သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံးအတွင်းရှိ စိုက်ပျိုးမြေ ၂ ဒသမ ၈ ဧက၌ GW-11 မျိုး မိုးစပါးစမ်းသပ် စိုက်ကွက်များ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။
Oct 04, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT) သို့ရောက်ရှိပြီး ဘာသာရပ်များအလိုက် စာမေးပွဲခန်းများ၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
Oct 04, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Oct 04, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 04, 2024
(၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ်ကျင်းပရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် သန့်လွင်မောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နေပြည်တော် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
Oct 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ချမှတ်ခဲ့သည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှ ငွေကျပ် ၁၅၀ ဘီလီယံမတည်ပြီး သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများအား Participating Financial Institutions (PFI) ဘဏ်များမှတစ်ဆင့် စနစ်တကျ ထုတ်ချေးနိုင်ရေးအတွက် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအဖြစ် နိုင်ငံပိုင်ဘဏ်များဖြစ်ကြသည့် မြန်မာ့စီပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့်ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၌ ကျင်းပသည်။
Oct 04, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ဟဲယာရွာမတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြားခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ဆေးရုံနှင့်ကျန်းမာရေးဌာနများ၏ ရေနစ်မြုပ်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ကာ ဟဲယာရွာမဓမ္မဗိမ္မာန်တော်ကြီး၌ ဖွင့်လှစ်ထားသော ယာယီဆေးခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 04, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၌ကျင်းပသည့် နေပြည်တော် မြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်သာသနာလင်္ကာရစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုနေကြသည့် ရဟန်းသံဃာများနှင့် ရှင်သာမဏေများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
Oct 04, 2024
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေး ဒဏ်ခံစားရသော ဒေသများအတွက် ဆန်အိတ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
နောက်ဆုံးရသတင်းများ
Oct 04, 2024Latest News
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံးအတွင်းရှိ စိုက်ပျိုးမြေ ၂ ဒသမ ၈ ဧက၌ GW-11 မျိုး မိုးစပါးစမ်းသပ် စိုက်ကွက်များ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။
Oct 04, 2024Latest News
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT) သို့ရောက်ရှိပြီး ဘာသာ
Oct 04, 2024Latest News
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
Oct 04, 2024Latest News
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 04, 2024Latest News
(၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ်ကျင်းပရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွ
ဆောင်းပါးကဏ္ဍ
- Oct 04, 2024ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွားနေသောစစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူများအကြား မပြေလည်မှုများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်နေကြခြင်းသည် အစွန်းရောက်မှု အယူအဆများ အားကြီးပြီး တရားမျှတမှုအားနည်းခြင်းကြောင့်ပါ။ ပြီးတော့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအားနည်းကြသည်လည်း ပါပါသည်။ ထိုအဖြစ်မျိုးကို ပညာကိုယ်ခံစွမ်းအား ကျဆင်းနေသော ဒေသများတွင် တွေ့ရပါသည်။ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံ များက ထင်ရှားသော သာဓကများပါ။ ပညာရည်မြင့်မားသည့် ဒေသများတွင် မတွေ့ရပါ။ အနောက် ဥရောပနိုင်ငံများ၊ ကနေဒါနှင့် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများက သက်သေခံနေပါသည်။ ဘက်စုံ အတွေးအခေါ်မှန်ကန်သည့် ပညာဉာဏ်ရင့်သန် မှုသည် ပဋိပက္ခကင်းဝေးရေး၏ အခြေခံအုတ်မြစ်ပါ။ တပည့်များကို သူ့ဘက်၊ ကိုယ့်ဘက် တွေးတတ်၊ မြော်မြင်တတ်သော မျိုးဆက်များအဖြစ် လေ့ကျင့် နိုင်သည့်သူများက ကျောင်းဆရာများပါပဲ။
- Oct 04, 2024“အစ်ကိုကြီးရေ ကျွန်မတော့ဖြင့် သိပ်ကိုအားရှိသွားတာပါပဲ၊ အခုလည်း ရေပြန်ကျ၊ မူလအတိုင်း ပြန်ဖြစ်ပြီမို့ ကလေးကိုရွာပြန်ခေါ်သွားတော့မယ်နော်” ဟု အထက်ပါစကားကို ဆိုလာသူကား ကျွန်တော့်ညီမအရင်း မစန္ဒာဖြစ်သည်။ ဆိုရသည့် အကြောင်းရင်းမှာ ဆင်သေချောင်းဘေးရှိ သူတို့ရွာလေးရေဘေးသင့်မှုကစ၏။ အားလုံးသိပြီးသည့် အတိုင်း၊ ယခုနှစ် စက်တင်ဘာလ လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ထင်မှတ်မထားသည့် ရေဘေးဒုက္ခကို ရှမ်းပြည်နယ်ဘက်မှာရော နေပြည်တော်တပ်ကုန်းတစ်ဝိုက်က ဒေသခံပြည်သူများပါ တနင့်တပိုးခံစားခဲ့ရပါသည်။
- Oct 03, 2024“တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”
- Oct 03, 2024ဘဝသက်တမ်းတစ်ဝက်လောက်ကို နိုင်ငံရေးနယ်ပယ်ထဲတွင် ကျင်လည်နေခဲ့သော ကျွန်တော်သည် မီးစာကုန်ဆီခန်းသည့်အချိန် မရောက်သေးသရွေ့ နိုင်ငံ့အရေးအတွက် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေဦးမည်သာ…။ နိုင်ငံ့အရေးအတွက် နိုင်ငံရေးလုပ်ဖို့ ဆိုလျှင်လည်း မသေချာမရေရာသော မဲဆွယ်စကားများ၊ မဟုတ်မမှန် လုပ်ကြံရေးသားသော နိုင်ငံရေးဇာတ်လမ်းများကြား တံလျပ်ရေထင် ရွှေသမင်အလိုက်မမှားစေဖို့အတွက် သမိုင်းကျေကြဖို့တော့လိုပါသည်။ ဖြစ်ချင်သောဆန္ဒများထက် အဖြစ်သင့်ဆုံးအရာများကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံသားတိုင်းနိုင်ငံရေးရေချိန် ပြည့်ဝနေဖို့လည်း လိုအပ်လှပေသည်။ လက်ရှိတွင် နိုင်ငံတော်ကို အုပ်ချုပ်နေသော တည်ဆဲအစိုးရက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်နေကြောင်း ကြားသိရပြီးနောက် ထိုရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျွန်တော့်အမြင်ကို စာဖတ်သူတို့သိရှိနိုင်ရန် ရေးသားလိုက်ရပေသည်။
- Oct 03, 2024တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်လုံးကျွတ်ကောက်ယူနေပြီဖြစ်သည်။ လူဦးရေဆိုင်ရာအကြောင်းအရာများ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကြောင်းအရာများကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုမှာ လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းမေးမြန်းကောက်ယူသည့်လုပ်ငန်းဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားသည့်အပြင် ငွေကုန်ကြေးကျများပြားသည့်အတွက် ကမ္ဘာ့နိုင်ငံအများစုသည် ဆယ်နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူကြကြောင်းသိရသည်။ သို့သော် လူဦးရေသန်းခေါင်စာရင်းအား မည်သည့် နိုင်ငံမျှမကောက်ဘဲမနေကြ။ မိမိတို့နိုင်ငံတွင်လည်း သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်တွင် သာလွန်မင်းလက်ထက်က စတင်ခဲ့ကြောင်း အထောက်အထားများတွေ့ရှိရပြီး လွတ်လပ်ရေးဆုံးရှုံးပြီးနောက်ပိုင်း ကိုလိုနီလက်အောက်တွင် ၁၈၇၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ရှစ်ကြိမ်တိုင်ကောက်ယူခဲ့ကြောင်း တွေ့ရှိရသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင်တော့ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့သည်။ ယင်းသန်းခေါင်စာရင်း ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏လူဦးရေသည် ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်းကျော်၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃ သန်းကျော်၊ ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၄ သန်း ကျော်ရှိကြောင်းသိရှိရသည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ် ယခုနှစ်တွင်ရှိမည့် လူဦးရေကို ယခုကောက်ယူမည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူပြီးနောက် ထုတ်ပြန်သည့်အချိန်တွင် သိရှိနိုင်မည်ဖြစ်သည်။
- Oct 02, 2024စိန်ရတုဆိုတာ အကြောင်းအရာတစ်ခုခုက နှစ်ပေါင်း ၇၅ နှစ်တိုင်သည်အထိ တည်တံ့ခိုင်မြဲနေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ စိန်ဆိုတာကတော့ လူတိုင်းကမြတ်နိုးစွာ တန်ဖိုးထားရသလို အဖိုးလည်းထိုက်တန်လှတဲ့ ရတနာတစ်မျိုးပါ။