သူများနှင့်ပတ်သက်၍ လိုအပ်သည့် ရောဂါကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်မှုများအား လိုအပ်ပါက နိုင်ငံအရေအတွက် တိုးချဲ့ဆောင်ရွက်နိုင်ရေး နှီးနွယ် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ပါ တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နယ်စပ် ဒေသ ဝင်/ထွက်ဂိတ် များမှဝင်ရောက်လာသူများမှတစ်ဆင့် ရောဂါကူးစက်မှုအား တားဆီး နိုင်ရေးအတွက် နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများအား ဝင်ရောက်လာသည့် နယ်စပ်ဂိတ်မြို့များတွင်ရှိသည့် ကွာရန်တင်း စင်တာများ တွင် ၇ရက်ထရှိ၍ ၃ ရက်မြောက်နေ့ တွင် တစ်ကြိမ်နှင့် ၇ ရက်မြောက်နေ့တွင် တစ်ကြိမ် စုစုပေါင်း RT-PCR နည်းဖြင့် နှစ်ကြိမ်စစ်ဆေး၍ ရောဂါပိုး မတွေ့ရှိမှသာ သက်ဆိုင်ရာနေရပ်ဒေသ များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြန်လည်စေလွှတ်၍ ရန်တင်းဝင်ရောက်ခြင်းကို မိမိတို့ နေထိုင်ရာဒေသတွင် ၃ ရက် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကွာရန်တင်းစင်တာများ တိုးချဲ့ စီစဉ်ခြင်းအပါအဝင် ဘာပိုး ဝင်ရောက်မလာစေရေး လုပ်ငန်းများကို အထူးအားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။
နယ်စပ်ဒေသများတွင် RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း တိုးမြှင့်ဆောင်ရွက်
နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများအား RT-CR နည်းဖြင့် စစ်ဆေးနိုင်ရန် အတွက် RT-PCR နှင့် Gene X"pert စက်များ တပ်ဆင်ထားခြင်းအနေဖြင့် နယ်စပ်ဝင်/ထွက် ဂိတ်ရှိသည့်မြို့များ ဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်မြို့များတွင် လည်းကောင်း၊ မော်လမြိုင်၊ တောင်ကြီး၊ လားရှိုး၊ ကွမ်းလုံး မြစ်ကြီးနား၊ စစ်တွေ၊ ပဲခူး၊ ဘားအံမြို့များတွင် လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပသင်ကြားရေးဆေးရုံကြီး၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်နှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန၊ မန္တလေးနှင့် ခုတင်(၁၀၀၀)ဆေးရုံကြီး၊ နေပြည်တော်တို့တွင်လည်းကောင်း စက်များ တပ်ဆင်ထားရှိ၍ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါသည်။ တပ်မတော်ဆေးရုံများ အနေဖြင့် လည်း RT-PCR နည်းဖြင့် စစ်ဆေးပေးနိုင်သည့် ဆေးရုံကြီးများအနေဖြင့် ခုတင်(၁၀၀) တပ်မတော်ဆေးရုံကြီး၊ မင်္ဂလာဒုံ၊ ခုတင် (၁၀၀၀) တပ်မတော်ဆေးရုံကြီး၊ နေပြည်တော်၊ တပ်မတော်ဆေး သုတေသနတပ်၊ ၁/၇၀၀ ပြင်ဦးလွင် တပ်မတော်ဆေးရုံနှင့် ၁/၁၇ တပ်မတော်ဆေးရုံ၊ စစ်တွေမြို့တို့မှလည်း ဆောင်ရွက်ပေးနေခြင်းဖြစ် ပါသည်။ ထို့အပြင် ကျန်းမာရေး ဝန်ကြီးဌာနမှ ခွင့်ပြုထားသော RTPCR နည်းဖြင့် စစ်ဆေးပေးနိုင်သည့် ပုဂ္ဂလိကဓာတ်ခွဲခန်း အရေ အတွက် (၁၀)ခုအထိ ရှိပြီဖြစ်ပါသည်။
ပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ်များမှတစ်ဆင့် ဝင်ရောက်မလာစေရေး တိုးမြှင့် ဆောင်ရွက်
ပြည်တွင်းနှင့် ပြည်ပ လေကြောင်းခရီးစဉ်များမှတစ်ဆင့် ဝင်ရောက်လာသူများထံမှ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး ဝင်ရောက်မှု မရှိစေရေးအတွက် “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ် ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာမည့်ခရီးသွားများ အတွက် အသွားအလာ ကန့်သော်မှုနှင့် ကော်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်(၃-၁၁-၂၀၂၁) "အရ အထူးကိစ္စရပ်များမှလွဲ၍ ပြည်ပမှဝင်ရောက်လာမည့် သူများ အတွက် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးပါက ကွာရန်တင်းကာလ ၇ ရက်၊ RT-PCR စစ်ဆေးမှု နှစ်ကြိမ်၊ ကာကွယ်ဆေး အကြိမ် ပြည့်ထိုးနှံမှုမခံယူရသေးပါကကွာရန် တင်းကာလ ၁၀ ရက်၊ RT-PCR စစ်ဆေးမှု နှစ်ကြိမ် စသည့်လုပ်ငန်းများအား တိကျစွာ ဆောင်ရွက်လျက်ရှိပါသည်။ ထပ်မံအားဖြည့်မည့် အစီအစဉ် များအဖြစ် နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသား ခရီးသည်များအား ယခင်က RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း နှစ်ကြိမ်ဆောင်ရွက်ခဲ့ရာမှ ကာကွယ်ဆေးအကြိမ် ပြည့်မရရှိသူအားလုံးနှင့်မြန်မာနိုင်ငံသို့ မလာရောက်မီ လွန်ခဲ့သော ၇၂ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှုမခံယူထားသည့် မြန်မာနိုင်ငံသားများအား သုံးကြိမ်အဖြစ်သို့ တိုးမြှင့်စစ်ဆေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းလေကြောင်းခရီးသွားလာခြင်းလုပ်ငန်းများ ပြေးဆွဲရာ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းလမ်းညွှန် (Version-2.5) အရ ဆောင်ရွက်လျက်ရှိရာ ကာကွယ် ဆေးအကြိမ် ပြည့် ထိုးနှံပြီးသူများအနေဖြင့် ကော်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ရန် မလိုဘဲ လိုက်ပါစီးနင်းနိုင်သော်လည်း ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံသူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆေးရုံဆေးခန်းများတွင် RDT စစ်ဆေးခြင်းအား လေယာဉ် မစီးနင်း ၄၈ နာရီအတွင်း အခမဲ့စစ်ဆေး၍ လိုက်ပါစီးနင်း နိုင်ပါသည်။ ထို့အပြင် အိုမီခရွန် ရောဂါပိုး ကူးစက်ဖြစ်ပွားနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့်ဒေသများမှ ခရီးသည်များ လိုက်ပါမည့်အချို့ ပြည်တွင်းခရီးစဉ်များအား ယာယီရပ်ဆိုင်းခြင်းနှင့် ရပ်ဆိုင်းခြင်း မပြုသည့်ခရီးစဉ်များတွင် ခရီးသည်အားလုံးအား RDT နည်းဖြင့် စစ်ဆေး၍ ပိုးတွေ့ရှိခြင်း မရှိမှသာ လေယာဉ်စီးနင်းခွင့်ပြုခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရာဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကျယ်ပြန့်စွာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်ထောင်စု နယ်မြေနေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိရာ ၁၁-၁၂-၂၀၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးသူ စုစုပေါင်းမှာ ၁၉ သန်းခန့်ရှိပြီး ၎င်းအနက် အကြိမ်ပြည့် ထိုးနှံပြီးစီးသူ စုစုပေါင်း ၁၃ သန်းကျော်ရှိပါသည်။ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၃၁ ဒသမ ၈သန်းကျော် ထိုးနှံပြီးဖြစ်ပါသည်။
အခြေခံပညာဦးစီးဌာန၏ အခြေခံပညာကျောင်းများ၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်း များနှင့် ကိုယ်ပိုင်ပညာသင်ကျောင်းများ တွင် ကျောင်းအပ်နှံပြီး တက်ရောက်သည့် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ၁၁-၁၂-၂၀၂၁ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ ၁ ဒသမ ၄ သန်းခန့် သည် ပထမအကြိမ်ထိုးနှံ ပြီးစီး၍ ၁ ဒသမ ၂ သန်းခန့်သည် အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရည်မှန်းလူဦးရေ၏ (၅၀) ရာခိုင်နှုန်းခန့်အား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် လွှမ်းခြုံပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ကာကွယ်ဆေးထိုးနှံမှုများကို ကိုဗ၆-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ အနီးကပ် ကြီးကြပ် ကွပ်ကဲမှုဖြင့် နှီးနွယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝေးလံ ခက်ခဲကျေးလက်ဒေသများအထိ အရှိန်အဟုန်မြှင့်တင်၍ ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါသည်။
ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း (Mask Campaign) များ အရှိန်အဟုန် ပြန်လည်မြှင့်တင်
ရိုးရှင်းလွယ်ကူသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်း များဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့်လုံခြုံစွာဖုံးအုပ်ခြင်း၊ လက်ကို စက္ကန့် ၂၀ ကြာ စနစ်တကျဆေးကြောခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ လေဝင်လေထွက်ကောင်းစေရေး ဆောင်ရွက်ခြင်း စသည်တို့ကို မိဘပြည်သူများ အနေဖြင့် မမေ့မလျော့ ဆောင်ရွက်ကြစေရေးနှင့် စည်ပင်သာယာဈေး၊ ကားဂိတ် စသည့် အများပြည်သူစုဝေးရောက်ရှိ နိုင်သောနေရာများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ပေးခြင်း လုပ်ငန်း (Mask Campaign များကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် အရှိန်အဟုန်ပြန်လည်မြှင့် တင်ဆောင်ရွက်ရန်အတွက် ညွှန်ကြား ထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။
ပြည်သူလူထုအခြေပြုကွာရန်တင်းစင်တာနှင့် ကုသရေးစင်တာများ တိုးချဲ့ပြင်ဆင်လျက်ရှိ
လက်ရှိသုတေသနတွေ့ရှိချက်များအရ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေမြင့်မားပြီး ရောဂါလက္ခဏာများ အလွန်မပြင်းထန်ကြောင်း တွေ့ရှိရသဖြင့် ဓာတ်ခွဲအတည်ပြု လူနာများ သီးခြားထားရှိရန် ပြည်သူလူထုအခြေပြုစင်တာ (Community Positive Centre) (၄၁၈) ခုတွင် လူနာဦးရေ (၂၈,၀၁၉) ဦးအား သီးခြားထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ပြည်သူ လူထုအခြေပြုကုသရေးစင်တာ (၉၃)ခုတွင် လူနာဦးရေ (၉,၆၀၉)ဦး အထိလက်ခံကုသနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားရှိပါသည်။ ၎င်းအပြင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်သူများထားရှိရန် ကွာရန်တင်း စင်တာများ ပြင်ဆင်ထားရှိခြင်းတို့အား တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ကွာရန်တင်းစင်တာ (၇၀၆) ခု ဝင်ဆံ့မှု (၃၃,၂၅၀) အထိကိုလည်း လက်ခံနိုင်ရန် ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။ ထို့အတူ တပ်မတော်အနေဖြင့် ကွာရန်တင်းစင်တာ (၉၆၆) ခု ဝင်ဆံ့မှု (၃၁,၃၃၂) ဦးအထိကိုလည်း လက်ခံနိုင်ရန် ပြင်ဆင်ထားရှိကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအခြေပြုစင်တာများတွင် ဓာတ်ခွဲအတည်ပြု လူနာ (၃၇,၆၂၈) ဦးနှင့် ကွာရန်တင်းစင်တာများတွင် (၆၄,၅၈၂) ဦးအထိ ထားရှိနိုင်ရန် စီစဉ် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
ရောဂါကုသရေးစင်တာများနှင့် ပြည်သူ့ဆေးရုံများအား ကြိုတင်ပြင်ဆင်တိုးချဲ့ဆောင်ရွက်
ကုသရေးကဏ္ဍတွင် ကိုဗစ်-၁၉ရောဂါကုသရေးစင်တာများနှင့် ပြည်သူ့ဆေးရုံများအား ကြိုတင်ပြင်ဆင်မှုများအနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
လူနာများအနေဖြင့် ဆေးရုံတက်ရောက်ရာတွင် လွယ်ကူလျင်မြန်စွာ တက်ရောက်နိုင်ရေးနှင့် လူနာညွှန်းပို့ရာတွင် အဆင်ပြေချောမွေ့စွာဖြင့် လွှဲပြောင်းနိုင်ရေးအတွက် လူနာပို့ဆောင်မည့် လမ်းကြောင်းများ ပြန်လည်ရေး ဆွဲခြင်း၊ လူနာခုတင်စီမံခန့်ခွဲမှုကော်မတီ (Bed Management Committee) များ ပြန်လည်ဖွဲ့စည်းခြင်း သံသယလူနာများကို ဓာတ်ခွဲစစ်ဆေး၍ဆေးရုံ တက်ရောက်မီရောဂါရှာဖွေခြင်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းစီမံချက်များရေးဆွဲခြင်း၊ လိုအပ်သောဓာတ်ခွဲပစ္စည်းများ Test Kit များနှင့် ဆက်စပ် ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ ဓာတ်ခွဲစစ်ဆေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ကြိုတင်သတ်မှတ်၍ ပြည်သူလူထုကို အသိပေးခြင်းတို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေး စီစဉ်ထားရှိပြီး ဖြစ်ပါသည်။ မျိုးဗီဇပြောင်းလဲမှုနှင့်ပတ်သက်၍ စနစ်တကျကုသမှု များပေးနိုင်ရေး အထူးကုဆရာဝန်ကြီးများ၊ ပါမောက္ခများပါဝင်သည့် COVID-19 Clinical Management Committee များကိုလည်း နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စနစ်တကျပြန်လည်ဖွဲ့စည်း ပြီးဖြစ်ပါသည်။
မြို့နယ်အသီးသီး၌ ကိုဗစ်-၉ ရောဂါလူနာများ လျော့နည်းလာ သည်နှင့်အညီ ယာယီရပ်ဆိုင်း ထားခဲ့သော ကိုဗစ်-၁၉ဂါ ကုသရေး ဌာနများကို အလွယ်တကူ ပြန်လည်ဖွင့်လှစ်နိုင်ရေး အသင့်ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ မြို့နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများတွင် လိုအပ်သောကုသမှုများ အချိန်မီစနစ်တကျ ဆောင်ရွက်ရေး၊ လာရောက်ပြသ သော လူနာများတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများကို သတိပြုစစ်ဆေးရေး၊ ကိုဗစ်-၁၉ ဂါလူနာများအတွက် သီးခြားနေရာများ စီစဉ်ဆောင်ရွက်ထားရေး၊ လိုအပ်ပါက ခုတင်များ ထပ်မံတိုးချဲ့နိုင်မည့်အစီအစဉ်များ ကြိုတင် စီစဉ်သတ်မှတ်ထားရေး၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါပိုး ဝင်ရောက် မကူးစက်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် တစ်ကိုယ်ရေ ကာကွယ်ခြင်းနည်းလမ်းများကို စနစ်တကျလိုက်နာရေး၊ သတ်မှတ်ချက်များနှင့် အညီ တစ်ကိုယ်ရေသုံး အကာအကွယ်များ ဝတ်ဆင်ရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သော သင်ကြားမှုများ စဉ်ဆက်မပြတ် ပြုလုပ်ပေးရေးတို့ကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါပိုတွေ့လူနာများအတွက် အထူးကြပ်မတ်ကုသဆောင် (ICU) များ သီးခြား ဖွင့်လှစ်နိုင်ရေးအတွက် ဆေးရုံအဆင့် အလိုက် အထူးကြပ်မတ်ကုသဆီ (ICU) များနှင့် အောက်ဆီဂျင် စီးဆင်းမှုမြင့်မားစွာဖြင့် ကုသပေးနိုင်မည့် ကြပ်မတ်ကုသဆောင် (HDU) များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် ကိုဗစ် ၁၉ လူနာများ အတွက် အထူးကြပ်မတ်ကုသနိုင်သည့် ဆောင် (၆၁၆) ခုတင် ပြင်ဆင်ထားရှိပြီး (၃၈၄) ခုတင် ထပ်မံတိုးချဲ့နိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အထူးကြပ်မတ်ကုသနိုင်သည့် ခုတင် အရေအတွက် (၁,၀၀၀) အထိ ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့အတူ ပြည်သူ့ဆေးရုံကြီး များအဆင့်မှ တိုက်နယ်ဆေးရုံအဆင့်အထိ ဆေးရုံ များတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ထားရှိသည့် လူနာ ခုတင်များ တိုးတက်ရရှိရေး ဆောင်ရွက်လျက်ရှိရာ (၄,၄၄၅) ခုတင် ပြင်ဆင်ပြီးဖြစ်ကာ ထပ်မံတိုးချဲ့နိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။
၁၀-၁၂-၂၀၂၁ ရက်နေ့အထိ ပြင်ဆင်ထားရှိမှုအရ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ လူနာ ထားရှိနိုင်မည့် (Isolation Bed) (၂၆၃၈၅) ခုတင် အထိထားရှိ နိုင်မည်ဖြစ်ပါသည်။ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းထားရှိမှုအရလိုအပ်ပါက ရောဂါလက္ခဏာ မပြသသူများနှင့် ရောဂါ ပြင်းထန်စွာ ခံစားရခြင်းမရှိသူများ (Asymto matic and mild case) အတွက် ကုသရေးဌာန (၄၄၃)ခုနှင့် (၂၅,၁၀) ခုတင် စုစုပေါင်း (၅၁,၇၉၅) ခုတင် ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် တပ်မတော်ကုသရေးစင်တာများအရေအတွက် (၆၉) ခု ပြင်ဆင်ထားရှိပြီး လူနာဦးရေ (၃,၈၆၇) ဦးထားရှိနိုင်၍ ၎င်းတို့အနက် အထူးကြပ်မတ်ကုသဆောင် ခုတင် (၂၄၅) ခု၊ အောက်ဆီဂျင် ကုထုံးဖြင့် ကုသနိုင်မည့် ခုတင် (၄၉၂) ခု ပါဝင်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ရောဂါ လူနာများအတွက် ခုတင်အရေအတွက် (၅၅,၆၆၂) အထိ ရရှိနိုင်မည်ဖြစ်၍ တတိယလှိုင်း ကာလအတွင်းထက် ပိုမို၍လူနာဦးရေ လက်ခံကုသပေးနိုင်မည် ဖြစ်ပါသည်။
ဆေးဝါးနှင့်ဆေးပစ္စည်းများကို ဝယ်ယူဖြည့်တင်းသိုလှောင်လျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်အတိုင်းဝယ်ယူ ဖြည့်တင်း သိုလှောင်လျက်ရှိရာ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်မည့် ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask) များ၊ တစ်ကိုယ်ရေ အကအကွယ်သုံး ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး လက်အိတ်များ၊ မျက်နှာကော (Face Shield) များ၊ ဓာတ်ခွဲနမူနာများ ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည့် Viral Transport Medium များ၊ ဓာတ်ခွဲစစ်ဆေးရန် Test Kit များ အပါအဝင် ဆေးဝါးနှင့်ဆေး ပစ္စည်းအမျိုး(၃၀)၊ ကုသရေး ကဏ္ဍလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဗိုင်းရပ်စ်ဆန့်ကျင်ဆေးဝါးများ၊ စတီးရွိုက်ဆေးဝါးများ၊ သွေးကျဲဆေးများ၊ ပဋိဇီဝဆေးဝါးများ စသည့်သောက်ဆေးမျိုးစုံ (၂၄) မျိုး၊ ထိုးဆေးမျိုးစုံ (၂၁) မျိုးတို့ကို အများအပြားဝယ်ယူသိုလှောင် ထားရှိပါသည်။ ထို့အပြင် နောက်ဆုံးပေါ်ကိုဗစ်-၁၉ဗိုင်းရပ်စ် ဆန့်ကျင် ဆေးဝါးများကိုလည်း ဝယ်ယူနိုင်ရေး စီစဉ်ထားရှိပြီးဖြစ်ပါသည်။
ရောဂါရှာဖွေကုသရေးတွင် အသုံးပြုနိုင်မည့် အသက်ရှူးစက် (Ventilaton များကို ပြည်သူ့ ဆေးရုံများသို့ ဖြန့်ဝေထားပြီး အသုံးပြု နည်းသင်တန်းများပါဆောင်ရွက်ပြီး ဖြစ်ပါသည်။ ဝယ်ယူထားသော ရွှေ့ပြောင်းဓာတ်မှန်စက် (MobileX-ray များ စားပွဲတင်အောက်ဆီဂျင် တိုင်းတာစက် (Desktop typePuse Oximater)၊ ECG စက်များ ကိုလည်းဆေးရုံများသို့ ဖြန့်ဝေရေးစီစဉ်လျက်ရှိပါသည်။ ဆက်လက်၍ Central Monitoring Systemer Patient Monitore Transport Ventilator များ၊ Defb nilator များကို ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် ပြည်သူ့ဆေးရုံများနှင့် အများပြည်သူ အသုံးပြုရန်အတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာရရှိရေးလုပ်ငန်းများကို မြန်မာ နိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့်လည်း ဆေးဝါးနှင့်ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ တင်သွင်းနိုင်ရေးအတွက် ဝန်ဆောင်မှုများ တိုးမြှင့်ပေးအပ်ခြင်းနှင့် လိုအပ်သည့်ဖြေလျှော့မှုများကိုဆောင်ရွက် ပေးလျက်ရှိပါသည်။
အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ထားရှိ
ကုသရေးကဏ္ဍတွင် အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ အတွက် အစိုးရကဏ္ဍအနေဖြင့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Oxygen Plant) (၁၅၉) ခု၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် (၂၁၂) ခု၊ ပေါင်း(၃၇၁)ခု ကိုလည်းကောင်း၊ အောက်ဆီဂျင် အရည် ထုတ်လုပ်သည့် စက်ရုံနှင့် လှောင်ကန် (Liquid oxygen tank) များကို အစိုးရကဏ္ဍအနေဖြင့် (၂) ခု၊ပုဂ္ဂလိက ကဏ္ဍအနေဖြင့်(၉)ခု၊ ပေါင်း (၃၁)ခုတပ်ဆင်ထားရှိပြီး အောက်ဆီဂျင် ထုတ်လုပ် သည့်စက်ရုံ (Oxygen Plant) (၈၆) လုံးကို ထပ်မံတိုးချဲ့တပ်ဆင်လျက်ရှိပါသည်။
အောက်ဆီဂျင်ထုတ်လုပ်မှုအနေဖြင့် လက်ရှိအနေအထား၌ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံ (Oxygen Plant) များမှ တစ်နေ့တာ ထုတ်လုပ်နိုင်မှု လီတာ (၄၀)ဝင် ဆလင်ဒါဖြင့် (၃၁,၆၀၂) လုံးစာ ထုတ်လုပ်နိုင်ပြီး အောက်ဆီဂျင်အရည် ထုတ်လုပ်သည့်စက်ရုံနှင့် လှောင်ကန် (Liquid oxygen tank)များမှ ထုတ်လုပ်မှုလီတာ (၄၀) ဝင် ဆလင်ဒါဖြင့် (၉,၇၅၀)လုံးစာ ထုတ်လုပ် နိုင်ကာ ထပ်မံတိုးချဲ့မည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Oxygen Plant) များ တပ်ဆင် ပြီးပါက လီတာ (၄၀) ဝင် ဆလင်ဒါဖြင့် (၁၄,၁၄၈)လုံး ထပ်မံထုတ်လုပ် နိုင်မည်ဖြစ်ပါသဖြင့် လာမည့် (၂)လအတွင်း စုစုပေါင်း အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ (Oxygen Plant) (၄၈၈) လုံး တပ်ဆင်ပြီးစီးကာ ထုတ်လုပ်မှုအနေဖြင့် လီတာ(၄၀)ဝင် ဆလင်ဒါဖြင့် (၅၅,၅၀၀)လုံး နေ့စဉ်ထုတ်လုပ်နိုင်သည်အထိ ပြင်ဆင်ထားရှိပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တတိယလှိုင်းကာလတွင် အမြင့်ဆုံး အောက်ဆီဂျင် လိုအပ်ချက်အဖြစ် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး ပြည်နယ်များမှ တင်ပြတောင်းခံလာသည့် တစ်နေ့တာ အောက်ဆီဂျင် လိုအပ်ချက်လီတာ(၄၀)ဝင်ဆလင်ဒါ (၂၄၀၀၀)လုံး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အချက်အလက် များကို အခြေခံ၍ တွက်ချက်မှုအရ အမြင့်ဆုံး တစ်နေ့တာ အောက်ဆီဂျင်လိုအပ်ချက် လီတာ (၄၀) ဝင် ဆလင်ဒါ (၃၂,၀၀၀)လုံးတို့နှင့် နှိုင်းယှဉ်ပါက အရေအတွက်သိသာစွာ နေ့စဉ် တိုးမြှင့် ထုတ်လုပ်နိုင်ခြင်းဖြစ်ပါသည်။ ထို့အပြင် ပြည်သူ့ဆေးရုံများ၌ အလွယ်တကူရွှေ့ပြောင်းနိုင်သည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် (Oxygen Concentrator) စုစုပေါင်း (၆,၃၉၉) ခုနှင့် အောက်ဆီဂျင် ဆလင်ဒါ စုစုပေါင်း (၂၃,၈၂၇)ခုလက်ရှိစုဆောင်းထားရှိ အသုံးပြုလျက် ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူဖြည့်ဆည်းခြင်း၊ အလှူရှင် လှူဒါန်းမှုဖြင့် ဖြည့်ဆည်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်ကုထုံးဖြင့် ကုသမှုပေး နိုင်မည့် (Oxygen Point) (၄,၄၄၅) ခု တပ်ဆင်ထားရှိ အသုံးပြု လျက်ရှိပြီး၊ ထပ်မံတိုးချဲ့တပ်ဆင်ခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနှင့် တပ်မတော်ဆေးသုသေတန တပ်တို့သည် “ကိုဗစ်-၁၉ ရောဂါမျိုးရိုး ဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ် အဖြစ် မျိုးရိုး ဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း” အား အချိန်နှင့်တစ်ပြေးညီ ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်အရ မျိုးရိုးဗီဇ အစီအစဉ်လေ့လာခြင်း လုပ်ငန်း (Genome Sequencing) ofĉcomo esposcoopyproces ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများနှင့် အခြားဦးစားပေးအုပ်စုများရှိ ရောဂါပိုးတွေ့ရှိသူများတွင် ဓာတ်ခွဲစစ်ဆေးလျက်ရှိပါသည်။ (၆-၁၂၂၀၂၁) ရက်နေ့တွင် တောင်ကြီး၊ မန္တလေး၊ မော်လမြိုင် ကျိုင်းတုံ၊ နေပြည်တော်၊ ရန်ကုန်မြို့တို့မှ ဓာတ်ခွဲနမူနာ (၁၆)ခုကို တပ်မတော် ဆေးသုတေသန တပ်တွင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း ဒယ်လ်တာ (Delta) ပိုးတွေ့ရှိသူ (၁၆)ဦးကိုသာ တွေ့ရှိရပြီး အိုမီခရွန် (Omicron) ပိုးကို မတွေ့ရှိရကြောင်း သိရှိရပါသည်။ ထို့အပြင် ဓာတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထိုင်းနိုင်ငံ ရှိ ရည်ညွှန်းဓာတ်ခွဲခန်း သို့လည်း ပေးပို့ထားရှိပြီး စစ်ဆေးလျက် ရှိကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ပြီးဖြစ်ပါသည်။
ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွားမှုများ ကာလအတန်ကြာ နောက်ကျ၍ ဖြစ်ပွားခြင်း၏ အားသာချက်
ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝအရ လူအချင်းချင်း ထိတွေ့ရာမှ အဆင့်ဆင့် ကူးစက်ခြင်းကြောင့် မိမိတို့နိုင်ငံအတွင်းသို့ ရောဂါပိုး ဝင်ရောက်ကူးစက်မှုများကို အပြည့်အဝ တားဆီးရန် အလွန်ခက်ခဲပါသည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါ က မိမိတို့နိုင်ငံသည်ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွားမှုများ ကို ကာလအတန်ကြာ နောက်ကျ၍ ဖြစ်ပွားခြင်းရှိသည်ကို တွေ့ရှိရခြင်း ဖြစ်ပါသည်။ ထိုသို့ တွေ့ရှိရမှုနောက်ကျခြင်း၏ အားသာချက်တစ်ခုမှာ ယခုကဲ့သို့မျိုးဗီဇပြောင်းရောဂါပိုးများပေါ်ပေါက်လာချိန်တွင် မိမိတို့အနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစွာရရှိစေခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေး စင်တာများ ပြင်ဆင်သည့်လုပ်ငန်းများစွာကို ပိုမို၍ ဆောင်ရွက်နိုင်ခြင်းနှင့် အဆိုပါဗီဇပြောင်းရောဂါပိုး၏ သဘောသဘာဝကို ပိုမိုသိရှိနားလည် နိုင်ခြင်းဖြစ်ပါသည်။
ရောဂါဖြစ်ပွား သေဆုံးမှုများ ကျဆင်းလာသော်လည်း အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တတိယလှိုင်းကာလအတွင်း ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့် ဆောင်ရွက်ခဲ့ရာ ယခုရက်သတ္တပတ်အတွင်း တစ်နေ့လျှင် ပျမ်းမျှဓာတ်ခွဲနမူနာ (၁၇.၂၄၄) နီးပါး စစ်ဆေးနိုင်ခဲ့ပြီး တစ်နေ့ပျမ်းမျှလူနာ (၃၂၅) ဦးရှိခဲ့သဖြင့် ပိုးတွေ့နှုန်းမှာ (၁.၈၉) ရာခိုင်နှုန်းသာ ရှိပါသည်။ တတိယကူးစက်မှုလှိုင်းအတွင်း နေ့စဉ်ဓာတ်ခွဲ အတည်ပြုလူနာများ အများဆုံး တွေ့ရှိခဲ့ပြီး ကူးစက်မှု အပြင်းထန်ဆုံးဖြစ်ခဲ့သည့် ဇူလိုင်လ၊ ဒုတိယရက်သတ္တပတ် (၁၄-၇၂၀၂၁) မှ (၂၀-၇-၂၀၂၁) နှင့် နှိုင်းယှဉ်ပါက တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃၂,၀၂၉)ဦး စစ်ဆေးနိုင်ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုအား (၂၁)ရာခိုင်နှုန်း အထိ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး လူသစ်တွေ့ရှိမှုမှာ (၉၃)ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပြီဖြစ်ပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် နေ့စဉ်ပိုးတွေ့နှုန်း များမှာ (၃) ရာခိုင်နှုန်း အောက်သို့ ကျဆင်းလျက်ရှိသည်မှာ (၁) လခန့်ရှိပြီ ဖြစ်ပြီး ပိုးတွေ့နှုန်းအနိမ့်ဆုံးအနေဖြင့် (၆-၁၂၂၀၂၁) ရက်နေ့တွင် (၁.၃၇) ရာခိုင်နှုန်း တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ရောဂါဖြစ်ပွားမှု နှုန်းနှင့် ရောဂါကြောင့် သေဆုံးမှုများ ကျဆင်းလာသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများနှင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်၍ အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်ဖြစ်ပါသည်။ နိုင်ငံတော်၏ပံ့ပိုးမှု မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့် ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုများ ကျဆင်းလာခြင်းဖြစ်၍ ဆက်လက်၍ အားလုံးအနေဖြင့် ပူးပေါင်းပါဝင်ပေးရန် လိုအပ်လျက်ရှိပါသည်။
အလွန်စိုးရိမ်ထိတ်လန့်ခြင်းမပြုဘဲ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် လိုအပ်
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှုတစ်ကျော့ပြန် များပြားမလာစေရေး အထက်တွင်ဖော်ပြပါအတိုင်း လုပ်ငန်းများကို အဘက်ဘက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို စီမံချက် အသွင်ရေးဆွဲ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီတို့၏ လမ်းညွှန်မှု၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီတို့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် နှီးနွယ်ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါ၍ ပြည်သူများအနေဖြင့်လည်း အိုမီခရွန် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးနှင့်ပတ်သက်၍ အလွန်စိုးရိမ်ထိတ်လန့်ခြင်းမပြုဘဲ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အလှည့်ကျ ရရှိလာသည့် ကာကွယ်ဆေး မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းအပါအဝင် ရိုးရှင်းသည့် အခြေခံ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို ကိုယ်စီဆက်လက်လိုက်နာကြရန် လိုအပ်သည့်အကြောင်း အသိပေးတင်ပြလိုက်ရပါသည်။
ဒေါက်တာသန်းနိုင်စိုး (ကျန်းမာရေးအသိပညာမြင့်တင်ရေး)