Skip to main content

နိုင်ငံတကာလုပ်သားများရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလတစ်ဝက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် လေ့လာစောင့်ကြည့်သုံးသပ်ခြင်းဆိုင်ရာအစည်းအဝေးကျင်းပ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့ပူးပေါင်း၍ နိုင်ငံတကာလုပ်သား များ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလတစ်ဝက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် လေ့လာစောင့်ကြည့် သုံးသပ်ခြင်းဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် Virtual Format ဖြင့် ကျင်းပ သည်။

ဘောကထ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖေါ်နိုင်ရေး KNU ၏ အဆိုပြုမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်း ဘောကထ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ လုပ်ငန်းများ ဆက်လက်အကောင် အထည်ဖေည်ဆောင်ရွက်နိုင်ရေး အစိုးရနှင့် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

“ယွန်းလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ဆွေးနွေးပွဲ တတိယအကြိမ်ကျင်းပ

မြန်မာ့ယွန်းလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ နည်းပညာ၊ အသိပညာ၊ ဗဟုသုတ များတိုး ပွားစေပြီး စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ “ယွန်း လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ် ဖြင့် ကျင်းပသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၈-၁၂-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ

(၁၇-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၈၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၉)ကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) အွန်လိုင်းမှ ကျင်းပနိုင် ရေး အကြိုညှိနှိုင်း အစည်းအဝေးနှင့် အစမ်းလေ့ကျင့်ခြင်းများပြုလုပ်

စင်ကာပူနိုင်ငံမှ အလှည့်ကျအိမ်ရှင် အဖြစ် ကျင်းပပြုလုပ်သည့် (၉)ကြိမ် မြောက် အာဆီယံ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9th ASEAN Quiz-Regional Level ပြိုင်ပွဲအား ဒီဇင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသူ သုံးဦးကလည်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (ပြည်လမ်း-ရန်ကုန်)ရှိ စတူဒီယိုခန်းမမှ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပနိုင် ရေးအတွက် အာဆီယံနိုင်ငံများရှိ ပြန်ကြားရေးဆပ်ကော်မတီ အသီးသီး မှ တာဝန်ရှိသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများ အပါအဝင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုပေါင်း၍ အကြို ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း၊ အစမ်းလေ့ကျင့်ခြင်းများကို ယမန်နေ့ နံနက်နှင့် မွန်းလွဲပိုင်းတို့တွင် အွန်လိုင်း မှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။

မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန် ကူးမှုဖြင့် ထောင်ဒဏ် ချမှတ်

မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သူများအား လူကုန် ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း သိရသည်။

မိုးညှင်း၊ အင်းတော်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာအုပ်စု၊ ခါနန်ကျေးရွာရှိ မျိုးဆော့(ခ)မာလ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၀၂၇ ကီလိုတို့ကို လည်းကောင်း။

ဒီမိုကရေစီ တာဝေးပြေးလမ်း

ဒီမိုကရေစီ ပိန်းပိတ်မှောင်ကျ ခေတ်ကာလကို ဆန့်ကျင်တော်လှန် ကြရင်း၊ တရွေ့ရွေ့ ပြောင်းလဲလင်းလက်ဖို့ အာလာကာ ခေတ်သစ် ကို စတင် ချင်းနင်းလာပြီဖြစ်သော်လည်း ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်ဟူ၍ ဂုဏ်ဖော် ကြွေးကြော်လို့မရသေးသည့် အခြေအနေ ဖြစ်ပါသည်။

စာပေစွမ်းပကားဖြင့် တိုင်းကျိုးပြည်ဆောင်

ပုဂံခေတ် “မြစေတီကျောက်စာ” သည် မြန်မာစာပေသမိုင်းတွင် ရှေးအကျဆုံး မြန်မာစာဖြစ်သည်ဟူသော မှတ်တမ်းအရ မြန်မာစာပေ ထွန်းကားလာ သည်မှာ နှစ်ပေါင်း တစ်ထောင်ခန့်ရှိပြီဖြစ်သည်။ ယင်းမှစ၍ ရှေးအစဉ်အဆက် ထင်ရှားပြောင်မြောက်သည့် မြန်မာစာဆိုများနှင့်စာပေများ ပေါ်ထွန်းလာ သည်တို့ကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံအား မိမိတို့၏ကိုယ်ပိုင်စာပေကို မြတ်နိုးတန်ဖိုးထားသော နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ရာ ရှုမြင်ခံစား ရမည်ဖြစ်ပါ သည်။

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်းသိကောင်းစရာ အမေး ၊ အဖြေ အစီအစဉ် ဆက်လက် ထုတ်လွှင့်မည်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာ မျှဝေပေး မည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသည်။
Subscribe to နေပြည်တော်