Aug 22, 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ အဂတိလိုက်စားမှုသည် အစိုးရကဏ္ဍ၌ သာမက ပုဂ္ဂလိကကဏ္ဍတွင်လည်းဖြစ်ပွားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရကဏ္ဍ အဂတိလိုက်စားမှုများသည် ပိုမိုများပြားပါသည်။ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိရန်နှင့် အုပ်ချုပ်မှုယန္တရားကောင်းမွန်စွာ ထိထိရောက်ရောက် လည်ပတ်နိုင်စေရန်အတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုတွင် ဖြောင့်မတ်တည်ကြည်မှုကျင့်ဝတ်သည် အရေးပါလှသည်။ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေး အတွက် အစိုးရဌာန၊ အဖွဲ့အစည်းများတွင် ဖြောင့်မတ်တည်ကြည်မှုရှိစေရေး ကျင့်ဝတ်ဆိုင်ရာ သင်တန်းများပေးခြင်းကို လက်သုံးကိရိယာတစ်ခုအဖြစ် အဓိကလေ့ကျင့်ပေးသင့်ပြီး အဂတိလိုက်စားမှု များပြားသော နိုင်ငံများတွင်သာမက အဂတိလိုက်စားမှုနည်းပါးသော နိုင်ငံများတွင်ပါ ဆောင်ရွက်နေကြပြီဖြစ်ပါသည်။ ကျင့်ဝတ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ရေးကို နိုင်ငံအများစု၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲချမှတ်လုပ်ဆောင်ကြပြီး နိုင်ငံအချို့တွင်မူ ဖြောင့်မတ်တည်ကြည်မှု မဟာဗျူဟာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများတွင် တာဝန်ယူဆောင်ရွက်မည့် အဖွဲ့အစည်း၊ အချိန်ကာလသတ်မှတ်ချက်များ၊ သုံးစွဲမည့်ငွေကြေးပမာဏများ အသေးစိတ်ဖော်ပြထားသော လုပ်ငန်းဆောင်ရွက်မှုအစီအမံများဖြင့် ထည့်သွင်းရေးဆွဲကြပါသည်။
Aug 21, 2022

“ပြောစကား နားမထောင်ဘူး”။ “ပြောလို့မရဘူး” ဆိုတဲ့သူတွေကိုပဲ စိတ်ရှည်သည်းခံ၊ ဇွဲသန်သန်နဲ့ အဖန်ဖန်အထပ်ထပ် မေတ္တာဓာတ်အပြည့်အဝနဲ့ ပြောနေပါဦး၊ ပြောလိုက်ပါဦး၊ ဆက်ပြောပါဦးလို့ အားပေးပါရစေ။ ဇွဲတော့လိုတာပေါ့။
Aug 20, 2022

ဤနာဂရိုးရာကျေးလက်သီချင်း တစ်ပိုင်းတစ်စကို ရိုးရာဗုံ၊ မောင်း၊ ပလွေများမပါဘဲ ရွတ်ဆိုပြသူမှာ ကိုင်းဆန်မျိုးနွယ်စုမှ ဟိုင်းမြေ(ခေါ်)တန်ရှမ်းနာဂ တိုင်းရင်းသား အွမ်မွန်း(ခေါ်) ကိုကျော်ဆန်း ဖြစ်ပါသည်။ သူက စာရေးသူတို့ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ဦးစီးအရာရှိ တစ်ဦးဖြစ်၏။ နောက်နာဂ တိုင်းရင်းသားတစ်ဦးလည်း ရှိပါသေးသည်။ “L.B လာသေး (ခေါ်) ကော့လပ်ဖူ” ဟုခေါ်ပြီး ဆွမ္မရာမျိုးနွယ်စုမှ ဆွမ္မရာနာဂ (ခေါ်) တန်ကွန်နာဂ တိုင်းရင်းသားတစ်ဦးဖြစ်ပါသည်။
Aug 19, 2022

လွန်ခဲ့သော၂၀၁၉ခုနှစ် သြဂုတ်လတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ထူးထူးကဲကဲမိုးသည်းထန်ခြင်း၊ မြစ်ရေများရုတ်တရက်ကြီးခြင်း၊ တောင်ကျရေများဒလဟော စီးဆင်းခြင်းတို့ကြောင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းတို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားခဲ့သည့်အပြင် လူပေါင်း ၆၈ ဦးသေဆုံး၍ စာသင်ကျောင်းပေါင်း ၇၀ ကျော် ခေတ္တပိတ်ခဲ့ရသည်။ သေဆုံးသူများထဲတွင် ကျောင်းသား ကျောင်းသူ ၁၆ ဦးပါရှိပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဖတ်ရှုမှတ်သားခဲ့ရပါသည်။
Aug 19, 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အရေးကြီးသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။
Aug 17, 2022

မြန်မာ့ပြည်တွင်းရေးနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ လတ်တလောပြောကြားချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေနဲ့ ကိုက်ညီရဲ့လား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောဆိုတာလဲ၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာနဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေဟာ မြန်မာနိုင်ငံအတွက်သာမကဘဲ အာဆီယံအဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက်ပါ စဉ်းစားစရာ ဖြစ်နေပါတယ်။
Aug 17, 2022

၂၀၀၇ ခုနှစ် မတ်လ အာဆီယံအသင်းကြီးအတွက် အသင်းဝင်နိုင်ငံတိုင်းက လက်မှတ်ရေးထိုးပြီး လိုက်နာရန် ဝန်ခံကတိပြုရသည့် ပဋိညာဉ်စာချုပ်ကြီးကို ရေးဆွဲနေပေသည်။ အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေရေးဆွဲရေး ကျွမ်းကျင်သောပုဂ္ဂိုလ်များကို ဝန်ကြီးအဆင့်၊ ပါမောက္ခအဆင့်ရှိ ပညာရှင်ပုဂ္ဂိုလ်များက ဦးဆောင်ရေးဆွဲ ခရီးပေါက်မြောက်နေပေသည်။ မြန်မာနိုင်ငံမှ ဝန်ကြီးအဆင့်ရှိ စီးပွားရေးပညာရှင် ဒေါက်တာ သန်းညွန့် ခေါင်းဆောင်သောအဖွဲ့ကလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပေသည်။
Aug 16, 2022

ကမ္ဘာ့နိုင်ငံအသီးသီးတွင် သမ္မတရွေးကောက်ပွဲများ၊ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများ၊ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲများ၊ မြူနီစီပယ်ရွေးကောက်ပွဲများကျင်းပရာ၌ မိမိကျင့်သုံးသည့် နိုင်ငံရေးစနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ၊ နိုင်ငံသမိုင်းကြောင်းအခြေအနေတို့အပေါ်မူတည်၍ ရွေးကောက်ပွဲစနစ်အမျိုးမျိုးကို ရွေးချယ်အသုံးပြုကြသည်။ ရွေးကောက်ပွဲစနစ်တစ်မျိုးတည်းသာအသုံးပြုခြင်း၊ လွှတ်တော်တစ်ရပ်လျှင် ရွေးကောက်ပွဲစနစ်တစ်မျိုးစီခွဲခြားကျင့်သုံးခြင်း၊ ရွေးကောက်ပွဲစနစ်နှစ်မျိုးပူးတွဲ ကျင့်သုံးခြင်း၊ ကျင့်သုံးခဲ့သည့်ရွေးကောက်ပွဲစနစ်ကို ပြန်လည်သုံးသပ်၍ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းတို့အပြင် မိမိနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့် ရွေးကောက်ပွဲစနစ်သစ်တစ်ခု တီထွင်အသုံးပြုခြင်းများလည်းရှိကြသည်။
Aug 15, 2022

သဘာဝအလှအပများ၊ ဘုရားပုထိုးစေတီများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ဖော်ရွေပျူငှာမှုများနှင့် ပြည့်နှက်နေသည့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် တည်ရှိနေသည်။ ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေး၊ ပေါင်၊ ချောင်းဆုံ၊ သထုံ၊ ဘီးလင်း စသည့်မြို့၁၀ မြို့ဖြင့် ပြည်နယ်ကို ဖွဲ့စည်းထားသည်။
Aug 15, 2022

၁၈-၇-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ဖွင့်လှစ်ပွဲ သတင်းထဲ၌ “ပင်မဆောင်ရှိ ဓာတ်ခွဲခန်းတွင် Mercury (ပြဒါး)၊ Lead (ခဲ)စသော heavy metals (သတ္တုဓာတ်)များ ပါဝင်မှုနှုန်းစစ်ဆေးနေမှု၊ ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်း (Active Pharmaceutical Ingredient) စစ်မှန်မှု ရှိ၊ မရှိနှင့် မလိုလားအပ်သော အရောအနှောများ ပါဝင်မှုကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးနေမှု၊ အစားအသောက်များတွင် ဆိုးဆေးများနှင့် တာရှည်ခံဆေးဝါးများ ခွင့်ပြုပမာဏထက် ကျော်လွန်သုံးစွဲခြင်း ရှိ၊ မရှိ၊ အစား အသောက်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော မှိုပါဝင်ခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနေမှု၊ အစားအသောက်များထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများ၏ စစ်မှန်မှုနှင့်အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု၊ စားသုံးဆီများ၏အမျိုးအစား စစ်မှန်မှု ရှိ၊ မရှိနှင့် ဆီအမျိုးအစားများ ပါဝင်သည့် ပြည့်ဝဆီနှင့် မပြည့်ဝဆီများပါရှိနေခြင်း ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်နေ’’ ကြောင်း တွေ့ရပါသည်။