Jul 03, 2022

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်စုံတစ်ခုကြုံတိုင်း ကျောင်းသား၊ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများသည် ရိုက်ခတ်မှုများနှင့် ဦးစွာကြုံတွေ့ရလေ့ရှိသည်။ မရိုက်ခတ်လျှင်လည်း ရိုက်ခတ်လာအောင် နိုင်ငံရေးသမားဟုဆိုသူများက ဆော်ဩကြသည်။ မခံချင်အောင် သွေးထိုးလှုံ့ဆော်တတ်ကြသည်။
Jul 03, 2022
နေ့စဉ်လူမှုဘဝ၌ ရုန်းကန်လှုပ်ရှားမှုအကြား မောပန်းလာသည့်အခါ အေးချမ်းသာယာသည့် နေရာများတွင် အပန်းဖြေအနားယူလိုကြသည်။ အေးချမ်းမှုဖြင့် အနားယူရင်းခါးဆိမ့်သော ကော်ဖီတစ်ခွက်သောက်ရင်း ပင်ပန်းမှုကို ဖြေလျှော့လိုကြသည်။ ထိုကဲ့သို့ခရီးသွားရင်း ကော်ဖီရနံ့ဖြင့် အပန်းဖြေနိုင်ရန်အတွက် ခရီးသွားမြို့တော် ပြင်ဦးလွင်ကို ကော်ဖီမြို့တော်ပါ ဖြစ်လာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်နေပြီဖြစ်သည်။
Jul 02, 2022

မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်တွင် ထုံးဓလေ့ အစဉ်အလာကောင်းများကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထိုသို့ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသော မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စာပေများတွင် အထင်အရှားတွေ့မြင်ရသည်။
Jul 02, 2022

“လူတွင်ပါလို့ နွားကျားကိုက်ခံရတာ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားဟာ ကိုဗစ်-၁၉ ကပ်ရောဂါက ပေးထားတဲ့ သင်ခန်းစာနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။
Jul 01, 2022

“စာဖတ်ပရိသတ်ပြည်သူများအတွက် အကျိုးပြုစာပေများ ရှင်သန်ထွန်းကားရေးနှင့် မြန်မာစာပေဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန်”ဟူသော ရည်ရွယ်ချက်ဖြင့် ပခုက္ကူမြို့ ဗိုလ်ချုပ်လမ်းနေ သိန်းတစ်ရာဆေးပေါင်းရုံပိုင်ရှင် ဦးအုံးဖေက သူ၏စာပေဒါန မတည်လှူဒါန်းငွေများဖြင့် ၁၉၉၄ ခုနှစ်မှစ၍ ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် (၂၈)ကြိမ်မြောက် ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်နေကြလေပြီ။
Jun 30, 2022

နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ရောက်ရှိလာပြီဆိုတော့ ကျွန်တော့်ရဲ့အတွေးထဲ ဆရာဇော်ဂျီ ခံစားရေးဖွဲ့ခဲ့တဲ့ ကဗျာတစ်ပုဒ်ကို သွားပြီးသတိရလိုက်မိပါတယ်။ နှုတ်ကလည်း သူ့အလိုလို ကဗျာစာသားတစ်ပိုဒ်ကို ရွတ်ဆိုမိလိုက်ပါတယ်၊ “ အယက်အကန်ခံလို့ ၊ ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျက်ပဲ ” ဆိုပြီးတော့လေ။
Jun 29, 2022
၃၈-ဖြာမင်္ဂလာ ကဗျာများထဲက ဆဋ္ဌမမြောက်ကဗျာပေါ့ကွယ်။ “ရှောင်ကြဉ်ရေးမင်္ဂလာ” ကဗျာလို့ခေါ်တယ်။ ရှောင်ကြဉ်ရေးမင်္ဂလာလေးပါးကို ကဗျာအဖြစ် ဆရာကြီးဒဂုန်ဦးဆန်းငွေက ရေးစပ်သီကုံး ခဲ့တာဖြစ်တယ်။
Jun 29, 2022

အကျိုးစီးပွား ပဋိပက္ခဆိုသည်မှာ “မည်သူမဆို ရာထူးတာဝန်အရ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အသုံးပြုကာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်းတို့တွင် “ကိုယ်ကျိုးစီးပွားကို” ဦးတည်သော ပြုမူဆောင်ရွက်မှုများ ပြုမူလုပ်ဆောင်သည့်အခြေအနေကို ဆိုလို သည်” ဟု အောက်စ်ဖို့ဒ်အဘိဓာန်တွင် ဖော်ပြထားပါသည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ အများပြည်သူ အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးရန် လုပ်ပိုင်ခွင့်အပ်နှင်းခံရသူများဖြစ်ရာ
Jun 28, 2022

ပဲပုပ်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စသည့် တောင်ကြီးဒေသ ထွက်ကုန်များသည် ဖြူ၊ နီ၊ ပြာ၊ ဝါအရောင်စုံဖြင့် လတ်ဆတ်နေသည်။ တောင်ကြီးဈေးအတွင်း ဈေးဖွင့်ချိန် နံနက်ခင်းမှသည် ဈေးသိမ်းချိန် ညနေပိုင်းအထိ ရောင်းဝယ်လှုပ်ရှားမှုများဖြင့် စည်ကားနေသည်မှာ ဒေသလူမှုစီးပွား ဝေစည်ဖွံ့ဖြိုးမှုကို လှစ်ဟပြသနေသကဲ့သို့ပင်။
Jun 28, 2022

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့် မြင့်မားရေးတို့အတွက် လိုအပ်လျက်ရှိသော၊ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားသည် “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေး”ဆိုသကဲ့သို့ စနစ်တကျ သတိတရားဖြင့် သုံးစွဲပါက အကျိုးရှိသော်လည်း သတိလက်လွတ်၊ မဆင်မခြင်၊ ပေါ့ပေါ့ဆဆ သုံးစွဲကြပါက ရာသီမရွေး လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။