Skip to main content

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် COVID-19 ဓာတ်ခွဲမှု PCR Test Kit များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ လွှဲပြောင်း ပေးအပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ ညနေပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun အား လက်ခံတွေ့ဆုံပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ဓာတ်ခွဲမှု PCR Test Kit များအား လက်ခံသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများ အား မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

 

နေပြည်တော် ဒီဇင်ဘာ ၁၆

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၄)ဦးအား ကွာလာလမ် မူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပြည်ပသို့တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၁၁၆၈ ဦးနှင့်ပြည်တွင်းအလုပ်နေရာ ၉၈၇၄ ဦး ခန့်ထားနိုင်ခဲ့

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွား စေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ပြည်ပသို့တရားဝင် စေလွှတ်ခြင်း နှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဖြေလျှော့ပေးသော်ငြား ပေါ့လျော့၍မရပါ

ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအဖြစ် တက်သုတ်ရိုက်ရှာဖွေစမ်းသပ် ဖော်ထုတ်လိုက်ရသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများအဖြစ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီ ဖြစ်သည်။ ကာကွယ်ဆေး၏အာနိသင်များနှင့်စပ်လျဉ်း၍ အာမခံနိုင်ရန်အတွက် ပြည့်စုံလုံ လောက်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် အချိန်ပြည့် သည်အထိ မစောင့်နိုင်ဘဲ ထုတ်လုပ် လိုက်ရသည့်ကာကွယ်ဆေး များကိုပင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က မြန်နိုင်သမျှမြန်မြန်ရဖို့အရေး လုံးပန်းနေကြရပြန်သည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အာဆီယံ + ၃ မေခရိုစီးပွားရေးသုတေသနရုံး မှ Mission Chief ဖြစ်သူ Dr. Lee Lae Young ဦးဆောင်သောအဖွဲ့နှင့် Virtual အစီအစဉ်ဖြင့် တွေ့ဆုံဆွေးနွေး

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် အာဆီယံ + ၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN +3 Macroeconomic Research Office-AMRO) မှ Mission Chief ဖြစ်သူ Dr. Lee Lae Young ဦးဆောင်သောအဖွဲ့နှင့် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာဆရာမများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်း အဖွဲ့များ၊ ဆရာဆရာမများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများ အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၂၀)နှင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် မြန်မာနိုင်ငံသား (၄၇)ဦးပါဝင်သည့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၆၇)ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Subscribe to နေပြည်တော်