သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ ၆၁၀၆ ပါး/ဦးအနက် ၉၂၆ ပါး/ဦး အောင်မြင်၍ ၁၅ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင်ဖြေဆိုသူ ၇၅၇၆ ပါး/ဦးအနက် ၁၄၆၅ ပါး/ဦး အောင်မြင်၍ ၁၉ ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင်ဖြေဆိုသူ ၁၃၂၃၅ ပါး/ဦးအနက် ၃၈၂၀ ပါး/ဦး အောင်မြင်၍ ၂၉ ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင်ဖြေဆိုသူ ၁၉၄၉၇ ပါး/ဦးအနက် ၈၁၃၇ ပါး/ဦး အောင်မြင်၍ ၄၂ ရာခိုင်နှုန်း အောင်မြင်ကြသည်။