အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။


Jul 15, 2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုလျက်ရှိသော ဘေလီတံတား၏ ကြံ့ခိုင်မှုအခြေအနေများအား ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Jul 15, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ငွေကျပ် ၂၀ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သန်းကျော်နှင့် ဘိန်းဖြူ ၂၂ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

Jul 15, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၄၆ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

Jul 15, 2025
စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်း၊ အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

Jul 15, 2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိရေလှောင်တမံနှင့် အလုပ်သမားဝန်ကြီးဌာနရှိ ရုံးပတ်လမ်း၊ မြေထိန်းနံရံများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Jul 15, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည် ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Jul 15, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Jul 15, 2025
အဆင့်မြင့် အရာထမ်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဖွင့်ပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
နောက်ဆုံးရသတင်းများ

Jul 15, 2025Latest News
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်

Jul 15, 2025Latest News
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုလျက်ရှိသော ဘေလီတံတား၏ ကြံ့ခိုင်မှုအခြေအနေများအား ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်

Jul 15, 2025Latest News
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ငွေကျပ် ၂၀ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သန်းကျော်နှင့် ဘိန်းဖြူ ၂၂ ကီလိုတို

Jul 15, 2025Latest News
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြ

Jul 15, 2025Latest News
စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်
ဆောင်းပါးကဏ္ဍ
- Jul 14, 2025ကမ္ဘာပေါ်တွင် လူဦးရေများပြားလာသည်နှင့်အမျှ လူသားများသုံးစွဲသည့် ပလတ်စတစ်ပစ္စည်းပမာဏ များပြားလာပြီး ပလတ်စတစ်ညစ်ညမ်းမှု များပြားလာကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများဖြစ်လာကြောင်း တွေ့ရှိနေရသည်။ စည်းကမ်းမဲ့ ပလတ်စတစ်အမှိုက် စွန့်ပစ်ခြင်းများကြောင့် ကမ္ဘာကြီး သန့်ရှင်းမှုမရှိတော့ဘဲ လူသားများတွင် ရောဂါများဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။
- Jul 14, 2025“ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှုသည် ပြောင်းလဲလျက်ရှိသည့် အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက်ရှိ၏။ ကျွန်ုပ်တို့အားလုံး သက်သက် သာသာ၊ ချောင်ချောင်ချိချိ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြပေသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေး လွတ်လပ်မှု၊ လူတစ်ဦးတစ်ယောက်အနေနှင့်လည်းကောင်း၊ တစ်မျိုးလုံးအနေနှင့် လည်းကောင်း တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ အဆင့်အတန်းတို့ မြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေသည်။ ဤ လွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏”
- Jul 13, 2025ဥရောပကအရင်က အတော်ကောင်းခဲ့တယ်။ အထူးသဖြင့် ခိုလှုံခွင့်တောင်းခံသူတွေ၊ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအတွက် နိဗ္ဗာန်ဘုံကြီးဖြစ်ခဲ့တယ်။ ဥရောပဟာ နိုင်ငံတကာစာချုပ်စာတမ်းတွေ စတင်ပေါ်ထွန်းရာမူရင်းနယ်မြေဖြစ်ပြီး နိုင်ငံတကာစနစ်ကြီးကို အလေးထားစောင့်ရှောက်တဲ့ ဥရောပသမဂ္ဂ(အီးယူ)လို အဖွဲ့အစည်းကြီးလည်းတည်ရှိတယ်။ ရောက်လာတဲ့ခိုလှုံသူတွေကို အစားအစာတွေပေးတယ်။ နေစရာတွေပေးတယ်။ ဘာသာစကားနဲ့ အလုပ်အကိုင်၊ အခွင့်အလမ်း၊ သင်တန်းတွေစီမံပေးတယ်။ လူမှုဖူလုံရေးထောက်ပံ့ကြေးတွေပေးတယ်။
- Jul 13, 2025ယခုအခါ သဘာဝဘေးအန္တရာယ်အသွယ်သွယ်သည် လူတို့နေထိုင်ရာကမ္ဘာမြေကြီးကို ကြိမ်ဖန်များစွာရန်စတိုက်ခိုက်နေပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့် ရန်စတိုက်ခိုက်မှု အန္တရာယ်အသွယ်သွယ်ကို နည်းလမ်းမျိုးစုံကျင့်သုံး၍ ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးကျင့်စဉ်တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းဓလေ့ ရှင်သန်ဖြစ်ထွန်းရန်လိုပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည်။ ထို့ပြင် သစ်ပင်သည် လေကိုသန့်စင်စေသည့် အလုပ်ကိုတာဝန်ကျေစွာလုပ်ဆောင်နိုင်စွမ်းရှိသည်။ လေထုညစ်ညမ်းမှုပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ပေသည်။ သစ်ပင်များအလွန်အကျွံခုတ်လှဲမှုကို ကုစားသည့်အနေဖြင့် လျော့နည်းလာသည့် သစ်ပင်များနေရာတွင် အစားထိုးပြန်လည်ဖြည့်တင်းကြရမည်ဖြစ်သည်။
- Jul 13, 2025မိုးဦးလေဦး ယခုကာလ၌ လောကတစ်ခွင်သည် စိမ်းစိုလန်းဆန်းလျက်ရှိသည်။ လျှပ်ပန်းလျှပ်နွယ်တို့က မီးပန်းဆိုင်းဆွဲထားသကဲ့သို့ လင်းလက်လျက်ရှိသည်။ ထိုအခါ မိုးကိုကြိုလင့်နေသောပန်းတို့သည်လည်း ဟိုမှာသည်မှာ အရောင်အသွေးစုံစွာဖူးပွင့်နေကြသည်။ ဤကားမိုးရာသီ၏ ပြယုဂ်ပင်ဖြစ်ပါသည်။
- Jul 12, 2025ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သလို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။