နေပြည်တော် ဒီဇင်ဘာ ၁
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် အောက်စ်ဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ D.Phil (Oxford, UK)နှင့် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော် အရှင်ဓမ္မသာမိ က အတိတ်အနာအဆာများကုစားရာတွင် ရန်ကုန် တက္ကသိုလ်၏ အရေးပါသော အခန်းကဏ္ဍ (Yangon University can Lead in the Nation’s Healing the Past) ခေါင်းစဉ်ဖြင့် သာဓု အနုမောဒနာတရား ဟောကြားချီးမြှင့် ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ် များကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက် တရားနာယူကြသည်။
ယင်းနောက် အောက်စ်ဖိုဒ့် ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ နှင့် ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)