နေပြည်တော် နိုဝင်ဘာ ၂၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ပါဝင်တက်ရောက်
အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ မဲခေါင်-လန်ချန်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းအမှုထမ်းမျာက Zoom Application အသုံးပြု၍ သက်ဆိုင်ရာဒေသအသီးသီးမှ ပါဝင်တက်ရောက် ကြပြီး အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။
စိုက်ပျိုးရေးဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပထမအသုတ် စီမံကိန်း ငါးခု၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဒုတိယအသုတ် စီမံကိန်း ငါးခုနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တတိယသုတ် စီမံကိန်း လေးခု ရရှိခဲ့ပြီး စုစုပေါင်း စီမံကိန်း ၁၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ စတုတ္ထအသုတ်တွင် နှစ်ရှည်သီးနှံဌာနခွဲက နှစ်ခု နှင့် ကော်ဖီရာသီဌာနခွဲက တစ်ခု စုစုပေါင်းစီမံကိန်းလုပ်ငန်း သုံးခု အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိထားကြောင်း၊ အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါများဖြစ်ပွားမှုကြောင့် နှောင့်နှေး ကြန့်ကြာမှုများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်း များ ညှိနှိုင်းဆွေးနွေးနိုင်ရန်နှင့် စီမံကိန်းကာလအတွင်း လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်