နေပြည်တော် ဒီဇင်ဘာ ၁
ရန်ကုန်တက္ကသိုလ်ကြီး၏ ကြီးမြတ်သည့် သမိုင်းကြောင်းများနှင့် ကြီးမားသည့် အစဉ် အလာများကို ပြည်သူများ ခံစားသိမြင်နိုင်စေရန်အတွက် စာပေပညာရှင်၊ ဝါသနာရှင် အသီးသီးက မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထုတ်ဖော်ရေးသားခဲ့ကြပါသည်။
အဆိုပါ ဆောင်းပါးများကို တစ်စုတစ်စည်းတည်း စုစည်း၍ “ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးများ” စာအုပ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁)ရက် နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ် ထုတ်ဝေမည်ဖြစ်ပါသည်။
ဤစာအုပ်တွင် ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် အရေးပါနေဆဲ၊ တန်ဖိုးထား တမ်းတ နေရဆဲဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းဖြစ်စဉ် ဖြစ်ရပ်များ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ် ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို ရေးသားဖော်ပြထားသည့် ဆောင်းပါးပေါင်း(၆၂)ပုဒ်ကို စုစည်းဖော်ပြ ထားပါသည်။
ယင်းစာအုပ်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း စာအုပ်ဆိုင်၊ အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးများနှင့် ထုတ်လုပ်ရေးဌာနခွဲ (၀၆၇−၃၄၁၂၃၇၁၊ ၀၁−၈၃၇၁၃၄၂၊ ၀၁−၈၂၀၁၉၃၆)များတွင် ဆက်သွယ် ဝယ်ယူနိုင်ပါသည်။